Billboard အဆင့် (၁) ရရှိတဲ့ ပထမဆုံးသော Kpop Soloist ဖြစ်လာတဲ့ BTS's Suga

Billboard အဆင့် (၁) ရရှိတဲ့ ပထမဆုံးသော Kpop Soloist ဖြစ်လာတဲ့ BTS’s Suga

Posted on

အဖွဲ့လိုက်အနေနဲ့ကော တကိုယ်တော်အနေနဲ့ပါ အောင်မြင်ကြတဲ့ BTS အဖွဲ့ဝင်တွေကတော့ Billboard Chart ဆိုတာ သူတို့အတွက် မှတ်တမ်းသစ်တွေရေးထိုးနိုင်တဲ့နေရာဖြစ်နေပါတယ်။ မကြာသေးခင်က Billboard ဖက်က ထုတ်ပြန်ကြေညာချက်အရ Suga ဟာ Billboard’s Digital Song Sales Chart မှာ အဆင့် (၁) ကို ချိတ်ဆွဲခဲ့ပြီး Kpop Soloist တွေအထဲ ဒီရလဒ်ကို ရယူဂုဏ်ဆောင်နိုင်ခဲ့တဲ့ ပထမဆုံးသော တကိုယ်တော်တေးသံရှင်ဖြစ်လာခဲ့ပြန်ပါပြီ။

Billboard အဆင့် (၁) ရရှိတဲ့ ပထမဆုံးသော Kpop Soloist ဖြစ်လာတဲ့ BTS's Suga

Suga ဟာ Juice WRLD နဲ့အတူ Collab သီချင်းတစ်ပုဒ်ထွက်ခဲ့ပြီး ဒီသီချင်းကလည်း လက်ရှိ Billboard အဆင့် (၁) ကို ဗိုလ်စွဲနေရာယူထားပါတယ်။ December 20 ရက်နေ့ကတိုင် Billboard ဟာ Suga ရဲ့ အောင်မြင်မှုကို ‌တရားဝင်ကြေညာထားခဲ့တာပါ။ Suga နဲ့ Juice WRLD တို့ရဲ့ “Girl of My Dreams” သီချင်းဟာ Billboard Digital Song Sales chart ရဲ့ အဆင့် (၁), ထိပ်ဆုံးကနေ စတင်ပြီး ပွဲဦးထွက်နိုင်ခဲ့တာဖြစ်ပါတယ်။

Billboard အဆင့် (၁) ရရှိတဲ့ ပထမဆုံးသော Kpop Soloist ဖြစ်လာတဲ့ BTS's Suga

ဆိုလိုတာကတော့ အမေရိကန်နိုင်ငံမှာ ရောင်းအားအကောင်းဆုံးသီချင်းများရဲ့ တပတ်တာစံချိန်မှာ ထိပ်ဆုံးကနေ အောင်မြင်ခဲ့တာပါ။ ဒီမှတ်တမ်းသစ်ကြောင့်ပဲ Suga ဟာ Billboard Digital Song Sales chart ရဲ့ အဆင့် (၁) မှာ ရပ်တည်နိုင်တဲ့ ပထမဦးဆုံး Kpop တကိုယ်တော်အဆိုရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ အရင်က PSY ဟာလည်း ၂၀၁၂ တုန်းက ထွက်ခဲ့တဲ့ “Gangnam Style” နဲ့ မှတ်တမ်းဝင်ခဲ့ဖူးပေမဲ့ စစချင်းတော့ No. 1 ကို မရဖူးပါဘူး။

Billboard အဆင့် (၁) ရရှိတဲ့ ပထမဆုံးသော Kpop Soloist ဖြစ်လာတဲ့ BTS's Suga

ဒါကြောင့်မို့လို့ သီချင်းထွက်,ထွက်ချင်း အဆင့် (၁) ရခဲ့သူ Suga ကတော့ Billboard သမိုင်းမှာ Kpop ဂုဏ်ဆောင်ခဲ့တာပါ။ “Girl of My Dreams” သီချင်းဟာ Billboard’s Hot 100 မှာ အဆင့် (၂၉) မှာ ရောက်ရှိနေတာကြောင့် PSY ရဲ့ စံချိန်ပြီးရင် ဒုတိယအမြင့်ဆုံးရရှိနေတဲ့ Kpop Soloist သီချင်းတစ်ပုဒ်ဖြစ်နေပါတယ်။  “Girl of My Dreams” သီချင်းဟာ Suga နဲ့ Juice WRLD တို့အတွက် Digital Song Sales chart မှာ ထိပ်ဆုံးရရှိနိုင်ခဲ့တဲ့ ပထမဆုံးသီချင်းလည်းဖြစ်ပါတယ်။

Billboard အဆင့် (၁) ရရှိတဲ့ ပထမဆုံးသော Kpop Soloist ဖြစ်လာတဲ့ BTS's Suga

အရင်က အဆင့် (၂) နေရာကို Suga က “Daechwita” သီချင်းနဲ့ နေရာယူဖူးပြီး Juice WRLD ကတော့ “Come & Go” (featuring Marshmello) သီချင်းနဲ့ ရောက်ရှိဖူးပါတယ်။ ဒီဇင်ဘာလအစောပိုင်းမှ ထွက်ရှိခဲ့တဲ့ “Girl of My Dreams” ဟာ Juice WRLD ရဲ့ “Fighting Demons” အယ်လ်ဘမ် သီချင်းတစ်ပုဒ်အဖြစ် ထွက်ရှိပေးခဲ့တာပါ။ Suga အနေနဲ့လည်း ကမ္ဘာ့ဂီတနယ်ပယ်ထဲမှာ Kpop ဖန်တီးမှုကို မြှင့်တင်နိုင်ခဲ့တဲ့အတွက် ထပ်မံဂုဏ်ယူရပြန်ပါပြီ။

Billboard အဆင့် (၁) ရရှိတဲ့ ပထမဆုံးသော Kpop Soloist ဖြစ်လာတဲ့ BTS's Suga

Source: Soompi
Photos: BigHit Music
Translated by Ivy