အထင်လွဲမှားမှုတွေ ဖြေရှင်းဖို့ Christmas စပယ်ရှယ် အပိုင်းတွေအများကြီးလွှင့်မဲ့ JTBC ရဲ့ Snow Drop Drama

Posted on

“SnowDrop” Drama ဟာ လတ်တလော လူစိတ်ဝင်စားနှုန်းမြှင့်တက်လျက်ရှိတာပါ။ ချီးကျူးချက်တွေလည်းရသလို ဆက်မလွှင့်ဖို့ဝေဖန်မှုတွေ လည်း ဆက်တိုက်ရရှိနေပါတယ်။ အဓိကကတော့ K-netizen တွေက သူတို့နိုင်ငံရဲ့ သမိုင်း ပုံမှားရိုက်ခံရမှာကို အစိုးရိမ်လွန်နေတာဖြစ်ပါတယ်။ သံသယတွေကင်းရှင်းသွားအောင် JTBC က ခဏခဏ ဖြေရှင်းစာတွေ ထုတ်ခဲ့ပေမဲ့ ဂယက်တွေက အတောမသတ်တာကြောင့် ဇာတ်အိမ် ရုပ်လုံးမြန်မြန်ပေါ်လာအောင် ဒီလာမဲ့ Christmas အပတ်မှာ အပိုင်းအများကြီး လွှင့်ဖို့ ခုလို စီစဉ်ခဲ့ပါတယ်။

“SnowDrop Drama ရဲ့ Episodes 3 to 5 ဟာ December 24 (Friday) ကနေDecember 26 (Sunday) အထိ ဆက်တိုက် ၃ပိုင်းလွှင့်သွားမှာဖြစ်ပါတယ်။ ခုဖြစ်နေတဲ့ ပြဿနာတွေက လူထုဟာ ဇာတ်ညွှန်းကို သေချာမသိတဲ့အတွက် ဆူပူနေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဇာတ်လမ်းဟာ ongoing ပြသနေတာဖြစ်တဲ့အတွက် ဇာတ်ညွှန်းတစ်ခုလုံးကို လူထုကို ချပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒီ့အချက်တွေကြောင့်ဘဲ Episode -1 လေးကြည့်ပြီး plot ကို နားလည်မှုလွဲမှားနေကြတာဖြစ်ပါတယ်။ ဒါတွေ ဖြေရှင်းဖို့ JTBC ဟာ Drama ရဲ့ အပိုင်းတွေကို မြန်မြန်လွှင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတစ်ပတ်လွှင့်မဲ့ 3 to 5 အပိုင်းမှာ Suho ရဲ့ ဇာတ်ကောင်ဟာ တဖြည်းဖြည်းရုပ်လုံးပေါ်လာတော့မှာပါ။ သူ ..ဘာကြောင့် မြောက်ကိုရီးယား spy ဖြစ်လာရပြီး တောင်ကိုရီးယားကို စေလွှတ်ခံရတယ်.. ဘာကြောင့် ဆန္ဒပြလှုပ်ရှားသူအဖြစ် အထင်မှားကြသလဲဆိုတာ အကုန်တွေ့ရမှာပါ။

NSA က spy တွေကို မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို တင်သွင်းခဲ့ပေမဲ့ တကယ့်ပြဿနာက တောင်နဲ့မြောက် အာဏာရှင်တွေရဲ့ ငွေကြေး၊ အာဏာပြိုင်ဆိုင်မှုဆိုတာ ဒီ အပိုင်းတွေမှာ ပြသမှာ ဖြစ်ပါတယ်။ ပြီးတော့ တောင်နဲ့မြောက် ခေါင်းဆောင်တွေရဲ့ လျို့ဝှက်ဆက်ဆံရေးမှာ မလွှဲမရှောင်သာ အခြေအနေတွေကြောင့် ညိမိသွားတဲ့ ငယ်ရွယ်တဲ့ ဇာတ်ကောင်တွေအကြောင်းလည်း ပါလာမှာပါ။

JTBC ဟာ အားလုံးရဲ့ ကြည့်ရှုနှုန်းနဲ့ ထင်မြင်ချက်တွေကို အလေးထားပါတယ်။ ကြည့်ရှုသူတွေ သေချာဆွေးနွေးဝေဖန်လို့ရအောင် online platform တွေကို အမြဲဖွင့်ပေးထားပါတယ်။ ခုလို အထူးအစီအစဉ်အနေနဲ့ အပိုင်းတွေကို မြန်မြန် ထုတ်လွှင့်တာဟာ ပရိတ်သတ်တွေရဲ့ အထင်လွဲမှားမှု ပြေပျောက်စေချင်လို့ပါ။ ကြည့်ရှုသူလူကြီးမင်းတို့ရဲ့ အသံကို အမြဲနားစွင့်ပြီး အနာဂတ်မှာလည်း ကောင်းမွန်တဲ့ ဇာတ်ကားတွေ ထုတ်လွှင့်သွားဖို့ JTBC ဟာ အမြဲကြိုးစားနေပါတယ်”

Source: Allkpop
Photo Credit: Allkpop
Written : Violet