SM Gas
SM Gas

ဖျက်ချခံလိုက်ရတဲ့ Baekhyun ရဲ့ vlog လေးတွေကို ပြန်တင်ပေးနေတဲ့ SM

Posted on

EXO အဖွဲ့ဝင် Baekhyun ရဲ့ ကိုယ်ပိုင် YouTube Channel မှာတင်ထားတဲ့ vlog တချို့ဟာ လွန်ခဲ့တဲ့လလောက်က SM ရဲ့ ဖျက်ချခြင်းကို ခံခဲ့ရပါတယ်။ အကြောင်းကတော့ Baekhyun ဟာ စစ်မှုထမ်းနေတာဖြစ်တဲ့အတွက် ခုလိုအချိန်မှာ YouTube ကနေတဆင့် ပိုက်ဆံတွေဝင်နေရင် နားလည်မှုလွဲတာတွေ ဖြစ်လာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဖြုတ်ချလိုက်တာ ဖြစ်ပါတယ်။

Baekhyun အလွမ်းပြေ ထို video တွေကို ကြည့်ရှုနေတဲ့ ပရိတ်သတ်တွေအဖို့တော့ ဒီကိစ္စဟာ ဒေါသူပုန်ထစရာ စိတ်ထိခိုက်ဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ December 17 ရက်နေ့မှာတော့ SM က ပရိတ်သတ်တွေအတွက် ခုလို စာထုတ်ရင်း ပြန်စီစဉ်ပေးခဲ့ပါတယ်။ “SM entertainmentဖြစ်ပါတယ်။ Baekhyun စစ်မှုမထမ်းခင်မှာ ရိုက်ကူးထားတဲ့ အကြောင်းအရာတွေကို EXO channelမှာ ဆက်လက်တင်သွားမှာ ဖြစ်ပါတယ်။

“မင်္ဂလာပါ အဖိုးတန်တဲ့စာအုပ်ကိုဖတ်နေတဲ့Kyoong” ဆိုတဲ့ ဗီဒီယိုနဲ့ အစပျိုး ပြန်တင်ပြီး နောက်လည်း တစ်လတစ်ကြိမ် တင်ပေးသွားမှာပါ။ Baekhyun ရဲ့ Kyoongtube channel မှာ အရင်တင်ထားဖူးတဲ့ video တွေကိုလည်း ပြန် Upload တင်ပြီးပါပြီ။ ဒါကြောင့် အချစ်တွေနဲ့ ပြန်လည်ကြည့်ရှူအားပေးကြဖို့ ပရိတ်သတ်ကြီးကို တောင်းဆိုပါတယ်”

Baekhyun fan လေးတွေ ပျော်နေကြလောက်ပြီပေါ့နော်။ ဒီကိစ္စကို Baekhyun က သေချာပြန်စီစဉ်ခိုင်းတာလို့ဘဲ မင်မင်ကထင်ပါတယ်။ Fan တွေကို အရမ်းချစ်ပေး တွေးပေးတဲ့ idol တွေထဲမှာ Baekhyun အပြင် နောက်တစ်ယောက် ရှိမယ်မထင်ပါဘူး။

Source: EXO official website
Photo Credit: EXO official website
Written: Violet