Korean Celebrity

Dispatch တောင် ဩချလက်မြှောက်အရှုံးပေးရတဲ့ Girls Generation အဖွဲ့ဝင် Seolhyun ရဲ့ အချစ်ရေး

Korea အနုပညာလောကရဲ့ လူသိမခံရတဲ့ကိစ္စတော်တော်များများကို Dispatch က ဘဲ ဖော်ထုတ်ခဲ့တာချည်းပါဘဲ။ အထူးသဖြင့် Idol တွေရဲ့ အချစ်ရေးကိစ္စပါ။ Dispatch ဟာ ထိုကဲ့သို့ ဖော်ထုတ်ဖို့ Kpop idol တွေနောက်ကို အမြဲလိုက်လေ့ရှိပါတယ်။ 2010 တုန်းကဆို Girls Generation ဟာ အရမ်းနာမည်ကြီးတာကြောင့် member ၉ ယောက်လုံးနောက်ကို Dispatch က အမြဲလိုက်နေခဲ့ဖူးပါတယ်။

ထိုထဲကမှ တချို့ member တွေရဲ့ အချစ်ရေးဟာ Dispatch ကြောင့် ပေါ်လာခဲ့ပါတယ်။ Jessica နဲ့ စီးပွါးရေးသမား Tyler Kwon နဲ့ တွဲနေတယ်ဆိုတာ ဖော်ထုတ်ခဲ့ပြီး YoonA နဲ့ မင်းသား Lee Seung Gi date နေကြတာကိုလည်း ဖော်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး… အဖွဲ့ Leader “Taeyeon” နဲ့ EXO အဖွဲ့ဝင် “Baekhyun” တို့တွဲနေကြတယ်ဆိုတာ 2014 ခုနှစ်မှာ ဖော်ခဲ့ပါတယ်။

Yuri နဲ့ အားကစားသမား Oh Seung Hwan တို့ အချစ်ရေးကို ထပ်ဖော်ခဲ့ပါတယ်။ ထိုကဲ့သို့ member တော်တော်များများရဲ့ အတွင်းရေးတွေ ဖော်ခဲ့ပေမဲ့ အငယ်ဆုံးလေး Seohyun ရဲ့ အကြောင်းကိုတော့ မဖော်နိုင်ခဲ့ပါဘူး။ ဘယ်လောက်တောင်လည်းဆို Dispatch က Seohyun ရဲ့ နောက်ကို ဇွဲရှိရှိနဲ့ ၃နှစ်၃မိုး နောက်ယောက်ခံလိုက်ခဲ့ပါတယ်။

ဒါပေမဲ့ Seohyun ဟာ အနေအထိုင်ရိုးရှင်းလွန်းတဲ့အတွက် Dispatch ကိုယ်တိုင် လက်မြှောက်လိုက်ရပါတယ်။ အကြောင်းဟာ Seohyun သွားတတ်တဲ့နေရာဟာ cafe ဘဲရှိပြီး အမြဲတမ်း အားရင်အားသလိုစာဘဲလေ့လာနေတာကို တွေ့ရလို့ပါ။

တခါတလေမှသာ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ဆုံပြီး ကော်ဖီလေးသောက် စကားပြောတာမျိုး၊ အလုပ်အတွက် ဆွေးနွေးတာမျိုး လုပ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး Dispatch လက်မြှောက်ရတဲ့ နောက်ထပ်အမျိုးသား Idol ကတော့ SHINee အဖွဲ့ဝင် Taemin ပါ။ Taemin လည်း အပြင်ထွက်ရင် အတူတူလျှောက်လည်တာဆိုလို့ EXO အဖွဲ့ဝင် Kai နဲ့ဘဲ သွားလေ့ရှိတာမို့ Dispatch က လက်လျှော့လိုက်တာ ဖြစ်ပါတယ်။

Source: Koreaboo
Photo Credit: Koreaboo
Written: Violet