Junho ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို မထိဘဲ မနေနိုင်ဘူးဆိုတဲ့ Kim Woo Bin

Posted on

Kim WooBin, Lee Junho နဲ့ Kang HaNeul တို့ (၃) ယောက်ပေါင်း ပါဝင်ရိုက်ကူးထားတဲ့ Twenty ဇာတ်ကားလေးကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ ၂၀၁၅ တုန်းက ထွက်ခဲ့တာဖြစ်ပြီး လူငယ်ဟာသဇာတ်ကားဖြစ်တာကြောင့် တော်တော်များများကြိုက်ကြပါတယ်။ ထိုကားကို အတူတူရိုက်ကူးပြီးနောက် ရင်းနှီးသွားကြတဲ့ မင်းသား (၃) ယောက်ဟာ Running Man မှာ လာကစားဖူးသလို Cultwo Show မှာလည်း ပါဝင်ခဲ့ဖူးပါသေးတယ်။

အဆိုပါ Cultwo Show မှာပဲ Kim Woo Bin ဟာ 2PM’s Junho ရဲ့ ခန္ဓာကိုယ်ကို မထိဘဲမနေနိုင်ကြောင်း ဖောက်သည်ချဖူးပါတယ်။ Cultwo Show ကို လာရောက်စဉ်က MC ဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းထဲမှာ ဘယ်ဟာကို အကြိုက်ဆုံးလဲ? ဆိုပြီး Junho ကို မေးခဲ့ပါတယ်။ ဒါကိုတော့ Junho က “ကျွန်တော့်ရဲ့ တင်ပါးကတော့ တော်တော်လေးမိုက်ပါတယ်” ဆိုပြီး အဖြေပေးခဲ့ပါတယ်။

Junho ကို ထောက်ခံခဲ့သူကတော့ Kim Woo Bin ပါပဲ။ ဒီအကြောင်းကိုလည်းကြားကော ချက်ချင်းဆိုသလို “Junho ရဲ့ တင်ပါးက တကယ်ကို…တကယ်ကြီးကို.. Wow.. ကိုယ့်ကိုကိုယ်တောင် မထိန်းနိုင်ဘူး လက်နဲ့ သွားသွားကိုင်မိတာပဲ” ဆိုပြီး WooBin ရဲ့ ကိုယ်တွေ့ခံစားချက်ကို မျှဝေခဲ့ပါတော့တယ်။

Kim Woo Bin ပြောတာလည်းကြားကော Junho က ရီရင်းနဲ့ “Woo Bin က အမြဲတမ်း… ကျွန်တော့် တင်ပါးကို လာလာကိုင်တာ” ဆိုပြီး ပြောချလိုက်ရာ အားလုံး ပွဲကျပြီး ရီမောကုန်ပါတော့တယ်။ Twenty ဇာတ်ကား အတူရိုက်ကူးရင်း တအားရင်းနှီးသွား Kim Woo Bin နဲ့ Junho ကတော့ တကယ့်သူငယ်ချင်းအရင်းကြီးတွေလုပ်သလိုမျိုးကို ထိလိုက်ကိုင်လိုက်ပါပဲ။ The Red Sleeve ထဲက အရှင့်သားရဲ့ ဗိုက်ကြွက်သားတွေကို ကိုင်တာထက် WooBin ကတော့ ပိုပြီးအဆင့်မြင့်စွာနဲ့ တင်ပါးအထိ ကိုင်ဖူးတဲ့ သူပါပဲ။

Source: Koreaboo
Photos: Koreaboo
Translated by Ivy