အစက “Snowdrop” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်​ဆောင်ဖို့ကို ငြင်းဆိုခဲ့တဲ့ မင်းသား Jung Hae In

Posted on

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်​နေ့ ​နေ့ခင်းပိုင်းက JTBC ရုပ်သံလိုင်းရဲ့ စ​နေ-တနင်္ဂနွေ drama အသစ် “Snowdrop” အတွက် စာနယ်ဇင်းရှင်းလင်းပွဲကို အွန်လိုင်းက​နေ ပြုလုပ်ခဲ့ပြီး မင်းသား Jung Hae In, BLACKPINK အဖွဲ့ဝင် Jisoo နဲ့ ဒါရိုက်တာ Jo Hyun Tak တို့ တက်​ရောက်ခဲ့ကြပါတယ်။ အဲ့ဒီပွဲမှာ Jung Hae In က သူ့အ​နေနဲ့ ဒီဇာတ်လမ်းတွဲကို လက်ခံရိုက်ကူးဖြစ်ခဲ့တဲ့ အ​ကြောင်းအရင်းနဲ့ ပတ်သက်ပြီး “ကျွန်​တော် ဒါရိုက်တာကြီးနဲ့ ဇာတ်ညွှန်း​ရေးဆရာမကို ယုံကြည်တယ်။

ကျွန်​တော် ဇာတ်ညွှန်းကို ဖတ်ကြည့်​လေ​လေ ခန့်မှန်းလို့မရတဲ့ အလှည့်အ​ပြောင်း​တွေက ​ပေါ်လာ​လေပဲ။ အဲ့လိုနဲ့ ကျွန်​တော်လည်း ဒါရိုက်တာကြီးကို ပထမဆုံး​တွေ့ပြီး​နောက် ဒီပ​ရောဂျက်မှာ ပါဝင်ဖို့ ဆွဲ​ဆောင်နားချခံလိုက်ရတယ်။ ဒီဇာတ်​ကောင်ကို လက်ခံလိုက်တဲ့အတွက် အက်ရှင်ဇာတ်ဝင်ခန်း​တွေ အများကြီး သရုပ်​ဆောင်ခဲ့ရတယ်။

ဒါ​ကြောင့် ကျွန်​တော့်အ​နေနဲ့ ခန္ဓါကိုယ် ကျန်းမာသန်စွမ်းပြီး ခွန်အားရှိဖို့ ​ပြင်ဆင်ခဲ့ရတယ်။ ကျွန်​တော် ​လေ့ကျင့်ခန်း ​တော်​​တော်​လေး လုပ်ဖြစ်ခဲ့ပါတယ်” လို့ ​ပြောပြခဲ့ပါတယ်။ဒါရိုက်တာ Jo HyunTak ကလည်း Jung Hae In ကို ကမ်းလှမ်းဖြစ်ခဲ့ပုံနဲ့ ပတ်သက်လို့ “Jung Hae In က ဒီဇာတ်လမ်းတွဲ ထုတ်လုပ်မှု အစပိုင်းတည်းက ကျွန်​တော် အလုပ်အတူတွဲလုပ်ချင်တဲ့ မင်းသားဖြစ်ပါတယ်။

ဒါ​ကြောင့်မို့ ကျွန်​တော် သူ့ကို ကမ်းလှမ်းခဲ့ပြီး အစက​တော့ ငြင်းပယ်ခံခဲ့ရတယ်။ ကျွန်​တော်လည်း ​နောက်တစ်ခါ ထပ်ကမ်းလှမ်းခဲ့တယ်။ ဒီလိုနဲ့ ​နောက်ဆုံးမှာ သူက သ​ဘောတူလက်ခံခဲ့ပါတယ်” ဆိုပြီး ထုတ်​ဖော်ပြောကြားခဲ့ပါတယ်။ ဒါရိုက်တာကြီးရဲ့ ဒီစကားအ​ပေါ် Jung Hae In က တစ်ဖန်ပြန်ပြီး “ကျွန်​တော် အခု​ပြောမယ့်ဟာကို အားလုံးအထင်လွဲကြမှာစိုးလို့ ​ပြောပြတာပါ။ တကယ်​တော့ ဒါရိုက်တာကြီးရဲ့ ကမ်းလှမ်းမှုကို ရရှိတဲ့အချိန်က ‘D.P’ ဇာတ်လမ်းတွဲ ရိုက်ကူးချိန်နဲ့ ထပ်​နေခဲ့တယ်။

ကျွန်​တော်လည်း အကြိမ်ကြိမ် စဉ်းစားခဲ့​ပေမဲ့ ဒါရိုက်တာကြီးနဲ့ ထုတ်လုပ်​ရေးအဖွဲ့က သူတို့ ဆုံးဖြတ်ချက်အ​ပေါ် ခိုင်မာမှုရှိ​နေတဲ့အတွက် ကျွန်​တော်လည်း ပါဝင်ဖို့ စည်းရုံးသိမ်းသွင်းခံလိုက်ရတယ်” လို့ ရှင်းပြခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်ကာလ ဆိုးလ်မြို့မှာ ဇာတ်အိမ်တည်ထားတဲ့ “Snowdrop” ဇာတ်လမ်းတွဲဟာ တက္ကသိုလ်​ကျောင်းသား​တွေဖြစ်ကြတဲ့ Suho (Jung Hae In) နဲ့ Youngro (Jisoo) တို့ကြားက ဝမ်းနည်း​ကြေကွဲဖွယ် အချစ်ဇာတ်လမ်းကို ပုံ​ဖော်ရိုက်ကူးထားတာဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်​​နေ့ကစလို့ JTBC ရုပ်သံလိုင်းက​နေ ပြသသွားမှာဖြစ်ပါတယ်။

Source : Kbizoom
Photo : jtbcdrama (Instagram)
Written : ZL