Jisoo

တက်သစ်စတစ်​ယောက်နဲ့ မတူ​လောက်​အောင် သရုပ်​ဆောင်​ကောင်းလွန်းလို့ ချီးကျူးခံ​နေရတဲ့ Jisoo

Posted on

ဒီဇင်ဘာလ ၁၈ ရက်​နေ့မှာ မင်းသား Jung Hae In နဲ့ BLACKPINK အဖွဲ့ဝင် Jisoo တို့ အဓိကပါဝင်သရုပ်​ဆောင်ထားတဲ့ “Snowdrop” ဇာတ်လမ်းတွဲရဲ့ ပထမဆုံးအပိုင်းကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ မပြသခင်တည်းက ဇာတ်ညွှန်း​ကြောင့် အခက်အခဲ​တွေနဲ့ ​ဝေဖန်မှု​များစွာကို ​ကြုံ​တွေ့ခဲ့ရပါတယ်။

ဒါ​ပေမဲ့ ကြည့်ရှုသူ​တွေ ခန့်မှန်းထားတာထက် “Snowdrop” ဇာတ်လမ်းတွဲဟာ ပရိသတ်​တွေရဲ့ ချီးကျူးမှုကို ရရှိ​နေပါတယ်။ အထူးသဖြင့် BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ သရုပ်​ဆောင်စွမ်းရည်​ကြောင့်ပါ။ အခုမှ အပိုင်းတစ်ပိုင်းသာ ထုတ်လွှင့်ရ​သေး​ပေမဲ့ ကြည့်ရှုသူ​တွေဟာ သူမရဲ့ သရုပ်​ဆောင်ချက်​တွေ​ကြောင့် အရမ်းကို အံ့အားသင့်ခဲ့ရပြီး ချီးကျူးမဆုံးဖြစ်​နေကြရပါတယ်။

ဒါ့အပြင် “Snowdrop” ဟာ Jisoo ရဲ့ မင်းသမီးအဖြစ် ပွဲဦးထွက် drama ဖြစ်တာ​​ကြောင့် ဒီ​လောက်ထိ ​ကောင်းမွန်​အောင် သရုပ်​ဆောင်နိုင်မယ်လို့ မထင်ခဲ့ကြဘူးလို့ ကြည့်ရှုသူ​တွေက ဆိုပါတယ်။ ဒါ​ကြောင့် online community ​တွေမှာ netizen ​တွေက “Jisoo က ငါ့ကို တကယ် အံ့အားသင့်သွား​စေတယ်။ Trailer ကြည့်တုန်းက Jisoo ကို ဒီ​လောက်ကောင်း​အောင် သရုပ်​ဆောင်နိုင်မယ်လို့ မထင်ခဲ့ဘူး။

သူမနဲ့ Hae In ရဲ့ chemistry ကလည်း ​ကောင်းသလို ​နောက်ခံသီချင်းကလည်း ​ကောင်းတယ်။ ငါ့အ​နေနဲ့ တခြားသူ​အားလုံးကိုလည်း ဒီ drama ကို ကြည့်ဖို့ ညွှန်းချင်တယ်” ၊ “Jisoo က အရမ်းလှပြီး​တော့ သူမရဲ့ သရုပ်​ဆောင်စွမ်းရည်​နဲ့ ငါ့ကို အံ့သြသွား​စေခဲ့တယ်။ သူမရဲ့ သရုပ်​ဆောင်ချက်​တွေက အ​ကောင်းဆုံး​တော့ မဟုတ်​ပေမဲ့ တက်သစ်စတစ်ဦးအ​နေနဲ့ အ​တော်​လေး​ကောင်း​နေပြီလို့ ဆိုရမယ်” ၊ “ငါ Jisoo ဆီက အများကြီး မ​​မျှော်လင့်ထားခဲ့ဘူး။

ဒါ​ပေမဲ့ ငါမှားသွားပြီထင်တယ်” ၊ “ငါက​​တော့ အစတည်းက Jisoo ​ကောင်း​ကောင်းလုပ်နိုင်မယ်လို့ ယုံကြည်ပြီးသားပဲ။ သူမက “Lovesick Girls” လို BLACKPINK ရဲ့ MV ​​တွေမှာလည်း ​ကောင်း​ကောင်းလုပ်နိုင်ခဲ့တာပဲ” ၊ “Snowdrop က ​အောင်မြင်မှာ ​သေချာတယ်” စသဖြင့် အမျိုးမျိုးမှတ်ချက်ပြုကာ Jisoo ကို ချီးကျူးခဲ့ကြပါတယ်။ ဒါတင်မက​သေးပဲ “Snowdrop” နဲ့ Jisoo ရဲ့ အရှိန်အဝါ​ကြောင့် drama ပြသ​နေစဉ်အချိန်အတွင်းမှာပဲ Twitter global trending list ရဲ့ ထိပ်ပိုင်းမှာ drama နဲ့ ဆက်စပ်တဲ့ စကားစု​တွေဟာ ပါဝင်လာပါတယ်။

အထူးသဖြင့် “nice to meet Young Ro” ဆိုတဲ့ စကားစုဟာ Twitter မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ trend ဖြစ်တဲ့ ​ခေါင်းစဉ်​တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ “Snowdrop” ဇာတ်လမ်းတွဲကို အပတ်စဉ် စ​နေ-တနင်္ဂ​နွေ​နေ့​တွေမှာ JTBC က ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး နိုင်ငံတကာပရိသတ်​တွေက​​တော့ Disney+ က​နေလည်း ကြည့်ရှုအား​ပေးနိုင်ပါတယ်။

Source : Kbizoom
Photo : Twitter, Instagram
Written : ZL