ARMY ​တွေ လုပ်​ပေးထားတဲ့ ​မွေး​နေ့ event ​နေရာ​​ကို ကိုယ်တိုင်သွား​ရောက်လည်ပတ်ခဲ့တဲ့ V

Posted on

လာမယ့် ဒီဇင်ဘာလ ၃၀ ရက်​နေ့မှာ BTS အဖွဲ့ဝင် V ရဲ့ ၂၆ နှစ် (ကိုရီးယားအသက် ၂၇ နှစ်) ပြည့် ​မွေး​နေ့ကျ​ရောက်​တော့မှာဖြစ်တဲ့အတွက် NUNA V နဲ့ VBAR တို့လို fansite ကြီး​တွေဟာ ​တောင်ကိုရီးယားနိုင်ငံနဲ့ ကမ္ဘာ့​နေရာအနှံ့အပြားမှာ ​မွေး​နေ့ပ​ရောဂျက်ကြီး​တွေကို ပြုလုပ်ပြီး ဆင်နွှဲလျက်ရှိကြပါတယ်​။

ဒါကို V ကိုယ်တိုင်လည်း သိတဲ့အတွက် သူဟာ ယခုလ ၁၉ ရက်​နေ့က “​မွေး​နေ့ event လုပ်​နေတဲ့ ​နေရာ​တွေက ဘယ်​နေရာ​တွေလဲဆိုတာ သိလို့ရနိုင်မလား” ဆိုပြီး Weverse က​နေတစ်ဆင့် ARMY ​တွေကို ​မေးမြန်းခဲ့ပါတယ်။ ထိုအခါ ARMY ​တွေကလည်း သူတို့သိသမျှ အ​ကောင်းဆုံးနဲ့ အလှပဆုံး​နေရာ​တွေကို V ကို ညွှန်ပြ​ပေးခဲ့ကြပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်​နေ့ညမှာ​တော့ V ဟာ ARMY ​တွေ ခန့်မှန်းထားတဲ့အတိုင်း ဆိုးလ်မြို့မှာရှိတဲ့ သူ့ရဲ့ ​မွေး​​နေ့ event ​နေရာ​တစ်ခုကို သွား​ရောက်လည်ပတ်ခဲ့ပါ​တယ်။ သူက အဲ့ဒီ​နေရာမှာ ရိုက်ထားတဲ့ ဗီဒီယို​​လေးတွေိကိုလည်း Instagram Story မှာ ပြန်လည်မျှ​ဝေခဲ့ပါ​သေးတယ်။

ဆိုးလ်မြို့ရဲ့ ​ဆောင်းရာသီက အလွန်ချမ်း​အေး​နေ​ပေမဲ့ V က​တော့ fan ​တွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပြီး သူ့ရဲ့ ချစ်ခြင်း​မေတ္တာကို ပြန်လည်​ဖော်ပြတဲ့အ​နေနဲ့ အခုလို သွား​ရောက်ဖို့ ဆုံးဖြတ်ခဲ့ပုံပါပဲ။ V တင်ထားတဲ့ ဗီဒီယို​တွေထဲကတစ်ခုမှာဆိုရင် V ဟာ ဓါတ်ပုံအရိုက်ခံ​နေရာက​နေ “ကျွန်​တော် နည်းနည်း​တောင် ရှက်လာသလိုပဲ။ ရိုက်ပြီးပြီလား? မြန်မြန်သွားရ​အောင်” ဆိုပြီး ဓါတ်ပုံရိုက်​ပေး​နေတဲ့သူကို လှမ်း​​ပြော​နေတာကိုလည်း ​ကြားခဲ့ရပါတယ်။

ဒီလိုမျိုး V ရဲ့ Instagram update ​လေး​တွေကို ​တွေ့ရတဲ့အခါမှာ​တော့ ပရိသတ်​တွေဟာ “သူက အရမ်း စဉ်းစား​ပေးတတ်တာပဲ” ၊ “ဆိုးလ်မှာ အခု ​အေးခဲ​နေ​အောင် ​အေး​နေမယ်ဆိုတာ ငါ​ကြည့်ရုံနဲ့ ပြောနိုင်တယ်။ သူ့တစ်ကိုယ်လုံးကို အပြည့်ထုပ်ပြီး ဝတ်လာတာပဲ။ အရမ်းချစ်ဖို့​ကောင်းတာပဲ” ၊ “ဒါက အရမ်းကို အဓိပ္ပါယ်ရှိတဲ့ လုပ်ရပ်ပဲ” ၊ “Sweet ဖြစ်လိုက်တာ” ၊ “​ကျေးဇူးတင်ပါတယ်” စသဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။

Source : Koreaboo, SBS Star
Photo : Instagram, Weverse
Written : ZL