Korean Celebrity

သဘာဝဆန်တဲ့ နှုတ်ခမ်း​မွှေး​ရေး​ရေး​လေးနဲ့လည်း တစ်မျိုးတစ်ဖုံ ဆွဲ​ဆောင်မှုရှိပြီး ​ချော​နေပြန်တဲ့ V

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်​နေ့တုန်းက BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ V ဟာ RM တင်ထားတဲ့ Instagram Post အောက်မှာ “ငါ့ရဲ့ နှုတ်ခမ်း​မွှေး​တွေ အ​တော်​လေး ရှည်လာပြီ။ ပြလိုက်ရင် ​တော်​တော်အံ့အားသင့်သွားကြမယ် ထင်တယ်​နော်” ဆိုပြီး မှတ်ချက်ဝင်​ရေးခဲ့ပါတယ်။

အဲ့လို V ရဲ့ မှတ်ချက်ကို​တွေ့ပြီးတဲ့​နောက်မှာ​တော့ J-Hope က “(ပြချင်တဲ့စိတ်ကို) သည်းခံရမှာ​ပေါ့” ဆိုပြီး တုံ့ပြန်ခဲ့ကာ V ကို သူ့ရဲ့ နှုတ်ခမ်း​မွှေး မရိတ်ရ​သေးတဲ့ မျက်နှာကို ARMY ​တွေထံ ထုတ်​ဖော်ခြင်းမပြု​အောင် တားမြစ်ခဲ့ပါတယ်။ ဒါ​ပေမဲ့လည်း V ဟာ ARMY ​တွေကို ပြသချင်တဲ့စိတ်ကို သည်းမခံနိုင်​တော့ပဲ ဒီဇင်ဘာလ ၁၆ ရက်​နေ့ ကိုရီးယားစံ​တော်ချိန် မနက် ၃ နာရီ​လောက်မှာ Instagram Story က​နေတဆင့် သူ့ရဲ့ နှုတ်ခမ်း​မွှေးနဲ့ မျက်နှာကို ထုတ်​ဖော်ပြသခဲ့ပါ​တော့တယ်။

အဲ့ဒီဗီဒီယိုထဲမှာ V ဟာ ကင်မရာကို ခပ်တည်တည် စိုက်ကြည့်​နေပြီး အစက​တော့ နှုတ်ခမ်းနားတစ်ဝိုက်ကို လက်နဲ့ဖုံးအုပ်ထား​ပေမဲ့ ​သူ့ရဲ့ လက်​က ​ရှေ့ဆံပင်လေးတွေကို သပ်တင်လိုက်တဲ့အချိန်မှာ​တော့ V ရဲ့ မျက်နှာကို ရှင်းလင်းစွာ မြင်​တွေ့ခဲ့ရပါတယ်။ ​V က ဗီဒီယိုထဲမှာ Nat King Cole ရဲ့ You Call It Madness (But I Call It Love) ဆိုတဲ့ သီချင်းကို ​နောက်ခံသီချင်းအဖြစ်လည်း ထည့်သွင်းထားပါတယ်။

အဲ့ဒီမှာ V ဟာ မိတ်ကပ်မပါပဲ နှုတ်ခမ်း​မွှေး​ရေး​ရေး​လေးနဲ့ တစ်မျိုးတစ်ဖုံ ဆွဲ​ဆောင်မှုရှိ​နေပြန်ပါတယ်။ သူဟာ မိတ်ကပ်မလိမ်းထားသလို အရင်မြင်​နေကြ ပုံစံနဲ့ မတူပဲနှုတ်ခမ်း​မွှေး​​​လည်း ​ရှိ​နေ​ပေမဲ့ သူ့ရဲ့ ​ချော​မောမှုက​တော့ ​ပြောင်းလဲမသွားသလို ယောကျ်ားပီသတဲ့ ပုံရိပ်ကို ​ပိုပေါ်လွင်​စေခဲ့ပါတယ်။ ဒါ့အပြင် ဒီလို သဘာဝဆန်တဲ့ပုံစံ​​ကို ARMY ​တွေက ပိုပြီး​​​တော့တောင် သ​ဘောကျခဲ့ကြပါ​သေးတယ်။

V ဟာ ဒီဇင်ဘာလ ၉ ရက်​နေ့က အ​မေရိကန်နိုင်ငံက​နေကိုရီးယားကို ပြန်လည်​ရောက်ရှိလာပြီး​နောက် ၁၀ ရက်တာ quarantine ဝင်​နေရတာဖြစ်ပါတယ်။ Quarantine ဝင်ပြီးနောက်မှာလည်း BTS အဖွဲ့ဝင်​တွေဟာ အားလပ်ရက်ရှည်ယူထားတာ​ကြောင့် ​ရှေ့​လျှေုာက် V ဟာလည်း သူ့ရဲ့ ကိုယ်ပိုင်အချိန်​တွေကို ဘယ်လိုအပန်း​ဖြေရင်း ကုန်ဆုံးမလဲ၊ V ရဲ့ ဘယ်လိုအသစ်အဆန်းပုံရိပ်​တွေကို မြင်​တွေ့ရဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Source : Kbizoom
Photo : Twitter, Instagram
Written : ZL