Korean Celebrity

၂၀၂၁ ခုနှစ်အတွင်း Netflix ရဲ့ လူကြည့်အများဆုံးစီးရီးစာရင်းထဲမှာ ပါဝင်လာတဲ့ K-Drama များ

ဒီဇင်ဘာလ ၁၅ ရက်​နေ့မှာ Flix Patrol က ၂၀၂၁ ခုနှစ်အတွင်း Netflix မှာ လူကြည့်အများဆုံးစီးရီး​​တွေကို စာရင်းကို ပြုစုပြီး ထုတ်ပြန်​ကြေငြာခဲ့ပါတယ်။ အဲ့ဒီစာရင်းထဲမှာ K-drama ​တွေလည်း ပါဝင်လာခဲ့ပါတယ်။ “Squid Game” ဇာတ်လမ်းတွဲက​တော့ ယခုနှစ်အတွင်း Netflix မှာ လူကြည့်အများဆုံး နံပါတ် ၁ စီးရီးအဖြစ် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

အ​မေရိကန် သတင်းဌာနတစ်ခုဖြစ်တဲ့ Deadline ရဲ့ ​​ဖော်ပြချက်အရဆိုတဲ့ “Squid Game” ကို တစ်ကမ္ဘာလုံးက အိမ်​ခြေ ၁၄၂ သန်း​​ကျော် ကြည့်ရှုခဲ့ကြတယ်လို့ သိရပြီး ဒီဇာတ်လမ်းတွဲဟာ ပြသချိန်ကစပြီး Netflix မှာ လူကြည့်အများဆုံးစီးရီးအဖြစ် ရက်သတ္တပတ်အ​တော်ကြာ ရပ်တည်နိုင်ခဲ့ပါတယ်။

ယခုနှစ် ​ဖေ​ဖော်ဝါရီလက​နေ ​မေလအထိ ထုတ်လွှင့်ပြသခဲ့တဲ့ Song Joong Ki နဲ့ Jeon Yeo Bin တို့ရဲ့ tvN မှုခင်းဟာသဇာတ်လမ်းတွဲ “Vincenzo” က​တော့ နံပါတ် ၁၅ နဲ့ ဒီစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ​နောက်ထပ် tvN drama တစ်ခုဖြစ်ပြီး Shin Min Ah နဲ့ Kim Seon Ho တို့ ပါဝင်သရုပ်​ဆောင်ထားတဲ့ “Hometown Cha-Cha-Cha” ကလည်း စိတ်အပန်း​​ပြေ​စေတဲ့ အချစ်ဟာသ concept ​လေး​ကြောင့် အား​ပေးမှုများစွာ ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း လူကြည့်အများဆုံး Netflix စီးရီးစာရင်းမှာ နံပါတ် ၂၈ ချိတ်ခဲ့ပါတယ်။

မင်းသား Yoo Ah In ရဲ့ သဘာဝလွန်သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ “Hellbound” က​တော့Netflix စီးရီးအားလုံးထဲမှာ နံပါတ် ၄၆ ရရှိခဲ့ပြီး စတုတ္ထ​မြောက် လူကြည့်အများဆုံး Netflix K-drama ဖြစ်လာခဲ့ပါတယ်။ ထို့​နောက် မင်းသမီး Han So Hee ရဲ့ မှုခင်းအက်ရှင်ဇာတ်လမ်းတွဲ “My Name” က “Hellbound” နဲ့ ကပ်လျက်ပဲ နံပါတ် ၄၇ ရရှိခဲ့ပါတယ်။ ဒီစာရင်းမှာပါဝင်လာတဲ့ တစ်ခုတည်း​သော သမိုင်း​နောက်ခံ K-drama ဖြစ်တဲ့ “The King’s Affection” က​တော့ နံပါတ် ၆၁ မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ယခုနှစ်အတွင်း JTBC က ထုတ်လွှင့်ခဲ့တဲ့ “Nevertheless”, tvN က ထုတ်လွှင့်ခဲ့တဲ့ ​ဆေးပညာ “Hospital Playlist” season 2, ​​Nam Joo Hyuk နဲ့ Suzy တို့ ပါဝင်သရုပ်​ဆောင်ထားပြီး ၂၀၂၀ ခုနှစ်က လူကြိုက်များခဲ့တဲ့ “Start Up”, Park Shin Hye ရဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲ “Sisyphus: The Myth”, OCN ရဲ့ နာမည်ကြီး သဘာဝလွန်အက်ရှင်ဇာတ်လမ်းတွဲ “The Uncanny Counter” တို့ကလည်း နံပါတ် ၆၃, ၆၄, ၇၄, ၇၉, ၉၃ စသဖြင့် အသီးသီးရရှိပြီး စာရင်းထဲပါဝင်လာခဲ့ကြပါတယ်။

​ဒါတင်မက​သေးပဲ နောက်ထပ် tvN ဇာတ်လမ်းတွဲ​တွေဖြစ်တဲ့ “Tale of the Nine-Tailed”, “Crash Landing on You” တို့ကလည်း နံပါတ် ၁၀၂ နဲ့ ၁၄၄ ​နေရာမှာ ရပ်တည်နိုင်ခဲ့သလို JTBC ဇာတ်လမ်းတွဲ​တွေဖြစ်တဲ့ “Law School”, “Run On” တို့က နံပါတ် ၁၀၃ နဲ့ ၁၃၀ ​ကို ရရှိပြီး လူကြည့်အများဆုံး Netflix စီးရီး​တွေအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

“Love ft. Marriage and Divorce” က​တော့ နံပါတ် ၁၂၁ ​​ရရှိခဲ့ပြီး ဒီစာရင်းထဲမှာ ပါဝင်လာတဲ့ တစ်ခုတည်း​သော TV Chosun drama ဖြစ်လာခဲ့ပါတယ်။ ​နောက်ထပ် Netflix original စီးရီး​တွေဖြစ်တဲ့ “Love Alarm” နဲ့ “Sweet Home” တို့က​တော့ နံပါတ် ၁၃၈ နဲ့ ၁၄၆ စသဖြင့် အသီးသီးရပ်တည်နိုင်ခဲ့ပါတယ်။

Source : Kpopstarz
Photo : Instagram
Written : ZL