Korean Celebrity

ဘာ Activities မှ မရှိပေမဲ့ China နှစ်ကုန်ဆုပေးပွဲမှာ ဆုတွေအများကြီးသိမ်းပိုက်ခဲ့တဲ့ EXO အဖွဲ့နဲ့ Baekhyun

EXO အဖွဲ့ဝင်တွေတချို့ဟာ စစ်မှုထမ်းနေကြပြီး တချို့ကတော့ solo လှုပ်ရှားမှုတွေနဲ့ အလုပ်ရှုပ်နေကြပါတယ်။ ဒါကြောင့် EXO အဖွဲ့လိုက် promotion ဆင်းတာမျိုး ဒီနှစ်မှာ လုံးဝမရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း ပရိတ်သတ်ကြီးရေ… ချိုင်းနားရဲ့ နှစ်ကုန်ဆုပေးပွဲကြီးမှာ ၄ ဆုလောက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Baekhyun က လည်း ဆု nomination 3 ခု ဝင်ခဲ့ပြီး ထိုထဲကမှ တစ်ဆုရခဲ့ပါတယ်။ EXO အဖွဲ့လိုက် ရရှိတဲ့ ဆုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(1) Best Selling Group Album (Don’t Fight The Feeling)

(2)Best Selling Male Group Albums (Don’t Fight The Feeling)

(3) Best Selling Kpop Album (Don’t Fight The Feeling)

(4) Best Selling Kpop Artist

EXO အဖွဲ့ဟာ “Don’t Fighting The Feeling” album နဲ့ 2021 ခုနှစ် June လ ၇ ရက် နေ့မှာ comeback ခဲ့တာဖြစ်ပြီး Chanyeol, Baekhyun, Xiumin, D.O. , Kai , Sehun , Lay တို့သာ ပါဝင်သီဆိုထားပါတယ်။ ထို album ဟာ China မှာ အချပ်ရေ 493,000 လောက် ရောင်းထွက်ခဲ့တာကြောင့် ခုလို ဆုတွေ တသီတသန်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Baekhyun ကတော့ သူ့ရဲ့ တတိယမြောက် Solo album “Bambi” နဲ့ “The Best Selling Male Kpop Solo Album” ဆုရရှိခဲ့ပါတယ်။ album အချပ်ရေပေါင်း 246,000 လောက် China က ပရိတ်သတ်တွေက ဝယ်ယူခဲ့ကြလို့ ဖြစ်ပါတယ်။

SM Entertainment ဟာ EXO အဖွဲ့ကို တရုတ်ဘက်မှာ ပိုမိုထွန်းတောက်နိုင်ရန်အတွက် debut ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် EXO အဖွဲ့ဟာ အနုပညာသက်တမ်း ၁၀ နှစ်ကျော်လာသည့်တိုင် China ဘက်မှာဆို ခုချိန်ထိ ပိုအောင်မြင်နေဆဲ ဖြစ်ပါတယ်။

Source: Twitter
Photo Credit: Twitter
Written: Violet