“Snow Drop” Drama နဲ့ ပက်သက်တဲ့ဝေဖန်ချက်တွေကို ပြတ်ပြတ်သားသား ခုခံခဲ့တဲ့ JTBC

Posted on

လတ်တလော ထုတ်လွှင့်ပြသနေတဲ့ “Snow Drop” Drama ဟာ ဇာတ်ကား စ ရိုက်ကူးထဲက ဆက်မရိုက်ဖို့ K netizen တွေရဲ့ လက်မှတ်ထိုးတောင်းဆိုမှုကို ခံထားရတဲ့ကားဖြစ်ပါတယ်။ အိမ်ပြာတော်ဘက်ကတော့ ဇာတ်ညွှန်းကိုသေချာဖတ်ရှုပြီး ဥပဒေနဲ့မညိတဲ့အတွက် JTBC ကို ဆက်ရိုက်ကူးခွင့်ပေးခဲ့ပြီး ထုတ်လွှင့်ပြသခွင့်ပါ ပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း ဂယက်တွေက မပြီးဆုံးနိုင်ဘဲ ဇာတ်ကား အပိုင်း(၁) နဲ့ (၂) ပြသပြီးတဲ့ချိန်မှာ လက်မှတ်ထိုးတောင်းဆိုအသနားခံမှုတွေ ၃သိန်းကျော်နီးပါးရှိလာခဲ့ပါတယ်။ Petition ဟာ ၂သိန်းနဲ့ အထက်ဖြစ်လာပြီဆို အစိုးရဘက်က ပြန်ကြားချက် ထုတ်ကိုထုတ်ရတော့မှာပါ။ လောလောဆယ်တော့ ဒီနေ့ December 21 ရက်နေ့မှာ JTBC က လူထုရဲ့ သံသယကင်းသွားအောင် ခုလို တရားဝင်ထုချေလွှာ ထုတ်ပြန်ခဲ့ပါတယ်။

“ခုဖော်ပြမှာကတော့ Snow Drop drama အပေါ် မကျေနပ်ချက်တွေနဲ့ ပက်သက်ပြီး ထုတ်ပြန်တဲ့ JTBC ရဲ့ statement ဖြစ်ပါတယ်”… “Snowdrop” drama ကို ထုတ်လွှင့်ပြသနေပေမဲ့ မှားယွင်းတဲ့ information တွေကြောင့် မကျေနပ်ချက်တွေက အဆုံးမသတ်ဘဲ ပိုမိုကြီးထွားလာတာကို မြင်နေရပါတယ်။ ဒါကြောင့် ခုလို ထုတ်ပြန်ချက် ထုတ်ရခြင်း ဖြစ်ပါတယ်။ ပထမဆုံးပြောလိုတာကတော့ “Snow Drop” drama ဟာ စစ်အစိုးရအုပ်ချုပ်စဉ်ကာလကို နောက်ခံထားပြီး ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားမှာ အာဏာရပါတီတစ်ခုက သူတို့အာဏာဆက်လက်ထိန်းသိမ်းဖို့ မြောက်ကိုရီးယားအစိုးရနဲ့ ဆက်နွယ်နေရတဲ့ စိတ်ကူးယဉ်ဇာတ်လမ်း ပါရှိပါတယ်။

အာဏာရှင်တွေ အသုံးချခံရခြင်းကြောင့် နစ်နာခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းမျိုးတွေကို ဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ ဒီကားထဲမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလှုပ်ရှားမှုကို ဦးဆောင်မည့် သူလျှိုမပါဝင်ပါ။ အပိုင်း ၁ နဲ့၂ ထဲမှာလည်း ဇာတ်ဆောင်နှစ်ယောက်က ဆန္ဒပြလှုပ်ရှားမှုထဲမှာ ပါတာမျိုး၊ ခေါင်းဆောင်နေတာမျိုး ထိုကဲ့သို့ အခန်းတွေ မပါဝင်ခဲ့ပါဘူး။ နောင်လာမဲ့ အပိုင်းတွေထဲမှာလည်း ထို ဇာတ်ညွှန်းမျိုး မထည့်ထားပါ။

လူတော်တော်များများ အထင်မှားနေကြတဲ့ “သမိုင်းပုံပျက်ခြင်း” နှင့် “ဒီမိုကရေစီအသွင်ကူးပြောင်းရေးလှုပ်ရှားမှု” တွေဟာ နောင်လာမဲ့ အပိုင်းတွေကို သေချာတဆင့်ချင်း ကြည့်သွားမှသာ ကျွန်တော်တို့ရဲ့ ဇာတ်ညွှန်းကို နားလည်လာပါလိမ့်မယ်။ ဒီဇာတ်ကားမှာ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုတွေကို တရားမျှတမှုမရှိဘဲ အာဏာနဲ့ ဖိနှိပ်ထားတဲ့ ပုံမှန်မဟုတ်တဲ့ ခေတ်ကို ထပ်ခါတလဲလဲ မဖြစ်​စေဖို့မျှော်လင့်ထားတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ရဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။

အပိုင်းတစ်ပိုင်းစီမှာ plot တွေကို အများကြီးထည့်ရှင်းပြဖို့ မဖြစ်နိုင်တာဟာ ဇာတ်ရှိန်မြင့်ဖို့အတွက်ပါ။ ဒါကြောင့် တစ်ပိုင်းနဲ့တစ်ပိုင်း တဖြည်းဖြည်းစောင့်ကြည့်ကြဖို့ ကျွန်တော်တို့ဘက်က တောင်းဆိုပါတယ်။ JTBC ရဲ့ အကြောင်းအရာတွေနဲ့ပက်သက်ပြီး လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့ ထင်မြင်ချက်တွေကို နားထောင်ဖို့ official site ကို အမြဲဖွင့်ပေးထားပါတယ်။ JTBC ရဲ့ အဓိကမျှော်မှန်းချက်ဟာ ဇာတ်လမ်းတွေကို လွတ်လွတ်လပ်လပ်ဖန်တီးဖို့နဲ့ ကောင်းကောင်းမွန်မွန်ရိုက်ကူးနိုင်ရန်ဖြစ်ပါတယ်။ ယင်းကို အခြေခံ၍ JTBC သည် ကြီးကျယ်ခမ်းနားတဲ့ ဇာတ်လမ်းတွေပြသနိုင်ရန် အပြည့်အဝအားစိုက်ထုတ်နေပါသည်”

ဒီ Drama ဟာ ဝေဖန်ချက်တွေ၊ Petition တွေအများကြီး ဖြစ်နေပေမဲ့ တဘက်မှာလည်း ရုပ်ရှင်သရုပ်ဆောင်တွေဟာ သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ချီးမွမ်းချက်တွေရပါတယ်။ ကြည့်ရှုနှုန်း rating ဆိုလည်း ဒုတိယနေရာမှာ ချိတ်နေပါတယ်။ မင်မင်ကတော့ K netizen တွေ အထင်လွဲမှားမှု အမြန်ပြီးဆုံးသွားဖို့သာ ဆုတောင်းနေပါတယ်။

Source:Soompi
Photo Credit: JTBC
Written: Violet