JTBC ရုပ်သံလိုင်းကို ဖျက်သိမ်းပေးဖို့ အိမ်ပြာတော်ကို စာတင်နေကြတဲ့ K netizen များ

Posted on

တောင်ကိုရီးယားမှာ “Snow Drop” drama နဲ့ ပက်သက်တဲ့ ဂယက်တွေက မပြီးဆုံးနိုင်သေးပါဘူး ပရိတ်သတ်ကြီးရေ။ JTBC ဘက်က ပြဿနာကိုပြေလည်အောင် ဖြေရှင်းစာတွေ အမျိုးမျိုးထုတ်ခဲ့ပေမဲ့ Hater တွေရဲ့ ဒေါသကို လောင်စာထပ်ထည့်ပေးလိုက်သလိုပါဘဲ။ “Drama ဆက်မပြဖို့အရေး တို့အရေး” ဖြစ်နေတဲ့ မြှားဦးက ခုဆို JTBC ဘက်ကို လှည့်လာပါပြီ။

JTBC ရုပ်သံလိုင်းကို ဖျက်သိမ်းဖို့ သမ္မတအိမ်ပြာတော်ကို စာတင်တဲ့အထိ ခုရက်ပိုင်းမှာ ဖြစ်ပွါးခဲ့ပါတယ်။ လက်မှတ်ထိုးနေကြတဲ့သူဟာ ခုလောလောဆယ် 25000 အထိရှိနေပြီ ဖြစ်ပြီး လူဦးရေက တဖြည်းဖြည်း မြှင့်တက်နေပါတယ်။

ပြဿနာရဲ့အစ ကတော့ K netizen တွေဟာ 1980 ဝန်းကျင် Korea နိုင်ငံရဲ့ “အကြီးမားဆုံးအရွေ့” ဖြစ်ခဲ့တဲ့ အာဏာရှင်တော်လှန်ရေး (တနည်း) ဒီမိုကရေစီလှုပ်ရှားမှု သမိုင်းကို ပုံမှားရိုက်ခံရမှာ အကြောက်လွန်နေတာဖြစ်ပါတယ်။ ဒီ Drama ဟာ နာမည်ကြီး မင်းသားမင်းသမီးတွေနဲ့ရိုက်ထားတဲ့အပြင် တကမ္ဘာလုံးကပါ စိတ်ဝင်တစား ကြည့်ရှုနေကြတာမို့ “သူတို့ရဲ့ သမိုင်းကိုသာ Drama က တလွဲရိုက်လိုက်ရင်” ဆိုတဲ့ စိတ်နဲ့ အစိုးရိမ်လွန်နေကြတာ ဖြစ်ပါတယ်။

တဘက်က JTBC ဘက်ကလည်း ခုလိုပဋိပက္ခတွေကြားထဲက Drama ကို ဒေါ်လာမီလီယံချီအကုန်အကျခံ ရိုက်ကူးခဲ့ပြီး Drama ကို အဆုံးထိ ဆက်လွှင့်ဖို့အရေး သံဓိဌာန်ချထားတဲ့ပုံပါဘဲ။ ဒီတစ်ပတ်ဆို Episode (3) ပိုင်း ဆက်တိုက်ပြဖို့ ဆုံးဖြတ်ခဲ့တဲ့အထိပါ။JTBC က ပြဿနာတွေပြေလည်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ K netizen တွေက မကျေနပ်နိုင်ဘဲ JTBC ကို ဖျက်သိမ်းဖို့အထိပါ ထပ်တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

Source: Allkpop
Photo Credit:Allkpop
Written: Violet