Spoiler King “Ohsehun” ပီပီ “Now We are Breaking” Drama အတွက်ရော spoil ထားတာများရှိလေမလား

Posted on

EXO အဖွဲ့ဝင် Sehun လေးဟာ Spoiler King ဆိုတာ EXO L တွေအသိပါနော်။ သူ့ရဲ့ solo MV ထွက်တုန်းကဆိုရင် အေဂျင်စီကို ဂရုမစိုက်ဘဲ Instagram မှာ video တင်ခဲ့ပါတယ်။ Sehun spoil တဲ့ပုံတွေဆိုတာကလည်း သေချာ ဉာဏ်ကောင်းမှသာ “သူ..ဘာ spoil လဲ” ဆိုတာ မြင်နိုင်မှာပါ။

ခုလတ်တလောမှာတော့ Sehun ပါတဲ့ “Now We are breaking up” drama ဟာ ပြသနေပါတယ်။ နာမည်ကြီး မင်းသားမင်းသမီးတွေဖြစ်တဲ့ Song Hye Kyo နဲ့ Jang Ki Young တို့ပါတာမို့ hit ဖြစ်နေပါတယ်။ လောလောဆယ်တော့ ဇာတ်လမ်းထဲမှာ မင်းသားမင်းသမီးတို့ အတွဲက တွဲနေကြတဲ့ အပိုင်းကိုရောက်နေပါပြီ။

ဒါပေမဲ့ ဘက်ပေါင်းစုံက အတိုက်အခိုက်တွေကြောင့် ပြတ်လုဆဲဆဲ ဖြစ်နေတဲ့အခြေအနေပါ။ ဇာတ်လမ်းက Melo drama အမျိုးအစားဖြစ်တာမို့ ငိုရမဲ့ ဇာတ်သိမ်းဖြစ်သွားမှာ ပရိတ်သတ်တွေက စိုးရိမ်နေကြပါတယ်။ Sehun က လည်း တိုက်တိုက်ဆိုင်ဆိုင် SM က စီစဉ်တဲ့ Game live ကို ဟိုးနေ့က လွှင့်ခဲ့ပါတယ်။

ထို live မှာ ပရိတ်သတ်တွေက သိချင်တာတွေ မေးမြန်းခဲ့ကြပြီး Sehun က လည်း သေချာပြန်ဖြေပေးခဲ့ပါတယ်။ ထိုထဲကမှ ရေပန်းစားဆုံး မေးခွန်းတစ်ခုကတော့ “Drama ထဲမှာ မင်းသားနဲ့မင်းသမီး ညားသွားသလား” ဆိုတာပါ။ Sehun က “ဘယ်သူလဲ…. ဇာတ်ဆောင်နှစ်ယောက်လား… ပြောပြလိုက်ရင် Spoiler အကြီးကြီးဖြစ်သွားလိမ့်မယ်… Drama ကိုဘဲအဆုံးထိ မင်းတို့ကြည့်ပြီး အဖြေရှာလိုက်နော်။ ခု.. ကျွန်တော် ပြောပြလိုက်ရင် ရုပ်ရှင်အဖွဲ့က ကျွန်တော့်ကိုချက်ချင်း ph လှမ်းဆက်ပြီး ဆူလိမ့်မယ်” ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။

အမြင်စူးရှတဲ့ ပရိတ်သတ်တွေကတော့ မကြာသေးခင်က “Sehun” Instagram မှာ တင်ထားတဲ့ပုံကြောင့် မင်္ဂလာဆောင်တဲ့အပိုင်း ဇာတ်လမ်းထဲမှာ ပါလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ Sehun ဟာ ထိုပုံထဲမှာ အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ထားပြီး ပန်းရင်ထိုးတစ်ခုကိုလည်း ရင်ဘတ်အိပ်ကပ်မှာ ချိတ်ထားပါတယ်။

ပြီးတော့ နောက်ခံအနေထားက Wedding တစ်ခုလိုမျိုးပါ။ ဒါကြောင့် ပရိတ်သတ်တွေက Drama ကို spoil တယ်လို့ ထင်နေကြတာ ဖြစ်ပါတယ်။ Sehun က ဘဲ တကယ် spoil ခဲ့သလားဆိုတာ Drama ကို စောင့်ကြည့်ကြရအောင်နော်။ Asia Cele bar ပရိတ်သတ်ကြီးရော ဘယ်လိုထင်ပါသလဲ.. တကယ်ဘဲ မင်းသားနဲ့မင်းသမီး လက်ထပ်ကြမယ်ထင်ပါသလား..

Source: Kbizom
Photo Credit: kbizom
Written: Violet