နိုင်ငံများစွာရဲ့ Christmas နေ့ကို နူးညံ့ညင်သာတဲ့ သီချင်းလေးတစ်ပုဒ်နဲ့ လွှမ်းမိုးထားနေတဲ့ V

Posted on

BTS အဖွဲ့ဝင် V ဟာ “Our Beloved Summer” ဇာတ်လမ်းအတွက် OST သီချင်းလေးကို သီဆိုပေးမဲ့အကြောင်း သိရှိပြီးသားပါနော်။ December 24 ရက်နေ့မှာတော့ ခရစ်စမတ်နေ့အမီ နူးညံ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ “Christmas Tree” လေးကို လက်‌ဆောင်အဖြစ် ထွက်ရှိပေးခဲ့တာပါ။

သီချင်းတပုဒ်လုံးဟာ ညင်သာတဲ့သံစဉ်နဲ့အတူ V ရဲ့ ဆွေးဆွေးမြေ့မြေ့အသံလေးကြောင့် အလွမ်းဓာတ်ခံရှိသူတွေအဖို့ အေးမြတဲ့ဆောင်းညမှာ အတွေးနယ်ချဲ့လို့ကောင်းစေမယ့် သီချင်းလေးပါပဲ။ ကောင်းမွန်တဲ့သီချင်းသစ်လေးဖြစ်တာကြောင့် BTS’s V ဟာ နိုင်ငံပေါင်းများစွာရဲ့ ဂီတ charts ပေါင်းများစွာမှာ ထိပ်ဆုံးက နေရာယူနေပါပြီ။

ထွက်ရှိပြီး ၂ နာရီအတွင်းမှာပဲ နိုင်ငံပေါင်း ၅၃ ရဲ့ iTunes chart မှာ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဒီစံချိန်ကြောင့်ပဲ တကိုယ်တော်သီချင်းများအနက် အဆင့် (၁) ရရှိခဲ့တဲ့ အမြန်ဆုံးသီချင်းအဖြစ် သမိုင်းသစ်ရေးထိုးခဲ့ပါတယ်။ လက်ရှိအချိန်အထိ ‘Christmas Tree’ သီချင်းဟာ အနောက်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၇၂ နိုင်ငံမှာ ထိပ်ဆုံးကရပ်တည်နေပြီး အချိန်နဲ့အမျှ ဦးဆောင်မှုစာရင်းက မရေတွက်နိုင်အောင်ဖြစ်နေပါပြီ။

အမေရိကန်နိုင်ငံမှာလည်း သီချင်းအပြင် တီးလုံးသီးသန့်ကပါ ထိပ်ဆုံး (၂) နေရာကို ရယူထားတာကြောင့် အရှိန်အဟုန်နဲ့ကို လွှမ်းမိုးနေခဲ့တာဖြစ်ပါတယ်။ စံချိန်မှတ်တမ်းတွေအရ V ရဲ့ ‘Christmas Tree’ နဲ့ ‘Sweet Night’ OST (၂) ပုဒ်ဟာ U.S. iTunes မှာ နံပါတ် (၁) နေရာကို ထွက်ထွက်ချင်း သိမ်းပိုက်နိုင်ခဲ့တဲ့ ကိုရီးယား OST သီချင်းတွေဖြစ်ပြီး Kpop အဆိုတော်တွေထဲမှာ ဘယ်သူကမှ OST သီချင်းတည်းနဲ့ ဒီစံချိန်မျိုးကို ရရှိခြင်းမရှိသေးပါဘူး။

‌ဒီဇင်ဘာလရဲ့ ထူးမြတ်တဲ့နေ့မှာ V ရဲ့ Christmas လက်ဆောင်ကြောင့် အားလုံးလည်း ကျေနပ်နေကြမယ်ထင်ပါတယ်။ သီချင်းစာသားလေးတွေကလည်း English လိုကော ကိုရီးယားလိုပါ ပေါင်းစပ်ရေးသားထားတာကြောင့် အလွယ်တကူ လိုက်ပါသီဆိုနိုင်ပါတယ်။ V ရဲ့ ခရစ်စမတ်သီချင်းလေးနဲ့အတူ အေးမြတဲ့ဆောင်းညကို ကြည်နူးစွာဖြတ်သန်းနိုင်ကြပါစေနော်။

Source: Allkpop
Photos: Allkpop
Translated by Ivy