အကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် (၁၉) ရဲ့ သားကောင်ဖြစ်သွားခဲ့တဲ့ BTS’s Suga

Posted on

ကိုဗစ်ကပ်ရောဂါဟာ ပိုမိုကူးစက်မြန်လာခဲ့ပြီး အမျိုးအစားသစ်တွေလည်း ထွက်နေတာကြောင့် ကိုရီးယားအနုပညာလောကထဲမှာလည်း ကူးစက်ခံရသူတွေများလာခဲ့ပါတယ်။ ကိုယ်ခံအားနည်းလာတာနဲ့အမျှ ကူးစက်နိုင်ခြေမြင့်လာတဲ့ ဒီရောဂါကို BTS အဖွဲ့ဝင် SUGA လည်း အန်တုနိုင်ခြင်းမရှိတော့ပါဘူး။ SUGA ဟာ ကိုဗစ်ကပ်ရောဂါစစ်ဆေး‌လိုက်တဲ့အခါ Positive ဖြစ်နေခဲ့တာကြောင့် ရောဂါကူးစက်ခြင်းခံနေရပြီဖြစ်ကြောင်း HYBE ဖက်ကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီဇင်ဘာလ (၂၄) ရက်နေ့မှာတော့ ကိုရီးယားသတင်းဌာနဖြစ်တဲ့ Spot TV News ဟာ BTS’s Suga အနေနဲ့ COVID-19 ကူးစက်ခံလိုက်ရကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Suga အနေနဲ့ BTS အဖွဲ့ဝင်တွေနဲ့အတူ BTS’s PERMISSION TO DANCE ON STAGE ပွဲကြီးကို လော့စ်အိန်ဂျလိစ်မှာ ပရိသတ်ပေါင်းများစွာနဲ့ အောင်မြင်စွာကျင်းပခဲ့ပြီးနောက် ကိုရီးယားကို ‌ပြန်လာခဲ့ပါတယ်။

ပြည်ပကပြန်လာခဲ့ပြီးနောက် ရောဂါစောင့်ကြည့်ရေးစည်းကမ်းတွေအရ ကွာရန်တင်းဝင်ခဲ့ပြီးနောက် PCR ထပ်မံစစ်ဆေးခဲ့ရာမှ ရောဂါကူးစက်ခံထားရပြီဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ SUGA အနေနဲ့ ရောဂါလက္ခဏာများခံစားရခြင်းမရှိသေးပါဘူး။ ကပ်ရောဂါကုသရေးကို အကောင်းဆုံးခံယူသွားမှာဖြစ်ပြီး အရှင်းပျောက်ကင်းသည်အထိ quarantine ဝင်နေမှာဖြစ်ပါတယ်။

HYBE ကလည်း Weverse ကနေတဆင့် Suga ရဲ့ အခြေအနေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကိုရီးယားကို ပြန်ရောက်ပြီး ကွာရန်တင်းကာလမှာကတည်းက အခြား မန်ဘာ (၆) ဦးနဲ့ တွေ့ဆုံခဲ့ခြင်းမရှိခဲ့တာကြောင့် အခြေအနေကို စစ်ဆေးကြဦးမယ်ထင်ပါတယ်။ ထုတ်ပြန်ကြေညာချက်ကတော့ “Hello, BigHit Music ဖြစ်ပါတယ်။ BTS အဖွဲ့ဝင် SUGA ဟာ ကိုဗစ်ရောဂါကူးစက်ရကြောင်းကို ဒီဇင်ဘာလ (၂၄) ရက်နေ့၊ သောကြာနေ့မှာပဲ အသိပေးလိုပါတယ်။

SUGA အနေနဲ့ ၂၃ ရက်နေ့ ပြန်ရောက်ကတည်းက ကွာရန်တင်းဝင်ခဲ့ပြီးနောက် ဆေးစစ်ခဲ့ရာ ကိုဗစ်ဖြစ်နေကြောင်း သိရှိခဲ့ရပါတယ်။ SUGA ဟာ ဩဂုတ်လကတည်းက ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးကို ထိုးခဲ့ပြီးသားဖြစ်ပြီး လက်ရှိအချိန်အထိ ရောဂါလက္ခဏာတွေ မပြခဲ့ပါဘူး။ ကျန်းမာရေး‌စောင့်ရှောက်ကုသမှုတွေရဲ့ လမ်းညွှန်ချက်အတိုင်း အိမ်မှာပဲ တစ်ဦးတည်းသီးသန့် ကုသနေပြီဖြစ်ပါတယ်။

U.S. ကို မသွားခင်တုန်းက ဆေးစစ်ခဲ့ရာ Negative ဖြစ်ခဲ့သလို အမေရိကန်မှာရှိစဉ်တလျှောက်လုံးကလည်း စစ်ဆေးမှုတွေပြုလုပ်ခဲ့သူဖြစ်ပါတယ်။  ကိုရီးယားကိုပြန်ရောက်တော့လည်း သီးခြားကွာရန်တင်းဝင်ခဲ့ပြီးနောက်မှ Positive ဖြစ်နေကြောင်း ရလဒ်ထွက်လာခဲ့တာပါ။ အခြားသော အဖွဲ့ဝင်တွေနဲ့တော့ ထိစပ်ခဲ့ခြင်းမရှိသေးပါဘူး။ ကျွန်တော်တို့ရဲ့ အနုပညာရှင် SUGA ရဲ့ ကျန်းမာရေးကို အထူးဦးစားပေးအနေနဲ့ ကုသသွားပါမယ်။

အမြန်ဆုံးသက်သာပျောက်ကင်းဖို့ အကောင်းဆုံးကြိုးစားသွားပါမယ်။ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း တသွေမတိမ်းပူးပေါင်း လုပ်‌ဆောင်သွားပါမယ်” ဆိုပြီး ဖော်ပြထားခဲ့ပါတယ်။ ရောဂါအခြေအနေ ဆိုးဆိုးရွားရွာမခံစားရဘဲ အမြန်ပြန်ကောင်းလာစေဖို့ SUGA အတွက် ဆုတောင်းပေးလိုက်ပါတယ်။

Source: Koreaboo
Photos: BigHit Music
Translated by Ivy