ရက်တိုတိုလေးနဲ့ Instagram ရဲ့ Follower အများဆုံးအမျိုးသား K-pop idol ဖြစ်လာတဲ့ V

Posted on

BTS အဖွဲ့ဝင် (၇) ယောက်စလုံးကတော့ Instagram သုံးနေကြပြီဖြစ်ပြီး စသုံးကတည်းက ပရိသတ်တွေအတွက် အမြဲလိုလို Active ဖြစ်နေသူကတော့ V ပါပဲ။ V ရဲ့ Follower အရေအတွက်ဟာလည်း တနေ့တခြားတိုးလာခဲ့ရာ ယခုချိန်မှာတော့ အမြင့်ဆုံးမှတ်တမ်းရရှိထားသူ Jackson Wang ကို ကျော်တက်ခဲ့ပါပြီ။

@BTS “V” ပုံကိုနိုပ်ပြီးကြည့်ပါ

မူလက Follower အများဆုံးပိုင်ဆိုင်ထားတဲ့ အမျိုးသား Kpop Idol ဟာ Jackson Wang ဖြစ်ပြီး 26.5 M နဲ့ ဦးဆောင်နေခဲ့တာပါ။ ဒီအရေအတွက်ကို V ဟာ တလမပြည့်ခင် ရက်တိုတိုလေးနဲ့ပဲ ကျော်လွန်သွားခဲ့ပါတယ်။ “thv” ဆိုတဲ့အမည်ဖြင့် Instagram သုံးနေခဲ့တဲ့ V ရဲ့ Follower အရေအတွက်ဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ 26.8 M ကို ကျော်သွားခဲ့ပါတယ်။

@BTS “V” ပုံကိုနိုပ်ပြီးကြည့်ပါ

၁၃ ရက်တည်းနဲ့ Follower အများအပြားကိုပိုင်ဆိုင်ခဲ့ပြီး လက်ရှိ အမျိုးသား Kpop Idol တွေထဲမှာ V က အမြင့်ဆုံးပါပဲ။ V ရဲ့ Instagram account ကိုလည်း နာမည်ကြီးကြယ်ပွင့်ပေါင်းများစွာက followed လုပ်ထားတာကြောင့် ပရိသတ်တွေကော၊ အနုပညာအသိုင်းအဝန်းမှာပဲ လူပြောများနေဆဲဖြစ်ပါတယ်။

@BTS “V” ပုံကိုနိုပ်ပြီးကြည့်ပါ
@BTS “V” ပုံကိုနိုပ်ပြီးကြည့်ပါ

V ဟာ သူ့ရဲ့ account ကနေတဆင့် သီချင်းလေးတွေ၊ selfie ပုံတွေနဲ့ တချို့သော videos‌ တွေကို တင်ပေးပြီး ပရိသတ်တွေကို သူ့ရဲ့အကြိုက်တွေအား ချပြနေပါတယ်။ ARMY တွေအတွက် ၂၀၂၁ ထဲ ဖြစ်လာသမျှတွေထဲမှာ BTS အဖွဲ့လိုက် Instagram သုံးတာက အကောင်းဆုံးလက်ဆောင်ဖြစ်နေပါတယ်။

@BTS “V” ပုံကိုနိုပ်ပြီးကြည့်ပါ

Source: Allkpop
Photos: BigHit Music
Translated by Ivy