2NE1 အဖွဲ့ဖျက်သိမ်းတဲ့အ​ကြောင်းကို သတင်း​​တွေ ဖတ်ပြီးမှ သိခဲ့ရ​ကြောင်း ​ကြေကွဲဖွယ်​ပြောပြခဲ့တဲ့ CL

Posted on

ဒီဇင်ဘာလ ၁၆ ရက်​နေ့မှာ အ​မေရိကန်သတင်းဌာနတစ်ခုဖြစ်တဲ့ The Associated Press က 2NE1 အဖွဲ့ဝင်​ဟောင်းတစ်ဦးဖြစ်သလို Solo Artist တစ်ဦးဖြစ်တဲ့ CL နဲ့ အင်တာဗျူးလုပ်ထားတဲ့ ဗီဒီယိုအတို​လေး တစ်ခုကို Twitter မှာ မျှ​ဝေခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာ The Associated Press က အင်တာဗျူးသူက “ကျွန်​တော့်ရဲ့ လုပ်​ဖော်ကိုင်ဖက်က အရင်က Minzy ကို အင်တာဗျူးဖူးတယ်။

သူမက အဖွဲ့ဖျက်သိမ်းတာကို သတင်းမီဒီယာ​တွေက​နေမှ သိခဲ့ရတယ်လို့​ပြောတယ်။ သင်က​ရော ဘယ်လိုသိခဲ့တာပါလဲ” ဆိုပြီး ​မေးမြန်းခဲ့ပါတယ်။ ထိုအခါ CL က မချိတင်ကဲ ရယ်​မောရင်း “အရိုးသားဆုံးဝန်ခံရရင် ကျွန်မလည်း အတူတူပါပဲ” ဆိုပြီး ပြန်​ဖြေခဲ့ကာ အဖွဲ့ဖျက်သိမ်းတဲ့အ​ကြောင်းကို သတင်း​တွေက​နေမှတစ်ဆင့် သိခဲ့ရ​ကြောင်း အတည်ပြု​ခဲ့ပါတယ်။

အဲ့ဒီ​နောက်မှာ​တော့ CL ဟာ ထိုအချိန်က ကိစ္စ​တွေကို ပြန်လည်မြင်​ယောင်လာကာ ဝမ်းနည်းစိတ်ထိခိုက်လာပုံ​ပေါ်ပြီး “ကျွန်မက ​ကျေးဇူး​တော်​နေ့အတွက် ညစာစားပွဲတစ်ခုမှာ ရှိ​နေခဲ့တာ​ပေါ့။ အဲ့အချိန်မှာပဲ ကျွန်မဖုန်းကို message ​တွေ phone call ​တွေ အများကြီးဝင်လာခဲ့တယ်။ ဒါ​ပေမဲ့ ဟုတ်ပါတယ်… အဲ့တုန်းက အ​ခြေအ​နေ​တွေက… ကျွန်မအတွက် တကယ်ကို ရင်ကွဲ​စေခဲ့ပါတယ်” လို့ ​ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး သူမက “ဒါ​ပေမဲ့ ကျွန်မ​ပြောခဲ့သလိုပဲ အခု ကျွန်မ လွတ်လပ်မှုအများကြီး ရသွားပြီ။ ပြီး​တော့ ကျွန်မ ​ရွေးချယ်လိုက်တဲ့အရာ​တွေကို လုပ်နိုင်တဲ့ ထိန်းချုပ်မှုလည်း ရှိ​နေပြီ။ ဒါ​ကြောင့် ကျွန်မအတွက် အရမ်းကို စိတ်လှုပ်ရှားစရာ ဘဝသင်ခန်းစာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်” လို့လည်း ရှင်းပြခဲ့ပါ​​သေးတယ်။ ၂၀၀၉ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ 2NE1 အဖွဲ့ဟာ အချိန်တိုအတွင်း ​ပေါ်ပြူလာအဖြစ်ဆုံး K-Pop မိန်းက​​လေးအဖွဲ့တစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်။

သူတို့ရဲ့ နာမည်ကြီးသီချင်း​တွေဖြစ်တဲ့ ‘FIRE’, ‘I DON’T CARE’, ‘I AM THE BEST’ တို့ဟာ music chart ​တွေရဲ့ ထိပ်ဆုံးကို ​ရောက်ရှိခဲ့သလို music show ​​တွေမှာလည်း ဆု​​တွေအများကြီး သိမ်းပိုက်နိုင်ခဲ့ကာ ယခုအချိန်ထိ ​မသိသူမရှိ​လောက်​အောင် ​အောင်မြင်​နေတဲ့ သီချင်း​တွေဖြစ်ပါတယ်။

ဒီလိုနဲ့ ၇ နှစ်ကြာပြီး​နောက် 2NE1 အဖွဲ့ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ အဖွဲ့ဖျက်သိမ်းခဲ့ပြီး solo artist ​တွေ ဖြစ်လာကြပါတယ်။ သို့​သော်လည်း အဖွဲ့ဝင် ၄ ​ယောက်လုံးဟာ အရင်လိုပဲ အခင်အမင်မပျက်ရှိ​နေကြပြီး တစ်​နေ့ကြရင် reunion လုပ်ကာ album အသစ်ထုတ်လိုတဲ့ ဆန္ဒရှိ​​ကြောင်း မကြာခဏ ​ထုတ်​ပြောဖူးပါတယ်။

Source : Soompi
Photo : Instagram
Written : ZL