2021 ခုနှစ်ရဲ့ Korea မှာ ရေပန်းစားဆုံး ကိုရီးယား မင်းသားမင်းသမီးများ

Posted on

K-drama ကားတွေကြည့်ရရင် ထမင်းမေ့ဟင်းမေ့အထိ ဖြစ်သွားတာ ဖြစ်ဖူးကြတယ်မလား ပရိတ်သတ်ရေ။ ဇာတ်ဆောင်ကအစ ဇာတ်ပို့၊ ဇာတ်ရံအဆုံး သရုပ်ဆောင်တွေအားလုံးဟာ သူ့နေရာနဲ့သူ ကွက်တိကျနေတာ ကိုရီးယားကားတွေရဲ့ အားသာချက်ဖြစ်ပါတယ်။

ခု နှစ်တတစ်နှစ်ကုန်ဆုံးတော့မှာဆိုတော့ 2021 ခုနှစ်ရဲ့ Korea မှာ ရေပန်းစားဆုံး မင်းသား၊မင်းသမီး စာရင်းက ထွက်ရှိလာပါပြီ။ ဒီစာရင်းဟာ Gallup Korea က data ကောက်ခဲ့တာဖြစ်ပြီး ranked တွေလည်း သတ်မှတ်ပေးထားပါတယ်။

(20)Park Bo Gum (Record of Youth – 2020)

Nation’s Crown Prince ဆိုတဲ့အတိုင်းပါဘဲ။ Bo Gum လေးဟာ လူချစ်လူခင်များမှုကြောင့် ဒီစာရင်းထဲပါလာနိုင်ခဲ့ပါတယ်။

( 18)Kim Yoo Jung (Lovers of the Red Sky)

Nation’s Little sis “Kim Yoo jung” လေးကတော့ ဒီကားထဲမှာ အလှကြီးလှနေတာခဲ့တာပါ။ မျက်စိရှေ့တင် ကြီးပြင်းလာခဲ့တဲ့ ဒီကောင်မလေးဟာ ခုချိန်ထိ k netizen တွေရဲ့ ချစ်ခင်နှစ်သက်မှုကို ရနေဆဲ ဖြစ်ပါတယ်။

(18)Go Doo Shim (Only One Person)

(16)Park Seo Joon (Itaewon Class – 2020)

ဒီနှစ်ထဲမှာ သူ့ရဲ့ကားသစ်မထွက်ရှိသေးတာကြောင့် Itawon clasa ကားထဲက ကိုဂတုံးကို လူတွေမမေ့နိုင်သေးပါဘူး။

(16) Hyun Bin (Crash Landing on You – 2020)

ဗိုလ်ကြီးကားရဲ့ အောင်မြင်မှုက အရှိန်မသေသေးဘူး ထင်ပါတယ်။ လူတွေက Hyun Bin ကို တသသ ဖြစ်နေဆဲပါ။

(14) Kim Young Ok (Young Lady and Gentleman, Jirisan, Hometown Cha-Cha-Cha, Squid Game)

ဒီဟာမိုနီးကတော့ သူ ပါတဲ့ကားတိုင်း အသက်မရှင်တာကများတာမို့ အဘွားတော့ အသက်ရှည်ဖို့ ကျိန်းကျေနေလောက်ပါပြီနော်။

(14)Gong Yoo (The Silent Sea)

မှင်စာ အာဂျူးရှီးကတော့ ဇာတ်လမ်းသစ် မကြာခင်ထွက်တော့မှာမို့ အထူးရေပန်းစားနေပါတယ်။

(13) Cha Hwa Yeon (Young Lady and Gentleman, Now, We Are Breaking Up)

(12) Choi Myung Gil (Red Shoes)

(10) Song Joong Ki (Vincenzo)
မာဖီးယားဂိုဏ်းခေါင်းဆောင် အဖြစ်နဲ့ ခပ်မိုက်မိုက်အက်ရှင်ခန်းတွေကြောင့် အထူးအားပေးမှုရရှိခဲ့ပါတယ်။

(10)Youn Yuh Jung (Minari)

(9) Namgoong Min (The Veil)

(7)Jo Jung Suk (Hospital Playlist 2)

(7)Lee Hanui [Honey Lee] (One the Woman)
နာမည်ကြီးကားတွေနဲ့အပြိုင် ပြသခဲ့ရပေမဲ့ One The Woman ကားက Rating အများဆုံးဖြစ်ခဲ့တာဟာ မင်းသမီးက ဇာတ်ရှိန်ကို အပတ်တိုင်း ဆွဲခေါ်သွားလို့ ဖြစ်ပါတယ်။

(6)Kim So Yeon (Penthouse)

ဗီလိန် ချောင်းချောင်းရဲ့ သရုပ်ဆောင်ချက်တွေကတော့ ကြက်သီးထဖွယ်ကောင်းလွန်းလို့ လူတွေ အကုန်လက်ဖျားခါခဲ့ရပါတယ်။

(5) Song Hye Kyo (Now, We Are Breaking Up)

အကြာကြီး အနားယူပြီးမှ ပြန်ရိုက်တဲ့ drama ဖြစ်တာကြောင့် ပရိတ်သတ်တွေက တခဲနက်ပြန်အားပေးခဲ့ကြပါတယ်။

(4) Jun Ji Hyun (Kingdom, Jirisan)

သူမလည်း ထိပ်တန်းမင်းသမီးဖြစ်တာကြောင့် လူတွေ စိတ်ဝင်စားအားပေးမှုကို ရရှိတာ အဆန်းတော့မဟုတ်ပါဘူး။

(2)Lee Jung Jae (Squid Game)

Squid Game က တော့ korea မှာသာမက တကမ္ဘာလုံးမှာပါ အရမ်းအောင်မြင်ခဲ့တာပါ။

(2) Shin Min Ah (Hometown Cha-Cha-Cha)

စိတ်ရင်းကောင်းပေမဲ့ လက်ပေါက်ကပ်တဲ့ သွားဆရာဝန်မလေးအဖြစ် သူမဟာ ဒီဇာတ်ရုပ်ကို သေချာစွာသရုပ်ဆောင်နိုင်ခဲ့ပါတယ်။

(1) Kim Seon Ho (Hometown Cha-Cha-Cha)

ဒုတိယဇာတ်လိုက်မင်းသားအဖြစ် သရုပ်ဆောင်ထဲက ပရိတ်သတ်တွေရဲ့ ဂရုဏာကိုအများကြီးရခဲ့တဲ့ ပါးချိုင့်လေးဟာ ဒီကားနဲ့ ဇာတ်ဆောင်မင်းသားအဖြစ် ပွဲဦးထွက်တော့လည်း ပရိတ်သတ်တွေက ဝက်ဝက်ကွဲအားပေးခဲ့ကြပါတယ်။

Source: Koreaboo
Photo Credit: Koreaboo
Written: Violet