ဟတ်ကာ တွေကြောင့် ချစ်သူနဲ့ပုံတွေ ဖြန့်ခံရတဲ့ Red Velvet အဖွဲ့ဝင် Joy အပေါ် K Netizen တွေရဲ့ တုံ့ပြန်မှု

Posted on

Red Velvet အဖွဲ့ဝင် Joy နဲ့ အဆိုတော် Crush တို့ဟာ ချစ်သူဖြစ်နေတဲ့အကြောင်းကို August လမှာ အတည်ပြုသတင်းထွက်ခဲ့ပါတယ်။ Joy နဲ့ Crush တို့ဟာ “Single” ဆိုတဲ့ သီချင်းကို 2020 ခုနှစ် may လ မှာ အတူတူ ရေးသားကြရင်း ချစ်မိသွားကြတယ်လို့ ဆိုပါတယ်။

K netizen တွေ စိတ်ဆိုးလောက်ကြမယ် ထင်ပေမဲ့ ကံကောင်းတာက Joy ရဲ့ အချစ်ရေးကို congratulate ဝိုင်းလုပ်ပေးခဲ့ကြပါတယ်။Joy ဟာ ချစ်သူရသွားပြီဆိုပေမဲ့ အနေအထိုင်သိုသိပ်စွာနေပြီး အနုပညာလှုပ်ရှားမှုတွေကို red velvet အဖွဲ့နဲ့ အတူ လုပ်ကိုင်နေဆဲပါ။ ဒါပေမဲ့ December 15 ရက်နေ့ မနက်ခင်းမှာတော့ Joy နဲ့ Crush တို့ရဲ့ အတွဲပုံတွေ ပျံ့နှံ့လာခဲ့ပါတယ်။

selfie ပုံတစ်ခုနဲ့ စားသောက်ဆိုင်တစ်ခုမှာ နှစ်ယောက်သား heart sign လေး လုပ်နေတဲ့ ပုံ ဖြစ်ပါတယ်။ ဒီပုံတွေဟာ အကြောင်းအရင်းမရှိဘဲ ပျံ့နှံ့လာစရာ အကြောင်းမရှိတဲ့အတွက် ဇစ်မြစ်လိုက် လိုက်တဲ့အခါမှာတော့ Joy acc ဟာ ဟတ်ကာ တွေရဲ့ ဟတ် တာကို ခံရကြောင်း သိလိုက်ရပါတယ်။ K netizen တွေက ကရုဏာသက်သွားပြီး ခုလို မှတ်ချက်တွေ online မှာ တင်ခဲ့ကြပါတယ်။

“ဒီပုံတွေပျံ့တာ Joy ရဲ့ secret acc အခိုးခံလိုက်ရလို့ လို့ ငါကြားတယ်” “Joy အတွက် စိတ်မကောင်းဖြစ်လိုက်တာဟာ” “ဟတ်ကာ က တော်တော်ကြောက်ဖို့ကောင်းတာဘဲ” “Joy အများကြီး စိတ်ထိခိုက်နေမှာ သေချာတယ်” Joy တစ်ယောက် အဆင်ပြေပါစေလို့ မင်မင်လည်းဆုတောင်းပေးနေပါတယ်။

Source: Kbizcom
Photo credit: Kbizcom
Written: Violet