ခရစ်စမတ်နေ့မှာ BTS အဖွဲ့ဝင် ၂ ဦး Covid-19 ရောဂါကူးစက်ခံထားရကြောင်း HYBE အသိပေး

Posted on

ဒီနေ့ Christmas နေ့ ညနေခင်းမှာ HYBE entertainment က စိတ်ပူစရာ သတင်းတခု ထုတ်ပြန်ခဲ့ပါတယ်။ BTS member တွေထဲက RM နဲ့ Jin ဟာ Covid-19 positive ဖြစ်နေကြောင်း အတည်ပြုစာ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ မနေ့က Suga ကူးစက်ခံရကြောင်း သတင်းထွက်လာပြီးနောက်မှာ ခုလိုမျိုး ထပ်ကြားရတာမို့ ARMY တွေအတွက်တော့ စိတ်မကောင်းစရာပါဘဲ။

BTS အဖွဲ့ဝင်တွေဟာ December 17 ရက်နေ့က United State ကနေ ပြန်လာခဲ့ကြတာဖြစ်ပြီး ရောက်ရောက်ချင်း PCR test စစ်ခဲ့သလို Quarantine လည်း ဝင်နေကြပါတယ်။ အဖွဲ့ခေါင်းဆောင် RM ရဲ့ Result ဟာ Quarantine မဝင်ခင် စစ်တုန်းက negative ထွက်ခဲ့ပေမဲ့ ခု Quarantine ဝင်နေတုန်း ထပ်စစ်ကြည့်တော့ positive အဖြေထွက်ရှိလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် ရောဂါခံစားနေရတဲ့လက္ခဏာမျိုး ပြတာမရှိဘူး လို့ သိရပါတယ်။

အဖွဲ့ထဲက အသက်အကြီးဆုံး member “Jin” ကတော့ Korea ကို RM ထက်စောပြီး December 6 ရက်နေ့က ပြန်ခဲ့တာဖြစ်ပါတယ်။ Jin လည်း PCR test စစ်ခဲ့သလို Self- Quarantine ဝင်ခဲ့ပါတယ်။ ထိုစဉ်တုန်းက တောက်လျှောက် ဆေးစစ်ရလဒ် negative တွေဘဲ ထွက်ခဲ့တာပါ။ သို့သော်လည်း ဒီကနေ့ နေ့လည်ခင်းမှာ အအေးမိသလိုလို ဖြစ်နေလို့ PCR test ထပ်စစ်ကြည့်ခဲ့ရာမှ positive ဖြစ်နေတာကို သိလိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါလက္ခဏာက သိပ်မပြင်းထန်တာမို့ အိမ်မှာဘဲ အနားယူရင်း ကုမယ် လို့သိရပါတယ်။

တကယ်ဆို RM နဲ့ Jin နှစ်ယောက်လုံးဟာ August လကုန်လောက်မှာ ကာကွယ်ဆေး ဒုတိယကြိမ်မြောက် ထိုးပြီးသားပါ။ ပြီးတော့ ခု အိမ်မှာ သေချာကုသအနားယူနေကြတာမို့ အမြန်ဆုံး ပြန်ကောင်းလာနိုင်ပါတယ်။ member တွေအကုန်လုံးဟာ Korea ကို ပြန်ရောက်ရောက်ချင်း self-Quarantine ဝင်နေကြတာမို့ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံကြတာမျိုးလည်း မရှိပါဘူး။

HYBE ဘက်ကလည်း RM နဲ့ Jin အမြန်ဆုံး ပြန်လည်သက်သာလာဖို့ ပထမဦးစားပေးအနေနဲ့ ဆောင်ရွက်သွားမယ်လို့ ကတိပေးထားပါသေးတယ်။ ဒါကြောင့်မို့ ပရိတ်သတ်ကြီးတို့ အရမ်းကြီးမစိုးရိမ်ဘဲ စိတ်အေးအေးထားပြီး သူတို့ ပြန်သက်သာလာဖို့သာ ဆုတောင်းလိုက်ကြရအောင်နော်…

Source: Allkpop
Photo Credit: Allkpop
Written: Violet