Jisoo မှလွဲ၍ သင့်တော်တဲ့မင်းသမီးမရှိလို့ ဆိုခဲ့တဲ့ “Snow Drop” Drama ကားရဲ့ ဒါရိုက်တာ

Posted on

BLACKPINK အဖွဲ့ဝင် Jisoo လေးရဲ့ ပွဲဦးထွက် Drama “Snow Drop” ဟာ December 18 ရက်နေ့ကစပြီး အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း ပြသတော့မှာပါ။ ဇာတ်ကားအကြိုမိတ်ဆက် ပွဲလေးကို December 16 ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ထိုပွဲကို မင်းသား Jung Hae In နဲ့ Jisoo ဟာ အနက်ရောင်ဝတ်စုံလေး ဆင်တူဝတ်ပြီး လက်ချင်းချိတ်ကာ တက်ရောက်ခဲ့ပါတယ်။

မိတ်ဆက်ပွဲမှာ ဇာတ်ကားနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေ တော်တော်များများ ပြောဖြစ်ခဲ့ကြပြီး ထိုထဲက တချို့ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ Jisoo နဲ့ပက်သက်ပြီး မင်းသားပြောခဲ့တာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

❝ JISOO နဲ့ အတူတူ သရုပ်ဆောင်ရမယ်ဆိုတော့ ကျွန်တော် တကယ်ကို အံ့သြသွားခဲ့တယ်။ဒါရိုက်တာလိုချင်တဲ့အနေအထားကို နားလည်ပြီး ဒါရိုက်တာပြောသမျှကို အပိုအလိုမရှိ ကွက်တိ အကောင်အထည်ဖော်ဖို့ဆိုတာ လူတစ်ယောက်အတွက်တော့ တကယ်ကို မလွယ်ကူတာပါ။ဒါပေမယ့် JISOO ကတော့ ချွင်းချက်ပေါ့ သူမက ဒါရိုက်တာလိုချင်တဲ့ပုံစံအတိုင်း လုပ်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ပါ။ ❞

ဇာတ်ကားရိုက်ကူးပေးတဲ့ ဒါရိုက်တာကတော့ Jisoo နဲ့ ပက်သက်ပြီး ခုလိုပြောခဲ့ပါတယ်။ “မိန်းကလေး ကာရိုက်တာဖြစ်တဲ့ YoungRo ဟာ ဘယ်လိုပုံစံမျိုးဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမဲ့ သရုပ်ဆောင်ရမဲ့ သူက charming ဖြစ်ဖို့လိုတယ်ဆိုတာတော့ ကျွန်တော်သိတယ်။ လူရွေးပွဲမှာ လူတွေအများကြီးရှိပေမဲ့ Jisoo ကို စစတွေ့လိုက်ချင်းမှာဘဲ “YoungRo” ဟာ Jisoo လို့ တန်းခံစားမိတယ်။ ဒါကြောင့် “မင်းတစ်ယောက်တည်းသာ ဒါကိုလုပ်နိုင်တယ်” ဆိုပြီး သူမကို ကမ်းလှမ်းဖြစ်ခဲ့ပါတယ်”

Jisoo လေးကတော့ “Drama ကောင်းတစ်ခုကောင်းကောင်းမွန်မွန်ထွက်လာဖို့ဆိုတာ ထုတ်လုပ်ရေးပိုင်း ၊ နောက်ခံသီချင်းပိုင်း ကောင်းရုံသာမက staff တွေအားလုံးရဲ့ ဝိုင်းဝန်းကူညီဖို့ လိုပါတယ်။ အားလုံးက တက်ညီလုပ်ခဲ့ကြတာမို့ ကျေးဇူးပြု၍ Snow drop drama ကို သေချာကြည့်ရှုပေးကြပါလို့ ပရိတ်သတ်ကြီးကို တောင်းဆိုပါတယ်။ ဒီတစ်ပတ်စနေ့နေ့ 10:30 မှာ အပိုင်း(၁) စပြမှာပါ။ Hwaiting!” လို့ ပြောပြီး အဆုံးသတ်ခဲ့ပါတယ်။

Source: Twitter
Photo Credit: JTBC
Written: Violet