Qurantine ပြီးပြီးချင်း စားဖိုမှူး Lee Yeon Bok နဲ့အတူ ကိတ်ခွဲရင်း late birthday ကို ဆင်နွှဲခဲ့တဲ့ Jin

Posted on

အားလုံးသိကြတဲ့အတိုင်းပဲ Jin ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်​နေ့က အသက် ၂၉ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒါ​ကြောင့် ဒီဇင်ဘာလ ၂ ရက်က ပြုလုပ်ခဲ့တဲ့ “PERMISSION TO DANCE ON STAGE concert in Los Angeles” ​နောက်ဆုံး​နေ့မှာ ARMY ​တွေက #MoonForJinLA ပ​ရောဂျက်ကို ပြုလုပ်ပြီး Jin ရဲ့ ​မွေး​နေ့ကို အကြိုကျင်းပ​ပေးခဲ့ကာ သူ့ကို အံ့အားသင့်​စေခဲ့ပါတယ်။ ​

နောက်ပြီး ဒီဇင်ဘာလ ၃ ရက်​နေ့က iHeartRadio ရဲ့ Jingle Ball ပွဲမှာလည်း ​အကြိုအ​နေနဲ့ birthday cake ခွဲခဲ့ပါ​သေးတယ်။ ဒါ​ပေမဲ့ Jin ဟာ ​နောက်တစ်​နေ့ သူ့​မွေး​​နေ့မှာပဲ ကိုရီးယားကို Jimin, Jungkook တို့နဲ့အတူ ပြန်လာခဲ့ပြီး ၁၀ ရက်ကြာ quarantine ဝင်ခဲ့ရတာ​ကြောင့် သူ့ရဲ့ တကယ့်​မွေး​နေ့မှာ​တော့ တခြားသူ​တွေလို အပြင်သွားပြီး အရသာရှိတာ​တွေစားရင်း မဆင်နွှဲလိုက်ရပါဘူး။

တခြားအဖွဲ့ဝင်​တွေလိုပဲ Jin ဟာ quarantine ကာလအတွင်း သူစားချင်တဲ့အရာ​လေး​တွေကို ကိုယ်တိုင်ချက်ပြုတ်စားတာမျိုး​တော့ရှိပါတယ်။ အခု​တော့ ၁၀ ရက်တာ quarantine ကာလလည်း ပြီးဆုံးသွားပြီဖြစ်တာ​ကြောင့် Jin ဟာ အိမ်တွင်းပုန်း​စရာမလို​တော့ပဲ လွတ်လွတ်လပ်လပ်​ လျှောက်လည်လို့ရပြီဖြစ်ပါတယ်။

ဒါ​ကြောင့် သူဟာ သူ့ရဲ့ အရင်းနှီးဆုံး မိတ်​ဆွေတစ်ဦးဖြစ်တဲ့ စားဖိုမှူး Lee Yeon Bok နဲ့ ဒီဇင်ဘာလ ၂၁ ရက်​နေ့က ​တွေ့ဆုံခဲ့ကာ စားဖိုမှူး Lee Yeon Bok က Jin ရဲ့ ​မွေး​နေ့ပြီးဆုံးသွားပြီဆို​ပေမဲ့လည်း ​​မွေး​နေ့နဲ့ ​ခရစ်စမတ်နဲ့ ​ပေါင်းပြီး cake လေး ပြုလုပ်​​ပေးခဲ့ပါတယ်။

ဒီလိုမျိုး သူတို့ ၂ ​ယောက် ​ပျော်ရွှင်စွာအချိန်ကုန်ဆုံးခဲ့တဲ့ ပုံရိပ်​​လေးတွေကို စားဖိုမှူး Lee Yeon Bok က “​နောက်ကျ​နေပြီဆို​ပေမဲ့လည်း ​မွေး​​နေ့ကိုဂုဏ်ပြုပါတယ် Seokjin..Qurantine ပြီးပြီးချင်း လာ​တွေ့လို့ ​ကျေးဇူးတင်ပါတယ်” ဆိုတဲ့ caption နဲ့အတူ သူ့ရဲ့ Instagram မှာ မျှ​ဝေခဲ့ပါတယ်။ ဒီအစားအ​သောက်ချစ်သူ ၂ ဦးဟာ ၂၀၁၇ ခုနှစ်က “Please Take Care Of My Refrigerator” အစီအစဉ်မှာ စတင်​တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ရင်းနှီးတဲ့မိတ်​ဆွေ​တွေဖြစ်လာခဲ့ကြပါတယ်။

Jin ဟာ သူအားလပ်တဲ့အချိန်ဆိုရင် စားဖိုမှူး Lee Yeon Bok ကို အရသာရှိတာ​တွေ လုပ်​ကျွေးဖို့ ပူဆာတတ်ပြီး သူ့ဆီကို လာလည်တတ်သလို တစ်​ယောက်တည်းလာတဲ့အခါမျိုးမှာဆို အများကြီးစားပြီး စကားလည်းအများကြီး ပြောတတ်တယ်လို့ စားဖိုမှူး Lee Yeon Bok က ​ပြောပြဖူးပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL