China Year End 2021

China Year End 2021 နှစ်ကုန်ဆု​​ပေးပွဲမှာ ဆု​တွေကို ကိုယ်စီသိမ်းပိုက်ရရှိခဲ့ကြတဲ့ K-Pop အနုပညာရှင်များ

Posted on

၂၀၂၁ ခုနှစ် ကုန်ဆုံးဖို့ ရက်ပိုင်းပဲလို​တော့တာနဲ့အမျှ ကမ္ဘာအနှံ့မှာ ဆု​ပေးပွဲ​တွေကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလျက်ရှိပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်​​​နေ့မှာ​တော့ ၂၀၂၁ ခုနှစ် ချိုင်းနား နှစ်ကုန်ဆု​ပေးပွဲကလည်း ဆုရရှိသူ​တွေကို ထုတ်ပြန်​ကြေငြာလိုက်ပြီဖြစ်ပါတယ်။ ဒီဆု​ပေးပွဲဟာ ချိုင်းနားရဲ့ အဓိက ဂီတ platform ​၅ ခုက စုစည်းပြုလုပ်တာဖြစ်​ပေမဲ့ တကယ်တမ်းမှာ​တော့ လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ ဆု​ပေးပွဲ​ရော၊ ဆု​ရောမရှိပါဘူး။

သူတို့ဟာ ဆုရရှိသူ​တွေကို ချိုင်းနား ဂီတ platform ​တွေက ​ရောင်းအား​ပေါ်မှာပဲ မူတည်ပြီး ​ရွေးချယ်တာဖြစ်ပြီး China Music Data က ဆုရရှိသူ​တွေကို Twitter မှာ ​ထုတ်ပြန်​​ကြေငြာ​ပေးတာဖြစ်ပါတယ်။ ထိုဆု​ပေးပွဲမှာ Taylor Swift, Justin Biber, Cai Xukun, Zhang Zhehan တို့နဲ့အတူ K-Pop Idol ​တွေကလည်း ဆုအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အရင်ဆုံး အမျိုးသမီး တစ်ကိုယ်​တော်အဆိုရှင်ဖြစ်တဲ့ IU က ‘Lilac’ album နဲ့ ၂၀၂၁ ခုနှစ်အတွင်း ချိုင်းနားမှာ digital sales 370K အထိရရှိခဲ့တဲ့အတွက် Best Selling K-pop Solo Album ဆုနဲ့ Best Selling Female K-pop Album ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Red Velvet အဖွဲ့က​တော့ ‘Queendom’ album က 158K digital sales ကို ရရှိခဲ့တာ​ကြောင့် Best Selling Female Group (Albums) နဲ့ Best Selling Female Group Album ဆုတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

EXO အဖွဲ့ဝင် Baekhyun က​တော့ ဒီဆု​ပေးပွဲမှာ ဆုရရှိတဲ့ တစ်ဦးတည်း​သော K-Pop အမျိုးသား solo artist ဖြစ်ပါတယ်။ သူ့ရဲ့ ‘Bambi’ ဟာ digital sales အ​ရေအတွက် 246K အထိ ​ရောက်ရှိခဲ့တာ​ကြောင့် Best Selling Male K-pop Solo Album ဆုကို ရရှိခဲ့တာပါ။

Baekhyun ဟာ တစ်ဦးတည်းသာမက အဖွဲ့လိုက်လည်း ဆုရရှိခဲ့ပါ​သေးတယ်။ EXO အဖွဲ့ဟာ ‘Don’t Fight The Feeling’ album နဲ့ digital sales 493K ကို ရရှိခဲ့ပြီး Best Selling K-pop Artist (Albums),
Best Selling Male Group (Albums), Best Selling Kpop Album နဲ့ Best Selling Group Album ဆုတို့ကို ရရှိခဲ့ပါတယ်။

BTS အဖွဲ့အ​နေနဲ့က​တော့ ဒီချိုင်းနားနှစ်ကုန်ဆု​ပေးပွဲမှာ ‘Butter’ သီချင်းနဲ့ Best Selling Group Single (453K digital sales), Best Selling Male Group – Singles (842K digital sales), Best Selling Male International Single, Best Selling Remix, Best Selling Male K-pop Single, Best Selling Collaboration (BTS × Megan Thee Stallion) နဲ့ Best Selling Female Western Single – ‘Butter’ remix ft Megan Thee Stallion စတဲ့ ဆု ၇ ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

​ဆုရရှိခဲ့တဲ့ နောက်ထပ် ​ယောကျ်ား​လေး K-Pop ​ယောကျ်ား​လေးအဖွဲ့က​တော့ TXT ဖြစ်ပြီး ဒီဆု​ပေးပွဲမှာ ဆုရရှိတဲ့ တစ်ဦးတည်း​သော K-Pop စတုတ္ထမျိုးဆက်အဖွဲ့ဖြစ်ပါတယ်။ သူတို့ဟာ ‘0X1= LOVESONG’ (ft pH-1, Woodie Gochild, Seori) သီချင်းနဲ့ Best Selling Korean Collaboration ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Blackpink အဖွဲ့ဝင် Rosé က​တော့ သူမရဲ့ ပွဲဦးထွက် album ‘R’ နဲ့ ဆု ၃ ဆုကို ရရှိခဲ့ပါတယ်။ ‘R’ album ဟာ digital sales 1.724 သန်းကို​တောင် ​ရောက်ရှိခဲ့တဲ့အတွက် Best Selling K-pop Single 2021, Best Selling K-pop Artist (Single) နဲ့ Best Selling International Single 2021 ဆုတို့ကို ထိုက်တန်စွာ ရရှိခဲ့တာဖြစ်ပါတယ်။

​နောက်ထပ် BLACKPINK အဖွဲ့ဝင်ဖြစ်တဲ့ Lisa ကလည်း သူမရဲ့ ပွဲဦးထွက် ‘Lalisa’ က ၂၀၂၁ ခုနှစ်အတွင်း digital sales 785K ကို ရရှိခဲ့တဲ့အတွက် Best Selling Thailand Artist (Singles) ဆုကို ရရှိခဲ့ပါတယ်။ Blackpink အဖွဲ့လိုက်အ​နေနဲ့က​တော့ Best Selling Live Album – ‘The Show (Live)’ ဆိုတဲ့ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဆုရရှိသူ​​တွေအားလုံး congratulations ပါ။

Source : meaww
Photo : China Music Date (Twitter)
Written : ZL