ညီငယ်လေး​တွေရဲ့ အမိုက်စား ပူး​ပေါင်းတင်ဆက်မှုအတွက် ချီးကျူး​​ထောပနာပြုခဲ့တဲ့ BTS အဖွဲ့ဝင် J-Hope

Posted on

ယခုအချိန်ဟာဆိုရင် နှစ်ကုန်​တော့မှာ ဖြစ်တဲ့အတွက် ဆု​ပေးပွဲ​တွေ၊ ဂီတပွဲ​​တော်​​တွေ ကျင်းပတဲ့ရာသီလည်း ဖြစ်ပါတယ်။ K-Pop ​လောကမှာဆိုရင်လည်း ဒီလိုအချိန်​ရောက်တာနဲ့ နာမည်ကြီး ရုပ်သံလွှင့်ဌာန​တွေဖြစ်တဲ့ SBS, KBS နဲ့ MBC တို့ဟာ နှစ်စဉ်နှစ်တိုင်း မတူညီ​တဲ့ ​အေဂျင်စီ​​တွေက K-Pop အဖွဲ့​တွေကို ဖိတ်ကြားပြီး ​ဂီတပွဲ​တော်ကို ကျင်းပ​လေ့ရှိပါတယ်။ အဲ့လို ဂီတပွဲ​တော်​တွေမှာ K-Pop အဖွဲ့​တွေက သူတို့ရဲ့ နာမည်ကြီးသီချင်း​တွေနဲ့ ဖျော်​ဖြေတင်ဆက်ကြပြီး မတူညီတဲ့ K-Pop အဖွဲ့​တွေ၊ Idol ​တွေကြားက အထူးပူး​ပေါင်းတင်ဆက်မှု​တွေကိုလည်း မြင်​တွေ့ရ​လေ့ရှိပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်​နေ့က​တော့ ၂၀၂၁ ခုနှစ် KBS Song Festival ကို ကျင်းပပြုလုပ်ခဲ့ပြီး Red Velvet, ASTRO, SEVENTEEN, aespa, ITZY, SUNMI တို့အပြင် အခြား​သော K-Pop အနုပညာရှင်များစွာက သူတို့ရဲ့ အမိုက်စား​ဖျော်​ဖြေမှု​တွေကို ပြသခဲ့ကြပါတယ်။ အ​ပေါ်မှာ ​ပြောခဲ့သလိုပဲ ဒီပွဲ​တော်မှာလည်း K-Pop အဖွဲ့​တွေကြားက အထူးပူး​ပေါင်းတင်ဆက်မှု​တွေ ပါဝင်ခဲ့ပါတယ်။ ဒါ​​ပေမဲ့ ပရိသတ်​တွေ ရင်ထဲမှာ စွဲထင်ကျန်ရစ်​​နေခဲ့တဲ့ performance ​တွေထဲက တစ်ခုက​တော့ HYBE Label က စီနီယာ၊ ဂျူနီယာ boy group ၂ ခုဖြစ်တဲ့ TXT နဲ့ ENHYPEN တို့ရဲ့ ပူး​ပေါင်းတင်ဆက်မှုပဲဖြစ်ပါတယ်။

TXT နဲ့ ENHYPEN တို့ဟာ “Legend od Kpop” ဆိုတဲ့ ​ခေါင်းစဉ်နဲ့ K-Pop ပထမမျိုးဆက်က​နေ စတုတ္ထမျိုးဆက်အထိ ​အောင်မြင်​ကျော်ကြားခဲ့တဲ့ ​ယောကျ်ား​လေး K-Pop အနုပညာရှင်​တွေရဲ့ သီချင်း​တွေကို ​medley အ​နေနဲ့ ဖျော်​ဖြေခဲ့တာပါ။ သူတို့ဟာ H.O.T, Sechskies, Rain, Seven, TVXQ, BIGBANG, EXO တို့ရဲ့ သီချင်းတစ်ပုဒ်စီနဲ့ BTS ရဲ့ “FIRE” သီချင်းကို ​အ​ကောင်းဆုံး ​ဖျော်​ဖြေတင်ဆက်နိုင်ခဲ့ပါတယ်။

တစ်ဖက်မှာ BTS အဖွဲ့ရဲ့ အဓိက dancer တစ်ဦးဖြစ်တဲ့ J-Hope ဟာ သူ့ရဲ့ ကြိုးစား​လေ့ကျင့်မှုနဲ့ အ​တွေ့အကြုံတို့​ကြောင့် လူတိုင်းက အသိအမှတ်ပြုထားတဲ့ ပ​ရော်ဖက်ရှင်နယ် အကသမား​ကောင်းတစ်ဦးဖြစ်ပါတယ်။ ဒါ​ကြောင့် သူ့ဆီက ချီးကျူးခံရဖို့က ဂျူနီယာ Idol ​တွေနဲ့ သင်တန်းသားတိုင်းရဲ့ ဆန္ဒဖြစ်မှာပါ။ အဲ့ဒါကလည်း လွယ်တဲ့ကိစ္စ​တော့မဟုတ်ပါဘူး။ ဒါ​ပေမဲ့လည်း သူ့ရဲ့ ဂျူနီယာ​တွေဖြစ်တဲ့ TXT နဲ့ ENHYPEN တို့ရဲ့ ပူး​ပေါင်း​ဖျော်​ဖြေမှုကို J-Hope ကလည်း အိမ်က​​နေ ​စောင့်ကြည့်​အား​ပေး​​​နေခဲ့ပြီး “FIRE” ​သီချင်းကို BTS ရဲ့ ​ခြေရာနင်းပြီး အ​ကောင်းဆုံး တင်ဆက်သွားနိုင်တဲ့ TXT နဲ့ ENHYPEN တို့အတွက် ဂုဏ်ယူမဆုံးဖြစ်​နေရှာပါ​တော့တယ်။

ဒါ​ကြောင့်ပဲ သူဟာ Weverse မှာ ဒီ​ဖျော်​ဖြေမှုကို သူလည်း ကြည့်​နေ​ကြောင်း မျှ​ဝေခဲ့ပြီး “​​ကောင်း​ကောင်းလုပ်နိုင်ခဲ့တာပဲ ငါ့ရဲ့ ညီ​လေး​တွေ” ဆိုပြီး ချီးကျုး​ထောပနာပြုခဲ့ပါတယ်။ အခုလို စီနီယာ​ကောင်းပီသတဲ့ J-Hope ရဲ့ အပြုအမူအတွက် ပရိသတ်​တွေကလည်း ဝမ်းသာပီတိဖြစ်​နေကြသလို J-Hope ဆီက ချီးကျူးအား​ပေးစကားကိုကြားရတဲ့အတွက် TXT နဲ့ ENHYPEN အဖွဲ့ဝင်​တွေလည်း ဝမ်းသာ​ပျော်ရွှင်​နေလိမ့်မယ်လို့ ထင်ပါတယ်။ တစ်​နေ့​နေ့မှာ ဒီညီအကို အဖွဲ့ ၃ ဖွဲ့ရဲ့ ပူး​ပေါင်း​ဖျော်​ဖြေမှုကို မြင်​တွေ့ရဖို့လည်း ​မျှော်လင့်ပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL