Korean Celebrity

အားလုံးမျှော်နေကြတဲ့ “Sweet Home 2” မှာ ဇာတ်ကောင်အသစ်အနေနဲ့ပါလာမဲ့ B1A4 အဖွဲ့ဝင် Jingyoung

2020 ခုနှစ်က ထွက်ရှိခဲ့တဲ့ “Sweet Home” Netflix series ဟာ ထွက်ထွက်ချင်း အရမ်းနာမည်ကြီးခဲ့ပြီး Global ranking မှာတောင် နံပါတ် ၃ ချိတ်ခဲ့ပါတယ်။ Season-1 မှာ မင်းသား Song Kang က အဓိက ဇာတ်တောင်ဖြစ်ပြီး Lee Jin-wook, Lee Si-young, Lee Do-hyun, Go Min-si, Park Gyu-young အစရှိတဲ့ မင်းသားမင်းသမီးတွေ ပါဝင်ပါတယ်။

ဇာတ်ကြောင်းကတော့ အထက်တန်းကျောင်းသား Song kang ဟာ အဆောက်အအုံတစ်ခုကို အိမ်ပြောင်းခဲ့ပါတယ်။ အိမ်ပြောင်းပြောင်းချင်း ထိုအိမ်ရာမှာ ကြောက်မက်ဖွယ်ရာအကောင်တွေ ပေါ်လာခဲ့ပါတယ်။ ထိုအိမ်ရာကနေ လွတ်အောင်ကြိုးစားကြမဲ့ မိသားစုတွေအကြောင်း မျိုးစုံရိုက်ထားတာပါ။ season 1 နောက်ဆုံးပိုင်းမှာတော့ မိသားစုဝင်တချို့ကို ရဲတွေက လာကယ်ထုတ်ပေးသွားတဲ့အကြောင်းနဲ့ အဆုံးသတ်ထားပါတယ်။

ဇာတ်လမ်းဟာ ရှေ့ဆက်ကြည့်ချင်အောင် တန်းလန်းကြီး ဖြတ်ခဲ့တာမို့ season 2 ထွက်ဖို့ ပရိတ်သတ်တွေ မျှော်နေကြတာခုဆို တစ်နှစ်ကုန်ပါပြီ။ ပရိတ်သတ်တွေတောင်းဆိုမှုအရ နောက်နှစ်အစပိုင်းမှာ “SweetHome 2” စရိုက်တော့မှာ ဖြစ်ကြောင်း ဒီနေ့ December 27 ရက်နေ့မှာ အသိပေးခဲ့ပါတယ်။ Song Kang ,Lee Jin-wook တို့အပြင် နောက်ထပ် ခေါင်းဆောင်မင်းသား အသစ်ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

သူကတော့ တခြားမဟုတ်ပါဘူး။ B1A4 အဖွဲ့ဝင် Jingyoung ပါ။ Jinyoung ဟာ Idol-actor အဖြစ် လုပ်နေတဲ့ စွယ်စုံရ အနုပညာရှင်ဖြစ်ပြီး ဒီနှစ် 8လ ပိုင်းတုန်းကဆို KBS 2TV က လွှင့်ခဲ့တဲ့ “Police University” ထဲမှာ ဇာတ်ဆောင်မင်းသားအဖြစ် သရုပ်ဆောင်ထားပါတယ်။

Source: Kbizcom
Photo Credit: Kbizcom
Written: Violet