‘Goblin’ drama ရိုက်ကူးပြီး​နောက် အကြီးအကျယ် စိတ်ဓါတ်ကျခဲ့ကြောင်း ဖွင့်ဟလာခဲ့တဲ့ မင်းသား Lee Dong Wook

Posted on

ဒီဇင်ဘာလ ၂၂ ရက်​နေ့က ထုတ်လွှင့်ခဲ့တဲ့ tvN ရဲ့ ‘You Quiz on the Block’ အစီအစဉ်မှာ မင်းသား Lee Dong Wook က ဧည့်သည်အဖြစ် ပါဝင်ခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်မှာ အ​ကြောင်းအရာမျိုးစုံကို ပြောကြရင်း Lee Dong Wook က သရုပ်​ဆောင်ရတာဟာ သူ့အတွက် ခက်ခဲ​ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ သူက “ကျွန်​တော် သရုပ်​​ဆောင်လုပ်လာတာ ၂၂ နှစ်​တောင်ရှိပြီ။ ဒါ​ပေမဲ့ သရုပ်​ဆောင်ခြင်းဟာ ကျွန်​တော့်အတွက် ဘယ်​တော့မှ မလွယ်ကူခဲ့ဘူး။

အဲ့ဒီ ခံစားချက်က အထူးသဖြင့် ၂၀၁၆ ခုနှစ် ‘Goblin’ ဇာတ်လမ်းတွဲနဲ့ ၂၀၁၉ ခုနှစ် ‘Strangers from Hell’ ဇာတ်လမ်းတွဲကြားမှာ ပိုဆိုးလာတယ်။ ကျွန်​တော့်ကို တစ်​ယောက်​ယောက်က တစ်​နေရာရာမှာ တုတ်​နှောင်ထားသလိုပဲ” လို့ အခုလို သူ့ရဲ့ခံစားချက်ကို ​ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး Lee Dong Wook က “ကျွန်​တော့်ရဲ့ အနုပညာလမ်းခရီးမှာ တူညီတဲ့ ​နေရာမှာပဲ ရှိ​နေပြီး အ​ရှေ့ကို မ​ရွေ့​​တော့သလို​တောင် ခံစားရတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်​တော် တကယ် စိတ်မွန်းကြပ်သလို စိတ်ဖိစီးမှု​တွေလည်း ရခဲ့တယ်” လို့ ဆိုရင်း ဒါ​ကြောင့်ပဲ သူဟာ ‘Goblin’ ဇာတ်လမ်းတွဲ ရိုက်ကူးပြီးချိန်မှာ လအနည်းငယ်​လောက် ဘယ်ကိုမှ မသွားပဲ အိမ်မှာပဲ​နေခဲ့​ကြောင်းလည်း ​ထုတ်​ဖော်ပြောပြခဲ့ပါတယ်။

“‘Goblin’ ရိုက်ပြီး​​နောက် ‘ငါဘာ​ကြောင့် ဆက်တိုက် ကျရှုံး​နေရတာလဲ?’ ‘ငါဘာ​ကြောင့် ​ကောင်း​ကောင်းသရုပ်မ​ဆောင်နိုင်ရတာလဲ?’ ‘မ​အောင်မြင်မယ့်အတူတူ ​နောက်ဆုတ်လိုက်သင့်လား’ စသဖြင့် အများကြီး ကိုယ့်ဟာကိုယ်​တွေးမိတယ်။ ကျွန်​တော် သရုပ်​ဆောင်ပိုင်းမှာ မတိုးတက်လာသလို ခံစားရတယ်။ ကျွန်​တော်က သရုပ်​ဆောင်ရမယ့် ဇာတ်​ကောင်တိုင်းအတွက် အများကြီး ကြိုတင်ပြင်ဆင်​ထားလေ့ရှိတယ်။ ဒါ​ပေမဲ့ ထင်ထားသ​လောက် မလုပ်နိုင်တဲ့အခါမှာ စိတ်ဖိစီးရတယ်။

ဒီခံစားချက်က ‘Goblin’ ပြီးတဲ့​နောက်မှာ ပိုဆိုးလာတယ်။ ဒါ​​ကြောင့် ကျွန်​တော် လအနည်းငယ်​လောက် အိမ်က​နေ ဘယ်မှမသွားဖြစ်​တော့ဘူး” ဆိုပြီး Lee Dong Wook က ​ရှင်းပြခဲ့တာပါ။ ဒါ​ပေမဲ့ Lee Dong Wook ဟာ တစ်ချိန်မှာ​တော့ အိမ်မှာပဲ​နေ​​နေတာဟာ သူ့အတွက် အကူအညီမဖြစ်ဘူးဆိုတာ သ​ဘော​ပေါက်လာတယ်လို့ ဆိုပါတယ်။ နောက်ပြီး အိမ်မှာပဲ ​နေ​နေရင် စိတ်ဓါတ်ကျတာက ပိုဆိုးလာမယ်လို့ ထင်တာ​ကြောင့် ‘Strangers from Hell’ ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်​ကြောင်းလည်း ​ပြောပြခဲ့ပါ​သေးတယ်။

အဲ့ဒီ​နောက် သူက “‘Strangers from Hell’ ဇာတ်လမ်းတွဲမှာ သရုပ်​ဆောင်တုန်းက​တော့ ကျွန်​တော့်ကိုယ် ကျွန်​တော် ဖိအား​မ​ပေး​တော့ပဲ အလိုက်သင့်​လေးပဲ လုပ်သွားလိုက်တယ်။ အဲ့လိုနည်းနဲ့ သရုပ်​ဆောင်ရတာ ကျွန်​တော့်အတွက် အများကြီး ပိုပြီးလွယ်ကူလာတယ်။ ပိုပြီးလည်း စိတ်သက်သာရာရတယ်” ဆိုပြီး​တော့လည်း သူ့ရဲ့ လူမသိ​သေးတဲ့ အ​ကြောင်းအရာကို ဆက်​ပြောပြခဲ့ပါတယ်။

မင်းသား Lee Dong Wook ဟာ “My Girl”, “Goblin”, “Stranger from Hell”, “Touch Your Heart”, “Tale of Nine Tailed” အပြင် ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်​ဆောင်ဖူးပြီး ဘယ်လိုဇာတ်ရုပ်မဆို သဘာဝကျတဲ့ မျက်နှာအမူအရာ၊ဟန်ပန်​တွေနဲ့ သရုပ်​ဆောင်ချက်​တွေ​ကြောင့် ကမ္ဘာတစ်ဝန်းက K-Drama ပရိသတ်​တွေကြားမှာ ​အောင်မြင်​ကျော်ကြားပြီး လူကြိုက်များတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။ သူဟာ လက်ရှိ tvN က​နေ ​သောကြာနဲ့ စ​​နေ​​​နေ့​တွေမှာထုတ်လွှင့်ပြသ​နေတဲ့ “Bad and Crazy” ဇာတ်လမ်းတွဲမှာလည်း အကျင့်စရိုက်နဲ့ စိတ် ၂ မျိုးရှိ​နေတဲ့ စုံ​ထောက်အဖြစ် ပါဝင်သရုပ်​​ဆောင်ထားပါ​တယ်။

Source : SBS Star
Photo : SBS Star, Instagram
Written : ZL