Netizen ​တွေ သ​​ဘော​တွေ့​​နေကြတဲ့ Jungkook နဲ့ Rain ရဲ့ Instagram က interaction ​လေးတစ်ခု

Posted on

ဒီဇင်ဘာလ ၁၈ ရက်​နေ့မှာ netizen တစ်ဦးက နာမည်ကြီး online community တစ်ခုမှာ “Rain ကို ကမာ​ပေါင်း လုပ်​ကျွေးဖို့ ပူဆာတဲ့ Jungkook နဲ့ ​”the hairy” (Noh Hong Chul) ကို​တောင် ​ပေါင်း​ကျွေးမယ်ဆိုတဲ့ Rain” ဆိုတဲ့ ​ခေါင်းစဉ်နဲ့အတူ Jungkook နဲ့ Rain တို့ရဲ့ ​Instagram Story က ပုံ​တွေကို ထည့်သွင်းထားတဲ့ post တစ်ခုတင်ခဲ့ပါတယ်။

အရင်ဆုံး Jungkook တင်ထားတဲ့ Instagram story က​တော့ Netflix ရဲ့ variety show အသစ် ‘The Hungry and the Hairy’ ရဲ့ ဇာတ်ဝင်ခန်းအချို့ကို တီဗီဖန်သားပြင်က​နေ ပြန်လည်ရိုက်ကူးထားတဲ့ ဗီဒီယို​လေးဖြစ်ပါတယ်။ အစီအစဉ်နာမည်အရ “the hungry” က Rain ကို ရည်ညွှန်းတာဖြစ်ပြီး “the hairy” က​တော့ မုတ်ဆိတ်​မွှေးရှိတဲ့ ဟာသသရုပ်​ဆောင် Noh Hong Chul ကို ဆိုလိုတာဖြစ်ပါတယ်။

Jungkook က အဲ့ဒီအစီအစဉ်ကို ကြည့်ရင်း အ​ပေါ်မှာ ​ပြောခဲ့တဲ့ ပုံနဲ့အတူ “ကျွန်​တော့်ကိုလည်း ပင်လယ်ခရုပေါင်း လုပ်​ကျွေးပါ” ဆိုပြီး ​ရေးသားထားခဲ့ပါတယ်။ ဒီလို တင်ပြီး မကြာမီမှာပဲ Rain က Jungkook ရဲ့ story ကို screenshot ရိုက်ထားတဲ့ပုံနဲ့အတူ “the hairy ကို​တောင် ​ပေါင်း​​ကျွေးနိုင်တယ်။ အကို hairy ​​ရေ ပင်လယ်ခရုတူးဖို့ သွားကြရ​အောင်” လို့ ​ရေးသားကာ သူ့ရဲ့ Instagram story က​နေ ပြန်တုံ့ပြန်ခဲ့ပါတယ်။

ဒီလို သူတို့ ၂ ဦးရဲ့ စကားအသွားအလာ​လေးကို netizen ​တွေက သ​ဘော​တွေ့​နေကြပြီး “Netflix ဘက်ကကြည့်ရင် ဒါက တကယ့်ကို ​ကြော်ငြာအကြီးစားဖြစ်သွားတာမဟုတ်ဘူးလား? ဘာပဲဖြစ်ဖြစ် ငါလည်း ပင်လယ်ခရု​ပေါင်း စားချင်တယ်” ၊ “Jungkook သာ ရုပ်သံအစီအစဉ်​​တွေ သွားရရင် ​ကောင်း​ကောင်းလုပ်ပြ၊ စားပြနိုင်မှာ​ သေချာတယ်။

သူ့ကို ​ခေါ်ပြီး အရသာရှိတာ​တွေ ​ကျွေး​ပေးပါ”၊ “Netflix က​တော့ ဒီလို​ကြော်ငြာမျိုးအတွက် ​အ​ပျော်လွန်ပြီး က​နေမှာ ​သေချာတယ်” ၊ ” ​ကျေးဇူးပြုပြီး Jungkook ကိုလည်း ဒီလို အစီအစဉ်​တွေမှာ ပါခွင့်​ပေးပါ။ သူနဲ့ အ​တော်​လေးလိုက်ဖက်မယ်လို့ ထင်တယ်” ၊ “​ကျေးဇူးပြုပြီး Jungkook ကို များများ​ကျွေး​ပေးကြပါ” စသဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။

Source : Allkpop
Photo : Allkpop
Written : ZL