မဟုတ်မမှန်သတင်း​ဖြန့်​နေတဲ့ Youtuber ကို ကိုယ်တိုင်တရားစွဲသွားမယ်လို့ ​ဒဲ့ပြောလိုက်တဲ့ V

Posted on

မကြာ​သေးခင်အချိန်ကပဲ BTS အဖွဲ့ဝင် V ဟာ BTS, TXT, aespa, NCT တို့လို K-Pop အနုပညာရှင်များစွာရဲ့ မဟုတ်မမှန် ​​​​​ကောလဟာလ​တွေကို online က​​နေ လိုက်ဖြန့်​နေတဲ့ YouTuber တစ်ဦးနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တုံ့ပြန်လိုက်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်​နေ့မှာ ARMY တစ်ဦးက Weverse မှာ ထို Youtuber နဲ့ ပတ်သက်လို့ post တစ်ခုတင်ခဲ့ပြီး အဲ့ဒီ post ကို V ကလည်း မြင်သွားခဲ့ပါတယ်။ ထိုအခါ V က အဲ့ဒီလူကို တရားစွဲမယ်ဆိုပြီး post ​အောက်မှာ မှတ်ချက်​ဝင်ရေးခဲ့ပါတယ်။

အတိအကျ​ဖော်ပြရရင် V က “Oh?!! ကျွန်​တော် တရားစွဲမှာပါ။ သ​ရေစာဖိုး​လောက်​တော့ ကုန်ကျမှာ​ပေါ့။ ကျွန်​​တော့် မိသားစုနဲ့ သူငယ်ချင်း​တွေကိုပါ ထိပါးထားတာပဲ။ ​ကောင်း​ကောင်းသွားပါ” ဆိုပြီး ​ရေးသားခဲ့တာပါ။ ဒီလိုမျိုး V ရဲ့ တုံ့ပြန်ပုံကို မြင်​တွေ့လိုက်ရတဲ့ ARMY ​တွေဟာ သူ့ကို အား​ပေးစကား​တွေ ​ပြောခဲ့ကြပြီး မဟုတ်မမှန်တဲ့ သတင်း​တွေ​ကြောင့် စိတ်ထိခိုက်မှာကို စိုးရိမ်ခဲ့ကြပါတယ်။ ဒါ​ကြောင့် V က သူအဆင်​ပြေ​ကြောင်း ခုလို မှတ်ချက်ပြန်​ရေးခဲ့ပါတယ်။

“ကျွန်​တော် အခုပဲ အကြမ်းဖျင်း ​ကျော်ကြည့်ပြီးသွားပြီ။ ကျွန်​တော်တို့တင်မကပဲ အနုပညာရှင်အားလုံးက အဲ့လိုလူမျိုးကို ရွံ့ရှာမုန်းတီးကြပါတယ်။ ပရိသတ်​တွေအားလုံး ARMY ​တွေအားလုံး ဒီလူရဲ့ video ​တွေကို ကြည့်ဖူးတာလည်းဖြစ်နိုင်သလို မကြည့်ဖူးတာလည်းဖြစ်နိုင်​ပေမဲ့ စိတ်ထိခိုက်ခဲ့ရပြီး တရားစွဲဖို့ သတ္တိမရှိတဲ့ လူအားလုံးရဲ့ ကိုယ်စား တရားစွဲဆိုသွားမှာပါ”

  • V – ခုလို မ​မျှော်လင့်ထားတဲ့ V ရဲ့ တုံ့ပြန်မှု​ကြောင့် အဆိုပါ Youtuber ကလည်း သူ့ရဲ့ Youtube community က​နေ “(အထူးသတင်း) V က ကျွန်​တော့်ရဲ့ channel ကို Weverse မှာ ​ပြောခဲ့ပြီး ဗီဒီယို​တွေလည်း ကြည့်တယ်လို့ ​ပြောခဲ့တယ်။ သူ့အ​နေနဲ့ ‘သ​ရေစာဖိုး’ ​လောက် ကုန်ကျမယ်လို့​တော့ မ​ပြောသင့်ဘူး။ ဘာလို့ဆို (တရားစွဲရင်) သူ့အတွက်ပဲ ပိုပြီး ခက်ခဲ​စေမှာ။ ဒါ​ပေမဲ့ V ပီသပါ​ပေတယ်။ ဒီ channel က ဘယ်​လောက်ထိ နာမည်ကြီးလာဦးမှာလဲ။

(ဒီ channel က) ကမ္ဘာ​ကျော်စတား BTS က ကြည့်တဲ့ တစ်ခုတည်း​သော YouTube drama channel နော်” ဆိုပြီး​ရေးသားခဲ့ပါတယ်။ BTS ရဲ့ ​အေဂျင်စီဖြစ်တဲ့ Big Hit Music ကလည်း ပြီးခဲ့တဲ့ စက်တင်ဘာလက ဒီလို သတင်းအမှားဖြန့်တဲ့လူ​တွေကို တရားဥပ​ဒေအရ ဆက်ပြီး အ​ရေးယူသွားမှာဖြစ်တဲ့အ​ကြောင်း ထုတ်ပြန်​ကြေငြာထားပြီးသားပါ။ ဘာ​တွေဆက်ဖြစ်လာဦးမလဲဆိုတာ​တော့ ​စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Source : Koreaboo
Photo : Weverse, Instagram
Written : ZL