Vivo S series ရဲ့ ကုန်ပစ္စည်းအသစ်အတွက် spokesperson အဖြစ် ထပ်မံခန့်အပ်ခံခဲ့ရပြန်တဲ့ Lisa

Posted on

ယမန်​နေ့က တရုတ်မိုဘိုင်းလ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Vivo ဟာ သူတို့ရဲ့ ကုန်ပစ္စည်းအသစ် ထုတ်လုပ်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၂ ရက်​နေ့မှာ ​ကျင်းပပြုလုပ်သွားမယ်လို့ တရားဝင်​ကြေငြာလိုက်ပါတယ်။ အဲ့ဒီ ကုန်ပစ္စည်းက​တော့Vivo S series ရဲ့ အဆက်ဖြစ်တဲ့ Vivo S12 ပဲဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်​နေ့မှာ​တော့ Vivo က အဲ့ဒီ Vivo S12 series အတွက် spokesperson ​​တွေကို ထုတ်​ဖော်​ကြေငြာခဲ့ပြီး အဲ့ဒီထဲမှာ BLACKPINK အဖွဲ့ဝင် Lisa လည်း ပါဝင်လာခဲ့ပါတယ်။

Lisa ဟာ ၂၀၂၀ ခုနှစ် သြဂုတ်လ​လောက်တည်းက Vivo ရဲ့ spokesperson အဖြစ် စတင်ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး Vivo S7, S9, S10 စတဲ့ S series မိုဘိုင်းလ်ဖုန်း​တွေရဲ့ spokesperson အဖြစ်လည်း ​ဆောင်ရွက်ခဲ့ဖူးပါတယ်။ ယခုအခါမှာလည်း S12 series ရဲ့ spokesperson ဖြစ်လာပြန်တာ​ကြောင့် Lisa အ​နေနဲ့ Vivo ရဲ့ spokesperson အဖြစ် ​ဆောင်ရွက်တာ ၄ ကြိမ်​မြောက်ရှိပြီ ဖြစ်ပါတယ်။

ဒါ့အပြင် Lisa နဲ့အတူ GOT7 အဖွဲ့ဝင် Jackson, တရုတ်အဆို​တော် Cai Xu Kun, တရုတ်မင်းသား Liu Hao Ran တို့ကလည်း Vivo S12 ရဲ့ spokesperson အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ဒီ spokesperson ​တွေအားလုံးဟာ လူငယ်​တွေ အလွန်ကို ကြိုက်နှစ်သက်ကြတဲ့ အနုပညာရှင်​တွေဖြစ်တာ​ကြောင့် vivo S12 series ဟာလည်း လူငယ်​တွေအတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး လူငယ်​တွေကြားမှာ ​ရေပန်းစားလာလိမ့်မယ်လို့ ယူဆရပါတယ်။ ယခု vivo S12 series ရဲ့ ​ဆောင်ပုဒ်က​တော့ “စမှတ်မှာတင် အနိုင်ယူလိုက်ပါ” ဖြစ်ပါတယ်။

Source : Twitter
Photo : Twitter
Written : ZL