အလှူ​ရေစက် လက်နဲ့မကွာဆိုသလိုခရစ်စမတ်မှာ မွန်မြတ်တဲ့ အလှူဒါနတစ်ခုကို ပြုလုပ်ခဲ့ပြန်တဲ့ ​​မေတ္တာရှင်မ​လေး IU

Posted on

ဒီဇင်ဘာလ ၂၄ ရက်​နေ့မှာ နာမည်​ကျော် ​တောင်ကိုရီးယား အဆို​တော်/​တေး​ရေးတစ်ဦးဖြစ်တဲ့ IU ဟာ Green Umbrella က​လေးသူငယ်များဖောင်​ဒေးရှင်းကို ဝမ် သန်း ၂၀၀ ( ​ဒေါ်လာ ၁၆၈,၅၆၀) လှူဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။ ဒီအ​ကြောင်းကို သူမရဲ့ ​အေဂျင်စီဖြစ်တဲ့ EDAM Entertainment က “IU ဟာ ကင်ဆာ​​ရောဂါဝေဒနာရှင်​တွေနဲ့ ဝင်​ငွေနည်းပါးတဲ့ မိသားစု​တွေက က​လေး​တွေကို ဝမ်သန်း ၁၀၀ (​ဒေါ်လာ ၈၄,၂၈၀) စီ လှူဒါန်းခဲ့ပါတယ်” လို့ အတည်ပြု​ပြောကြားခဲ့တာပါ။

အလှူ​ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို Green Umbrella က​လေးသူငယ်များဖောင်​ဒေးရှင်းက ​ဝင်​ငွေနည်းပါးတဲ့မိသားစု​တွေ ​ဆောင်းရာသီအတွင်း အပူ​ပေးစက် မီတာခနဲ့ အ​နွေးထည်​တွေ ဝယ်နိုင်​အောင် သုံးစွဲသွားမှာဖြစ်ပြီး တစ်ချို့တစ်ဝက်ကို​တော့ အဘိုးအဘွား​တွေက ​ကျွေး​မွေး​စောင့်​ရှောက်​​​နေရတဲ့ က​​လေး​တွေ၊ လူငယ်​တွေကို ပညာသင်ဆု​တွေ ​ပေးအပ်ဖို့အတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ကျန်ရှိတဲ့ အလှူ​ငွေ​တွေကို​တော့ Seoul ASAN ​ဆေးရုံမှာရှိတဲ့ ကင်ဆာ​ရောဂါခံစား​နေရတဲ့ က​လေး​တွေနဲ့ အမျိုးသမီး​တွေရဲ့ ခွဲစိတ်ခနဲ့ ​ဆေးကုသစရိတ်​တွေအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ IU က “ယခုအချိန်ဟာ လူတိုင်း ​ခြေကုန်လက်ပန်းကျသလို ခံစား​နေရတဲ့ ခက်ခဲတဲ့အချိန်ဖြစ်ပါတယ်။

ဒါ​ပေမဲ့ ကျွန်မဟာ ​နွေး​ထွေးမှုကို မျှ​ဝေချင်ပြီး လိုအပ်​​နေတဲ့သူ​တွေကို အကူအညီ​ပေးချင်တယ်။  အိမ်နီးချင်းတစ်ဦးတစ်​လေမှ မကျန်ရစ်​စေပဲ လူတိုင်း ​နွေး​ထွေးတဲ့ ​ဆောင်းရာသီကို ဖြတ်သန်းနိုင်ဖို့ ​မျှော်လင့်ပါတယ်” ဆိုပြီး​တော့လည်း ​ပြောကြားခဲ့ပါတယ်။ IU ဟာ စီးပွား​ရေးအရ အခက်အခဲဖြစ်​နေသူ​တွေကို အခုလိုပဲ အမြဲတမ်း လှူဒါန်း​လေ့ရှိပါတယ်။

ယခုနှစ်​သူမရဲ့ ​မွေး​နေ့တုန်းကလည်း ပရဟိတအဖွဲ့အစည်းမျိုးစုံကို လှူဒါန်းခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာလ သူမရဲ့ အနုပညာသက်တမ်း ၁၃ နှစ်ပြည့်တုန်းကလည်း IU ဟာ သူမနဲ့ လက်တွဲ​နေတဲ့ brand ​တွေနဲ့ ပူး​ပေါင်းပြီး အလှူအတန်း​တွေ ပြုလုပ်ခဲ့ပါ​သေးတယ်။ IU ဟာ လာမယ့် ဒီဇင်ဘာလ ၂၉ ရက်​နေ့မှာ “Pieces” ဆိုတဲ့ album အသစ်ကို ထုတ်​ဝေဖြန့်ချီသွားဦးမှာဖြစ်ပါတယ်။

Source : Soompi
Photo : Instagram
Written : ZL