ယခုနှစ်အတွင်း Google ရဲ့ ရှာ​ဖွေခံရမှုအများဆုံး အာရှလူမျိုးအ​ယောက် ၁၀၀ စာရင်းမှာ ပါဝင်လာတဲ့ K-Pop Idol များ

Posted on

ဒီဇင်ဘာလ ၁၅ ရက်​နေ့တုန်းက Google က​နေ ၂၀၂၁ ခုနှစ်အတွင်း ရှာ​ဖွေခံရမှုအများဆုံး အာရှလူမျိုးအ​ယောက် ၁၀၀ စာရင်းကို ထုတ်ပြန်​​ကြေငြာခဲ့ပါတယ်​။ ဒီစာရင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်​နေ့က​နေ ဒီဇင်ဘာလ ၁၄ ရက်​နေ့အထိ Google မှာ ရှာ​ဖွေခဲ့တဲ့ အချက်အလက်​တွေ​ပေါ်မူတည်ပြီး အဆင့်သတ်မှတ်ထားတာဖြစ်ပါတယ်။

အဲ့ဒီစာရင်းမှာဆိုရင် ပရိသတ်အချစ်​တော် K-Pop Idol ​တွေလည်း အများအပြားပါဝင်လာတာကို ​တွေ့ရှိရပါတယ်။၂၀၂၁ ခုနှစ်အတွင်း ရှာ​ဖွေခံရမှုအများဆုံး အာရှလူမျိုးအ​ယောက် ၁၀၀ စာရင်းမှာ ပထမ​နေရာကို ရရှိခဲ့တာက​တော့ အားလုံးခန့်မှန်းထားတဲ့အတိုင်း BTS အဖွဲ့ဝင် V ပဲဖြစ်ပါတယ်။

သူဟာ ဒီ platform မှာ ၂၀၂၁ ခုနှစ်အတွင်း ရှာ​ဖွေခံရမှုအများဆုံး နံပါတ် ၁ K-Pop Idol လည်းဖြစ်​ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက BTS အဖွဲ့ဟာ 2021 American Music Awards ကို တက်​ရောက်ခဲ့ပြီး​နောက် V ဟာလည်း “guy in red bandana” ဆိုပြီး နာမည်ကြီးသွားခဲ့ပြန်ပါတယ်။

ဆု​ပေးပွဲပြီးတဲ့​နောက်မှာ V နဲ့ မရင်းနှီး​သေးတဲ့ ကြည့်ရှုသူ​တွေဟာ “guy in red bandana” ဆိုပြီး V ကို Google မှာရှာ​ဖွေကြပါ​တော့တယ်။ တစ်ချိန်တည်းမှာပဲ ထိုစကားစုနဲ့ ဆက်စပ်တဲ့ “the guy on the right of Ariana” ဆိုတဲ့စကားစုကလည်း Google search bar မှာ “the guy” လို့ ရိုက်ထည့်လိုက်ရင်ကို တန်း​ပေါ်လာတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီစာရင်းရဲ့ ဒုတိယ​နေရာကို သိမ်းပိုက်ခဲ့တာက​တော့ ​နောက်ထပ် BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jungkook ပါပဲ။ Jungkook ဟာ ယခုနှစ်အတွက် Google မှာ ရှာ​ဖွေခံရဆုံး ဒုတိယ​​မြောက် K-Pop Idol အဖြစ်လည်း ယခင်က ​ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ပါတယ်။

Google မှာ “​ပေါ်ပြူလာအဖြစ်ဆုံး K-Pop Idol” လို့ ရိုက်ထည့်လိုက်ရင်ကိုပဲ Jungkook ​ပေါ်လာတဲ့အထိ သူဟာ နာမည်ကြီးတဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ​ကြောင့်လည်း သူဟာ “Worldwide It Boy” ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားတာပါ။ ယခုနှစ်အတွက် Google မှာ ရှာ​ဖွေခံရမှုအများဆုံး အာရှလူမျိုးအ​ယောက် ၁၀၀ စာရင်းရဲ့ Top 5 ထဲမှာ ပါဝင်လာတဲ့ ​နောက်ထပ် ကမ္ဘာ​ကျော် Idol ၂ ဦးက​တော့ BTS အဖွဲ့ဝင် Jimin နဲ့ BLACKPINK အဖွဲ့ဝင် Lisa တို့ဖြစ်ပါတယ်။

သူတို့ဟာ နံပါတ် ၄ ​နေရာနဲ့ ၅ ​နေရာမှာ အသီးသီးရပ်တည်နိုင်ခဲ့ကြတာပါ။ ဒါ့အပြင် Lisa ဟာ Top 5 မှာ ပါဝင်လာတဲ့ တစ်ဦးတည်း​သော အမျိုးသမီး K-Pop Idol လည်း ဖြစ်ပါတယ်။  Jimin က​တော့ ယခုနှစ် သြဂုတ်လအထိ Google ရဲ့ “news” နဲ့ “celebrity and entertainment” ကဏ္ဍ​တွေမှာ ရှာ​ဖွေမှုအခံရဆုံး BTS အဖွဲ့ဝင်ဖြစ်ပါတယ်။

ဒီ​ဒေတာ​တွေကို “Jimin” နဲ့ “Park Jimin” ဆိုတဲ့ search term ၂ ခု ခွဲခြားပြီး ​လေ့လာစိစစ်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Jimin ဟာ အ​ပေါ်မှာ ​ပြောခဲ့တဲ့ ကဏ္ဍ ၂ ခုအတွက် လွန်ခဲ့တဲ့ ၅ နှစ်ဆက်တိုက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရှာ​ဖွေခံရမှုအများဆုံး BTS အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

တစ်ဖက်မှာ​တော့ BLACKPINK အဖွဲ့ဝင် Lisa ဟာ Worldwide Google Trends ပျမ်းမျှညွှန်းကိန်းစုစု​ပေါင်း ၃၉ ကို ရရှိပြီး ယခုနှစ်ရဲ့ ပထမ ၃ လအတွင်း Google မှာ ရှာ​ဖွေခံရမှုအများဆုံး အမျိုးသမီး K-Pop Idol ဖြစ်ခဲ့ပါတယ်။

Google ရဲ့ ရှာ​ဖွေခံရမှုအများဆုံး အာရှလူမျိုးအ​ယောက် ၁၀၀ စာရင်းမှာ ပါဝင်လာတဲ့ အခြား​သော K-Pop Idol ​တွေက​တော့ ​အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • (12) BTS အဖွဲ့ဝင် Suga
    (13) BLACKPINK အဖွဲ့ဝင် Jennie
    (14) IU
    (15) BTS အဖွဲ့ဝင် Jin
    (16) BLACKPINK အဖွဲ့ဝင် Rosé

  • (23) BTS အဖွဲ့ဝင် RM
    (29) BLACKPINK အဖွဲ့ဝင် Jisoo
    (31) BTS အဖွဲ့ဝင် J-Hope
    (36) ASTRO အဖွဲ့ဝင် Cha Eunwoo
    (66) Stray Kids အဖွဲ့ဝင် Hyunjin

  • (73) BIGBANG အဖွဲ့ဝင် G-Dragon
    (74) EXO အဖွဲ့ဝင် Kai
    (79) MOMOLAND အဖွဲ့ဝင် Nancy
    (83) NCT အဖွဲ့ဝင် Lucas
    (92) Bae Suzy

Source : Kpopstarz
Photo : Instagram
Written : ZL