2021 ခုနှစ်အတွင်း Lisa လုပ်ဖူးခဲ့တဲ့ အလန်းဆုံး အမိုက်စား Fashion Style (10) ခု

Posted on

BLACKPINK အဖွဲ့ဝင်တွေ အကုန်လုံးဟာ Style ကျ လှပတဲ့သူတွေဆိုတာ ပရိတ်သတ်ကြီးတို့အသိပါနော်။ ထိုထဲကမှ Lisa လေးဟာ Rapper ပီပီ unisex (ကျားမ မရွေး) ဝတ်လို့ရတဲ့ fashion မျိုးကို ဝတ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း fan girl တွေရဲ့ Girl crush type “အကိုနို” ဖြစ်နေတာပါ။ ဒါပေမဲ့လည်း ပရိတ်သတ်ကြီးရေ …. Lisa တစ်ယောက် မိန်းမဆန်ဆန်အင်္ကျီ တွေဝတ်ရင် အရမ်းဆွဲဆောင်မှုရှိတယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ပါ။

@Lisa BLACKPINK ပုံကိုနိုပ်ပြီးကြည့်ပါ

ဒီနှစ်ထဲမှာ Lisa ရဲ့ activity တွေဟာ solo အနေနဲ့ လည်း လှုပ်ရှားရသေးတာမို့ သူမရဲ့ hot ပြီး လန်းတဲ့ Fashion style မျိုးစုံကို ပရိတ်သတ်တွေ မြင်ခွင့်ရရှိခဲ့ပါတယ်။ ထိုထဲကမှ အလန်းဆုံး style (10) ခု ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

(10)Her Vogue Japan photoshoot

“Vogue Japan” magazine ရဲ့ June လထုတ် special edition အတွက် Lisa ရိုက်ပေးခဲ့ဖူးတဲ့ cover ပုံကတော့ လုံးဝအမှတ်တရဖြစ်စေမှာပါ။ CELINE ရဲ့ အားကစားဝတ်စုံနဲ့ အပြတ် chill နေတာ တကယ့်ကို ကြည့်လို့မိုက်ပါတယ်။

@Lisa BLACKPINK ပုံကိုနိုပ်ပြီးကြည့်ပါ

(9)When she wore a literal BOW as a shirt

“Vogue Hong Kong” magazine ရဲ့ July လ ထုတ်အတွက် ရိုက်ပေးတဲ့ cover ပုံကတော့ ပိုလို့တောင် မိမိုက်နေတာပါ။ လည်သာအမဲရောင် ဖဲပြားအကြီးကြီး ကို top အဖြစ်ဝတ်ထားတာဟာ lisa ရဲ့ သေးသွယ်တဲ့ ကိုယ်လုံးလေးကြောင့် ကောင်းကောင်းကြီး လိုက်ဖက်နေပါတယ်။

@Lisa BLACKPINK ပုံကိုနိုပ်ပြီးကြည့်ပါ

(8) Her sexy “Say So” outfit

THE SHOW မှာ Lisa ရဲ့ solo stage အတွက် “Say So” ဖျော်​ဖြေတဲ့အခါမှာ ဝတ်ခဲ့တဲ့ outfit ကတော့ တကယ့် gorgeous ပါဘဲ။ ဒါ့အပြင် idol တွေလုပ်ခဲတဲ့ ဆံပင်အကြေပွကောက်လေးနဲ့ Dark makeup ကို ပြင်ထားတာမို့ Lisa ဟာ အရိုင်းဆန်စွာ လှနေခဲ့ပါတယ်။

@Lisa BLACKPINK ပုံကိုနိုပ်ပြီးကြည့်ပါ

(7) This iconic look

ဒီ outfit က လည်း iconic ဖြစ်ခဲ့ပါတယ်။ အီဂျစ်နတ်ဘုရားမလေး သဖွယ်လှပနေခဲ့ပြီး Lisa က အရပ်ရှည်တာမို့လို့သာ ဒီ outfit နဲ့ လိုက်ဖက်နေခဲ့တာဖြစ်ပါတယ်။

@Lisa BLACKPINK ပုံကိုနိုပ်ပြီးကြည့်ပါ

(6)When she rocked this adorable cropped cardigan

ဒီ အပေါ်ထပ် cardigan လေးဟာ ဒီနှစ်ထဲမှာ female idol တော်တော်များများ ဝတ်ခဲ့ကြတာမို့ ခေတ်စားနေတဲ့ fashion လို့ ဆိုရမှာပါဘဲ။ ဒါပေမဲ့ lisa က ဆံပင်ပန်းရောင်လေးဆိုထားတာမို့ perfect matching ဖြစ်သွားပါတော့တယ်။

@Lisa BLACKPINK ပုံကိုနိုပ်ပြီးကြည့်ပါ

(5)Biker Lisa

“LALISA” MV ထဲမှာ ဆိုင်ကယ်စီးနေတဲ့ ပုံစံလေးကတော့ super …super hot ပါဘဲ။ ဆွဲဆောင်မှုရှိတဲ့ အနီရောင် jumpsuit ကို ဝတ်ထားပြီး ဆိုင်ကယ်စီးနေတဲ့ “လူဆိုးမလေး” ကို မြင်ရတာ တကယ်ရင်ဖို ဖို့ကောင်းပါတယ်။

@Lisa BLACKPINK ပုံကိုနိုပ်ပြီးကြည့်ပါ

(4)This “LALISA” stage outfit

“Lalisa” stage အတွက် ဝတ်ခဲ့တဲ့ ပန်းရောင် outfit လေးကလည်း iconic ဖြစ်ခဲ့ပါတယ်။ ချစ်ဖို့ကောင်းသလိုလိုနဲ့ ဆွဲဆောင်မှုရှိစွာလှနေခဲ့တာပါ။

@Lisa BLACKPINK ပုံကိုနိုပ်ပြီးကြည့်ပါ

(3)This “LALISA” album teaser

LALISA album ရဲ့ teaser ပုံတွေထဲမှာ Lisa ချိန်းကြိုးပေါ်မှာတွယ်စီးနေတဲ့ပုံဟာ ပရိတ်သတ်တွေကို ငြို့ယူနိုင်ခဲ့ပါတယ်။ ဒီပုံကြောင့် သူမ solo debut ကို စိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

(2) The entire “MONEY” performance video

B-side track ဖြစ်တဲ့ Money ဟာ တော်တော်ကို ရေပန်းစားခဲ့ပါတယ်။ B-side track ဖြစ်တာကြောင့် MV တော့ မထွက်ရှိခဲ့ပေမဲ့ Dance performance video တော့ ထွက်ရှိခဲ့ပါတယ်။ ထိုထဲမှာ Lisa twerk လုပ်နေတာကအစ facial expression အဆုံး lisa လုပ်သမျှအရာရာဟာ so so .. hot ဖြစ်နေပါတယ်။

(1) Her pole dance routine in the “LALISA” music video

“LALISA” music video ထဲမှာ lisa pole dance ကနေတဲ့ အပိုဒ်ကတော့ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။ ဒီအကကို ခဏလေးနဲ့ သင်ယူခဲ့တာလို့ lisa က ထုတ်ပြောတဲ့အခါမှာ ပိုလို့တောင် အံ့ဩခဲ့ရပါတယ်။ သူမ ဘယ်လောက် မိုက်နေလဲဆိုတာ Mv သာ ပြန်ကြည့်ကြည့် ကြပါတော့နော်

Source: Koreaboo
Photo Credit: Koreaboo
Written: Violet