Korean Celebrity

မင်းသားကြီး Lee Byung-hun, Park Seo-joon, Ma Dong-seok တို့ကို တစုတစည်းထဲတွေ့ရမဲ့ 2022 ခုနှစ်ထွက် ရုပ်ရှင်ဇာတ်ကားသစ်

အက်ရှင်ဇာတ်ကားတွေပိုင်တဲ့ မင်းသားတွေ ဖြစ်တဲ့ Lee Byung-hun, Park Seo-joon, Ma Dong-seok တို့ကို တစုတစည်းတည်း တွေ့ရမဲ့ အခွင့်အရေး ပေါ်လာပါပြီနော် ပရိတ်သတ်ကြီးရေ..သူတို့ပါတဲ့ ရုပ်ရှင်ဇာတ်ကားကြီး 2ခုနဲ့ ဇာတ်လမ်းတွဲဟာ 2022 ခုနှစ်မှာ ထွက်ရှိမှာ ဖြစ်တယ်လို့်သိရပါတယ်။

ဇာတ်ကားနာမည်ကတော့ “Concrete Utopia” ဖြစ်ပြီး Kim Sung-nyung ရေးသားထားတဲ့ “Happy Outcast” webtoon ကို အခြေခံရိုက်ကူးထားတာပါ။ ဇာတ်ကြောင်းကတော့ Seoul မှာ ငလျင်အကြီးစားတစ်ခုဖြစ်ပွါးခဲ့ပြီး အဆောက်အအုံထဲမှာ ရှင်ကျန်ခဲ့တဲ့သူတွေက ဘယ်လိုရှေ့ဆက်အသက်ရှင်အောင် ကြိုးစားကြသလဲဆိုတာ ဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။

“Concrete Utopia-1” ဟာ ဒီနှစ် August လ ထဲက ရိုက်ကူးပြီးသွားပြီဖြစ်ပြီး ဒါရိုက်တာ Um Tae-hwa က ဦးဆောင်ရိုက်ကူးခဲ့တာပါ။ ဒီအပိုင်း (၁) မှာ Lee Byung-hun, Park Seo-joon, Park Bo-young, Kim Sun-young, Park Ji-hoo အစရှိတဲ့ မင်းသားမင်းသမီးတွေ ပါ ပါတယ်။ အပိုင်း(1) တောင်မပြသရပေမဲ့ အပိုင်း(၂) ဆက်ရိုက်ဖို့ ဆွေးနွေးနေကြပြီး အပိုင်း(၂) မှာ မင်းသား Ma Dong-seok ထပ်ပါလာမယ်လို့ ဒီကနေ့ December 27 ရက်နေ့မှာ အတည်ပြုပေးခဲ့ပါတယ်။

“Concrete Utopia-2” ကိုတော့ “The Good, the Bad, the Weird”, “New World”, “Vincenzo” and “D.P” အစရှိတဲ့ကားကောင်းတွေ ရိုက်ဖူးခဲ့တဲ့ ဒါရိုက်တာ Heo Myung-haeng ရိုက်မယ်လို့ သိရပါတယ်။ “Concrete Utopia” ကို တာဝန်ယူထားတဲ့ အေဂျင်စီဟာ Lotte Entertainment နဲ့ Climax Studio ဖြစ်ပြီး ဒီဇာတ်ကား အောင်မြင်မယ်ဆိုတာ တော်တော်ယုံကြည်ထားတာ ပုံရပါတယ်။

အကြောင်းက ခုလို 2 နာရီကျော်စာ ကြာမဲ့ ရုပ်ရှင်ဇာတ်ကားကြီး (2) ပိုင်းကို တစ်ပိုင်းပြီးတစ်ပိုင်း ဆက်တိုက်ရိုက်နေတဲ့အပြင် K-drama ဇာတ်လမ်းတွဲအရှည်ကြီးအဖြစ်လည်း အသက်သွင်းထားပါသေးတယ်။ Series နာမည်ကတော့ “Concrete Market” ဖြစ်ပြီး November 14 ထဲက ရိုက်ကူးနေပါတယ်။

အဆိုပါ Series ဟာ “Concrete Utopia” ဇာတ်ကားအကြောင်း အကျယ့်တဝင်ရိုက်နေတာ ဖြစ်ပြီး ဒါရိုက်တာကတော့ Hong Ki-won ပါ။ ပါဝင်တဲ့ မင်းသားမင်းသမီးတွေကတော့ Lee Jae-in, Hong Kyung, Jung Man-sik, Kim Kook-hee, Yoo Soo-bin, Choi Jung-woon, Song Ji-in တို့ ဖြစ်ပါတယ်။

Covid-19 ဖြစ်ပွါးနေတဲ့ အခြေအနေကြားက ရိုက်ကူးနေရတာမို့ ဇာတ်ကားထွက်ရှိမဲ့နေ့တွေတော့ အတိအကျမထုတ်ပြန်နိုင်သေးပါဘူး။ ဒါပေမဲ့ “Concrete Utopia-1” ကိုတော့ နောက်နှစ်ထဲပြသနိုင်ဖို့ စီစဉ်နေပါတယ်တဲ့။ အပိုင်း (1)ရုံတင်ပြ ပြီးရင် “Concrete Market” series ပြမှာ ဖြစ်ပြီး နောက်ဆုံးမှ “Concrete Utopia 2” ကို ထုတ်လုပ်မယ်လို့ သိရပါတယ်။

ဒီ ဇာတ်လမ်းကြီးဟာ Marvel Cinematic Universe (MCU) လိုမျိုး ဇာတ်ကောင်မိတ်ဆက်တွေ အများကြီးပါတဲ့ ပထမဆုံး Korean making video ဖြစ်လာမယ်လို့ သိရပါတယ်။ ပြီးတော့ကမ္ဘာကျော်မင်းသားကြီးတွေပါတဲ့ ဇာတ်လမ်းရှည်ကြီး ဖြစ်တာမို့ လက်မလွှတ်တန်း ကြည့်ရှုသင့်ပါတယ်နော်။

Source:Kbizcom
Photo Credit: Kbizcom
Written: Violet