ကျန်တဲ့နေရာသဘောကောင်းပေမဲ့ EXO-L တွေနဲ့ပက်သက်ရင် သဝန်တိုအူတိုတတ်တဲ့ Baekhyunee

Posted on

EXO အဖွဲ့ဝင် Baekhyun လေးဟာ အစနောက်သန်၊ ပျော်ပျော်နေတတ်ပြီး သဘောကောင်းတဲ့ သူလေးပါနော်။ နာမည်ကြီး idol ဆိုပေမဲ့ ဘယ်သူဘယ်ဝါကို မဆို respect အပြည့်နဲ့သာ ပြောဆို ဆက်ဆံပါတယ်။ Baekhyun နဲ့ ပက်သက်ပြီး နာမည်ကြီးတာ နောက်တစ်ခုကတော့ “Fan တွေကို အရမ်းဂရုစိုက်တဲ့ idol” အဖြစ်ကျော်ကြားတာပါ။

Baekhyun ဟာ fan တွေကို အမြဲနွေးနွေးထွေးထွေး ဆက်ဆံပေးပြီး မိသားစုသဖွယ် ရင်းရင်းနှီးနှီးပြောဆိုလေ့ရှိပါတယ်။ Twitter မှာဆို fan တွေ cmt ကို အမြဲ reply ပေးလေ့ရှိပါတယ်။လောလောဆယ်တော့ Baekhyun ဟာ စစ်မှုထမ်းနေတာမို့ fan တွေနဲ့ ဝေးကွာလျှက်ရှိပါတယ်။ ဒါပေမဲ့ မနေ့က တောင်ကိုရီးယားမှာ နှင်းတွေအများကြီးကျနေတာမို့ Baekhyun ဟာ အမှတ်တရဖြစ်သွားအောင် IG မှာ video တစ်ခုကိုတင်ပေးခဲ့ပါတယ်။

ထို video ထဲမှာ Baekhyun ဟာ EXO အဖွဲ့ရဲ့ “First snow” သီချင်းကိုဆိုပြီး နှင်းတွေကြားထဲမှာ “아리 ♡” (Aeri) ဆိုတဲ့ စာသားလေးကို ချမ်းကချမ်းနဲ့ ရေးနေခဲ့ပါတယ်။ ဒါဟာ ပထမဆုံးမဟုတ်ဘဲ မနှစ်က ဆောင်းရာသီတုန်းကလည်း ခုလို တင်ပေးခဲ့ဖူးပါတယ်။ EXO Fandom name ဖြစ်တဲ့ “Aeri” ကို ဘယ်လောက်တန်ဖိုးထားကြောင်း ပြသလိုက်တာဘဲ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ Twitter ကိုတက်လာခဲ့ပြီး Fan တွေရဲ့ Tweet တွေကို reply အများကြီး ပြန်ပေးခဲ့ပါတယ်။ ထိုထဲက တစ်ခုကတော့ fan တစ်ယောက်က ခု ကိုရီးယားမှာ ခေတ်စားနေတဲ့ “နှမ်းရွက်ခွါပေးခြင်း” အကြောင်း ကိုမေးထားခြင်းဖြစ်ပါတယ်။ အရံဟင်းဖြစ်တဲ့ နှမ်းရွက်ကိုစားရင် တခါတလေ ဟင်းအနှစ်တွေနဲ့ ကပ်နေတာမို့ တစ်ရွက်ချင်း ခွါရတာခက်ပါတယ်။

ဒါပေမဲ့ချစ်သူကောင်လေးကသာ ခွါရလွယ်ကူအောင် လုပ်ပေးရင် ကောင်မလေးကပျော်သွားမှာ သေချာပါတယ်။ ဒါက ခု Korea က အတွဲတွေကြားမှာ လူပြောများနေတဲ့ မေးခွန်းလေးပါ။ ဒါကို အခြေခံပြီး fan ကောင်မလေးက baekhyun ကို ခုလို မေးခဲ့ပါတယ်။

Fan : “Baekhyun” ရေ ….ခု ခေတ်စားနေတဲ့ နှမ်းရွက်အကြောင်းလေ.. တကယ်လို့ Baekhyun ရယ် aeri ရယ် သူငယ်ချင်းတစ်ယောက်ရယ် ထမင်းအတူစားနေကြတယ် ဆိုပါစို့… အာ့သူငယ်ချင်းက Aeri အတွက် နှမ်းရွက်ခွါပေးရင် ဘယ်လိုလုပ်မလဲ”

Baekhyun : နှမ်းရွက်က ဘယ်မှာကပ်နေတာမို့လို့လဲ???
Fan: Baekhyunnah…နှမ်းရွက်တွေက ဘယ်နေရာမှ မကပ်ဘူး…နှမ်းရွက်တွေက တစ်ရွက်ချင်း ခွါရင် ခွါရခက်လို့.. အာ့တာကိုပြောနေတာ
Baekhyun: ငါက နှုတ်ခမ်းမှာကပ်နေတာလား.. ဆံပင်မှာကပ်နေတာလားလို့တွေးနေတာ..ဒါမျိုးဖြစ်နေတာကိုးး..ㅋㅋㅋㅋ နှမ်းရွက်ကို တူနဲ့ကိုင်ပေးထားတာလောက်ဘဲ လက်ခံပေးမိမယ်ထင်တယ်.. ခွါပြီး ထမင်းပေါ်တင်ပေးရင်တော့ “ဘာလုပ်နေတာလဲ” လို့ ထမေးမိလိမ့်မယ်”

Fan: အာ့ဆို ငါကရော တခြား idol တစ်ယောက်ကို နှမ်းရွက်ခွါပေးရင်ရော အဆင်ပြေလား
Baekhyun: ဘာတွေပြောနေတာလဲ…ကိုင်ပေးတာလောက်ဘဲ လက်ခံနိုင်ပါတယ်ဆို

ကျန်တဲ့ မေးခွန်းတွေကို တခွန်းတလေလောက်ဘဲ ပြန် reply ပေမဲ့ ဒီ fan မေးထားတာကို ခုလို ဆက်တိုက် ပြန် reply ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ fan (Aeri) တွေကို တခြား idol တွေဆီ ပါသွားမှာ သဝန်တိုနေကြောင်း ပြနေတာပါ။ Baekhyunee ဆီမှာလည်း ခုလို ဂျစ်တူးတိုက်တတ်တဲ့ အကျင့်ရှိတာမို့ fan တွေ အူယားနေမယ်ထင်ပါတယ်။

Source: Twitter
Photo Credit: Twitter
Written: Violet