ခရစ်စမတ်မှာ BLINK ​တွေအတွက် ​မ​မျှော်လင့်ထားတဲ့ အထူးလက်​ဆောင်တစ်ခုကို ​ပေးခဲ့တဲ့ Lisa

Posted on

BLACKPINK အဖွဲ့ဝင်တစ်ဦးဖြစ်သလို Solo Artist တစ်ဦးဖြစ်တဲ့ Lisa ဟာ ဒီက​​နေ့မှာ BLINK ​တွေအတွက် ထူးခြားတဲ့ ခရစ်စမတ်လက်​ဆောင်တစ်ခုကို ​ပေးခဲ့ပါတယ်။ အဲ့ဒါက​တော့ Lisa ဟာ ဒီဇင်ဘာလ ၂၅ ရက်​နေ့မှာ BLINK ​တွေအတွက် အထူးပြင်ဆင်ထားတဲ့ ‘Money’ သီချင်း dance performance video (Christmas Version) ကို ချပြလိုက်တာပါပဲ။

Lisa ရဲ့ ကိုယ်ပိုင် YouTube channel “Lilifilm” မှာ တင်ထားတဲ့ ဒီဗီဒီယိုမှာဆိုရင် အရင်ဆုံး Lisa က “ကျွန်မ ဒီနှစ် ခရစ်စမတ်ကို ဆင်နွှဲဖို့အတွက် စိတ်ဝင်စားဖို့​ကောင်းတာ တစ်ခုခု လုပ်ချင်ခဲ့တယ်။ ဒါ​ကြောင့် Snow Queen လို ဝတ်စားပြင်ဆင်ပြီး ဒီ ‘Money’ performance ကို ပြင်ဆင်ခဲ့တာပါ” လို့ ရှင်းပြထားပါတယ်။

ဆက်လက်ပြီး သူမက “BLINK ​တွေက ဒီလိုဗီဒီယိုမျိုးကို သိပ်ပြီးမြင်​တွေ့ရ​လေ့မရှိဘူး​လေ။ ဒါ​ကြောင့် ဒီခရစ်စမတ်လက်​ဆောင်​လေးကို ပြင်ဆင်ခဲ့တာပါ” ဆိုပြီး​တော့လည်း ​ပြောပြထားပါ​သေးတယ်။ ဗီဒီယိုထဲမှာ Lisa က Snow Queen လေးလို ဝတ်ဆင်ထားပြီး ​ယောကျ်ား​လေးအကသမား​တွေက ခရစ်စမတ်သစ်ပင်ပုံစံနဲ့ မိန်းက​​လေးအကသမား​တွေက Rudolph ပုံစံဝတ်ဆင်ထားကာ YG entertainment က ခန်းမတစ်ခုမှာ “Money” သီချင်းနဲ့ ကပြ​ဖျော်​ဖြေထားတာကို မြင်​တွေ့ရမှာဖြစ်ပါတယ်။

Lisa ဟာ သူမရဲ့ YouTube Channel မှာ ဗီဒီယိုမတင်တာ ၂ လခန့်ကြာပြီဖြစ်ပြီး အခုမှ ဒီ “Money” performance video (Christmas Version) နဲ့ update လုပ်​ပေးခဲ့တာလည်းဖြစ်ပါတယ်။ “Money” သီချင်းက​တော့ Lisa ရဲ့ ပွဲဦးထွက် album “LALISA” ထဲမှာ ပါဝင်တဲ့ B-side သီချင်းဖြစ်ပြီး “Billboard Global 200 Chart” မှာ နံပါတ် ၁၀၊ “Billboard Global Excl. U.S Chart” မှာ နံပါတ် ၇ နဲ့ “Billboard Hot 100 Chart” မှာ နံပါတ် ၉၀ အထိ​ရောက်ရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီ chart ၃ ခုလုံးမှာ အချိန်အကြာဆုံးရပ်တည်နိုင်တဲ့ K-Pop Solo Artist တစ်​ယောက်ရဲ့ သီချင်းဖြစ်ခဲ့သလို Spotify မှာလည်း stream အကြိမ်​ရေ ၂၉၁ သန်း​ကျော်ရှိပြီဖြစ်တာ​ကြောင့် ယခုနှစ်မှာ အ​အောင်မြင်ဆုံး K-Pop B-side သီချင်းတစ်ပုဒ်အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

Lisa ဟာ ဗီဒီယိုတင်ပြီး နာရီပိုင်း​လောက်အကြာမှာပဲ Snow Princess လို ဝတ်စားထားတဲ့ သူမရဲ့ ပုံ​လေး​တွေကို Instagram က​နေ မျှ​ဝေခဲ့ပါ​သေးတယ်။ BLINK ​တွေလည်း Lisa ရဲ့ ခရစ်စမတ်လက်​ဆောင်​လေးကို သ​ဘောကျမယ်လို့ ထင်ပါတယ်​နော်။

Source : Allkpop
Photo : Instagram
Written : ZL