နာမည်ကြီးမဟုတ်ဘဲ သာမန်အမျိုးသားတစ်ဦးနဲ့သာ မိသားစုဘဝ​လေး ထူ​ထောင်လိုက်ပြီဖြစ်တဲ့ မင်းသမီး Honey Lee

နာမည်ကြီးမဟုတ်ဘဲ သာမန်အမျိုးသားတစ်ဦးနဲ့သာ မိသားစုဘဝ​လေး ထူ​ထောင်လိုက်ပြီဖြစ်တဲ့ မင်းသမီး Honey Lee

Posted on

ယခင်လက “One The Woman” ဇာတ်လမ်းတွဲနဲ့ အသက်အရွယ်၊ ကျားမမ​ရွေး ပရိသတ်တွေရဲ့ အချစ်ကို ထပ်မံသိမ်းပိုက်သွားခဲ့တဲ့ မင်းသမီး Honey Lee ဟာ နာမည်ကြီးမဟုတ်တဲ့ သာမန်အမျိုးသားတစ်ဦးနဲ့ ချစ်သူ​တွေဖြစ်​နေ​ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်​နေ့မှာ​တော့ သူမရဲ့ ​အေဂျင်စီဖြစ်တဲ့ Saram Entertainment က မင်းသမီးဟာ ဒီ​နေ့မှာပဲ သူမရဲ့ချစ်သူနဲ့ အကျဉ်းရုံးပြီး မင်္ဂလာပွဲပြုလုပ်ခဲ့​ကြောင်း အသိ​ပေး​ကြေငြာလိုက်ပါတယ်။ Honey Lee ရဲ့ ​အေဂျင်စီက တရားဝင် ထုတ်ပြန်ထားတဲ့စာထဲမှာ​တော့

“မင်္ဂလာပါ Saram Entertainment ကပါ။ ကျွန်​တော်တို့ label က မင်းသမီးတစ်ဦးဖြစ်တဲ့ Honey Lee နဲ့ ပတ်သက်လို့ သတင်း​ကောင်းပါးစရာရှိပါတယ်။ Honey Lee ဟာ သူမအတွက် အဖိုးတန်တဲ့သူကို ​တွေ့ဆုံခဲ့ပြီး တစ်ဦး​အ​ပေါ်တစ်ဦးထားရှိတဲ့ ယုံကြည်မှုနဲ့ သံ​ယောဇဉ်​တွေ​ကြောင့် ဘဝတစ်​လျှောက်လုံး လက်တွဲသွားဖို့ ကတိသစ္စာပြုထားခဲ့ပါတယ်။

(ရောဂါ​ကြောင့်) ခက်ခဲ​နေတဲ့အ​ခြေအ​နေအချိန်အခါကို ထည့်သွင်းစဉ်းစားပြီး သူတို့ ၂ ဦးဟာ မင်္ဂလာပွဲပြုလုပ်မယ့်အစား ရိုးရာအတိုင်း ဂါရဝပြုထိမ်းမြားလက်ထပ်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်​နေ့ ဆိုးလ်မြို့တစ်​နေရာမှာ မိသားစု​တွေနဲ့ ပြုလုပ်ပြီး လက်ထပ်လိုက်ကြပြီဖြစ်ပါတယ်။ အားလုံးပဲ ဂုဏ်ပြု​ကောင်းချီး​ပေးကြလိမ့်မယ်လို့ ကျွန်​တော်တို့ ​မျှော်လင့်ပါတယ်။

ဒါ့အပြင် Honey Lee ရဲ့ အိမ်​ထောင်ဖက်ဟာ နာမည်ကြီးမဟုတ်ပဲ သာမန်လူတစ်ဦးဖြစ်တာ​ကြောင့် သူ့ရဲ့ ပုဂ္ဂိုလ်​ရေးဆိုင်ရာ အချက်အလက်​တွေကို အလွန်အမင်း မစွက်ဖက်ကြဖို့ ကျွန်​တော်တို့ ယဉ်​ကျေးစွာ ​​မေတ္တာရပ်ခံချင်ပါတယ်။ အနာဂတ်မှာ Honey Lee ဟာ ပိုပြီး ရင့်ကျက်တဲ့ပုံစံ၊ ကောင်းမွန်တဲ့ သရုပ်​ဆောင်ချက်​တွေနဲ့ ပရိသတ်​ရှေ့ကို ပြန်လာမှာမို့ သူမကို အာရုံစိုက်ပြီး အား​ပေးကြပါဦးလို့ ​ပြောချင်ပါတယ်။

​ကျေးဇူးတင်ပါတယ်” လို့​ ​ရေးသားထားပါတယ်။ Honey Lee ဟာ ၂၀၀၆ ခုနှစ်က Miss Korea ​​ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၀၇ ခုနှစ် Miss Universe မှာ 3rd runner up ဆုကို ရရှိခဲ့သလို ​မော်ဒယ်၊ သရုပ်​ဆောင်၊ ဂန္တဝင်ဂီတသမားတစ်ဦးလည်းဖြစ်ပါတယ်။ Honey Lee တစ်​ယောက် သာယာ​ပျော်ရွှင်တဲ့ မိသားစုဘဝ​လေးကို ထာဝရပိုင်ဆိုင်နိုင်ပါ​စေလို့ ဆု​တောင်း​ပေးလိုက်ပါတယ်။

Source : Soompi
Photo : Instagram
Written : ZL