၂၀၂၁ ခုနှစ်အတွင်း music show ​​တွေမှာ ဆုအများဆုံးရရှိခဲ့တဲ့ K-Pop အနုပညာရှင် (၅) ဦး

Posted on

Music show ​တွေဟာ တောင်ကိုရီးယားနိုင်ငံမှာ အပတ်စဉ် ကျင်းပပြုလုပ်​လေ့ရှိပြီး K-Pop Idol ​တွေရဲ့ သီချင်းအသစ်​တွေက ဒီ show ​တွေမှာ ဆုရမရကို ကြည့်ပြီး သူတို့ရဲ့ ပြည်တွင်း​ အောင်မြင်မှုကို K-Pop အသိုင်းအဝိုင်းက တိုင်းတာကြပါတယ်။

ယခင်ရှိတဲ့ K-Pop အဖွဲ့​တွေအပြင် နှစ်စဉ်နှစ်တိုင်း K-Pop အဖွဲ့ ရာချီထွက်​ပေါ်​နေပြီး အပတ်စဉ် K-Pop သီချင်းအသစ်​တွေကလည်း ရာနဲ့ချီထွက်​​လေ့ရှိတဲ့အတွက် “Show Champion,” “Inkigayo,” “M Countdown,” “The Show,” “Music Core” နဲ့ “Music Bank” တို့မှာ ပထမဆုရဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါ​ပေမဲ့ ဒီလို ခက်ခဲတဲ့ဆုကို များစွာရရှိတဲ့ K-Pop Idol ​တွေလည်းရှိပါတယ်။ ​အောက်​ဖော်ပြပါ K-Pop အနုပညာရှင်​တွေက​တော့ ၂၀၂၁ ခုနှစ်အတွင်း music show ​တွေမှာ အနိုင်အများဆုံးရရှိခဲ့တဲ့ (၅) ဦးဖြစ်ပါတယ်။

(1) BTS

အ​ပေါ်မှာ ​​ပြောခဲ့တဲ့ music show ၆ ခုက​နေwin အများဆုံး ရရှိထားတာက​​တော့ ကမ္ဘာ​ကျော်စူပါစတား​တွေဖြစ်တဲ့ BTS ပဲဖြစ်ပါတယ်​။ သူတို့ဟာ ၂၀၂၁ ခုနှစ် တစ်နှစ်တည်းမှာတင် music show ​တွေက​နေ ဆု ၂၈ ဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး သူတို့ရဲ့ အနုပညာသက်တမ်းတစ်​​လျှောက်လုံးမှာ​တော့ music show ​တွေက​နေ ဆု​ပေါင်း ၁၅၂ ခုကို ရရှိထားတာဖြစ်ပါတယ်။

ဒါ​ကြောင့် BTS ဟာ သမိုင်းတစ်​လျှောက် music show ​တွေမှာ ဆုအများဆုံးရရှိတဲ့ K-Pop အဖွဲ့အဖြစ်လည်း ရပ်တည်​နေတာဖြစ်ပါတယ်။ ယခုနှစ်အတွင်း သူတို့ရဲ့ ၂၀၂၁ ခုနှစ်ထုတ် နာမည်ကြီးသီချင်း​တွေဖြစ်တဲ့ “Butter” နဲ့ “Permission to Dance” တို့ဟာ ဆု ၁၃ ဆုနဲ့ ၈ ဆုစီ အသီးသီးရရှိခဲ့တာပါ။ ဒါ့အပြင် ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Life Goes On” က ဆု ၃ ဆုနဲ့ “Dynamite” က ၄ ဆု ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

(2) IU

၂၀၂၁ ခုနှစ်အတွင်း music show win အများဆုံးရရှိခဲ့တဲ့ ဒုတိယ​မြောက် အနုပညာရှင်က​တော့ “Nation’s Little Sister” IU ပဲဖြစ်ပါတယ်။ သူမဟာ ယခုနှစ်အတွင်း music show ​တွေက​နေ ဆု ၂၇ ဆုကို ဆွတ်ခူးရရှိခဲ့ပြီး အနုပညာသက်တမ်းတစ်​လျှောက်လုံးဆိုရင်​တော့ ၉၂ ဆုရှိပါပြီ။ IU ဟာ ၂၀၂၁ ခုနှစ်အတွင်း “Celebrity” သီချင်းနဲ့ ဆု ၁၀ ဆု၊ “Lilac” သီချင်းနဲ့ ဆု ၉ ဆု၊ “Strawberry Moon” သီချင်းနဲ့ ဆု ၈ ဆုကို အရယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ music show win အများဆုံးရရှိထားတဲ့ တစ်ဦးတည်း​သော solo artist လည်း ဖြစ်ပါတယ်။

(3) NCT DREAM နဲ့ NCT 127

NCT DREAM က​တော့ ၂၀၂၁ ခုနှစ်အတွင်း music show ​တွေက​နေ ဆု ၁၃ ဆုကို သိမ်းပိုက်နိုင်ခဲ့တာ​ကြောင့် ယခုနှစ်အတွင်း music show win အများဆုံးရရှိတဲ့ တတိယ​မြောက် K-Pop အနုပညာရှင်ဖြစ်လာခဲ့ပါတယ်​။ သူတို့ရဲ့ ၂၀၂၁ ခုနှစ်ထုတ် “Hot Sauce” သီချင်းက music show ​တွေမှာ ၇ ကြိမ်အနိုင်ရရှိခဲ့သလို repackage album ထဲက “Hello Future” သီချင်းက ၆ ကြိမ် အနိုင်ရရှိခဲ့ပါတယ်။ ဒါ​ကြောင့် NCT DREAM အဖွဲ့ဟာ ပွဲဦးထွက်စဉ်ကစလို့ music show ​တွေမှာ စုစု​ပေါင်း ၁၉ ကြိမ် အနိုင်ရရှိခဲ့ပြီးဖြစ်ပါတယ်​။

NCT DREAM နဲ့အတူ တတိယ​နေရာကို ပူးတွဲရရှိခဲ့တာ​က​တော့ ​နောက်ထပ် NCT အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ NCT 127 ပဲဖြစ်ပါတယ်။ သူတို့ဟာ ယခုနှစ်မှာ “Sticker” သီချင်းနဲ့ ဆု ၂၉ ဆု ၊ “Favorite (Vampire)” သီချင်းနဲ့ ဆု ၃ ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ၂၀၂၁ ခုနှစ်မှာ ဆု ၁၃ ဆု ရရှိခဲ့တာ​ကြောင့် NCT 127 ရဲ့ music show အနိုင်ရရှိမှုဟာ စုစု​ပေါင်း ၂၆ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။

(4) (G)I-DLE

​​နောက်ဆုံးတစ်ဖွဲ့က​တော့ (G)I-DLE ပဲဖြစ်ပါတယ်​။ သူတို့ဟာ ၂၀၂၁ ခုနှစ်အတွင်း music show win အများဆုံးရရှိတဲ့ တစ်ဦးတည်း​​သော မိန်းက​လေးအဖွဲ့လည်း ဖြစ်ပါတယ်​။ (G)I-DLE ဟာ ယခုနှစ်အတွင်း music show ​တွေက​နေ ဆု ၁၀ ဆုကို ရရှိခဲ့တာပါ။ သူတို့ဟာ ဒီနှစ်မှာ comeback တစ်ကြိမ်သာ ပြုလုပ်ခဲ့တာ​ကြောင့် ဆု ၁၀ ဆုလုံးဟာ “HWAA” သီချင်းနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

Source : Kpopstarz
Photo : Kpopping
Written : ZL