Korean Celebrity

နှစ်ပေါင်းများစွာကြာပြီးမှ SS501 အဖွဲ့ဝင်နှစ်ဦးရဲ့ ကြည်နူးစရာ ပြန်လည်တွေ့ဆုံမှု

Kpop ကို 2nd Generation ထဲက အားပေးခဲ့တဲ့ kpopper တွေဆို SS501 ကိုမသိတဲ့လူမရှိပါဘူး။ အဖွဲ့ဝင်တွေထဲက Kim Hyun Joong ဟာ နာမည်ကျော် F4 ဇာတ်လမ်းတွဲမှာ ဂျီဟို အဖြစ်သရုပ်ဆောင်ခဲ့တာမို့ K-drama ပရိတ်သတ်တွေကပါ SS501 အဖွဲ့ကို အားပေးခဲ့ကြပါတယ်။

ပြီးတော့ F4 ဇာတ်လမ်းတွဲရဲ့ နာမည်ကြီးဇာတ်ဝင်တေး “Making a lover” သီချင်းကို ဆိုပေးခဲ့တဲ့အဖွဲ့ဟာလည်း SS501 ဘဲ ဖြစ်ပါတယ်။ 2005 ခုနှစ်ထဲက ပွဲဦးထွက်ခဲ့တဲ့ သူတို့ဟာ 2007 ခုနှစ်မှာ တဟုန်ထိုးအောင်မြင်ခဲ့ပြီး ကမ္ဘာပတ်ပြီး concert ကျင်းပနိုင်ခဲ့သည့်အထိ ဖြစ်ပါတယ်။ 2011 အထိ အဖွဲ့ဝင် ငါးယောက်လုံး တစုတစည်းထဲ ရှိခဲ့ပေမဲ့ ထိုနောက်ပိုင်းမှာ solo လှုပ်ရှားမှုတွေ နဲ့သာ ရပ်တည်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဆင်ပြေရင်ပြေသလို anniversary ပွဲတွေကိုတူတူကျင်းပ ပါတယ်။ 2016 ခုနှစ်မှာတော့ SS301 ဆိုပြီး unit အသစ်တခုဖွဲ့ပြီး Album တွေ ထပ်ထုတ်ခဲ့ပါတယ်။ ဒီကြားထဲမှာ member တွေရဲ့ စစ်မှုထမ်းအချိန်ဇယားတွေကြောင့် album တွေ ထုတ်ပေမဲ့ အဖွဲ့ဟာ စုံစုံလင်လင်မဖြစ်ခဲ့ပါဘူး။

2019 ခုနှစ်မှာတော့ Kim Hyun Joong ဟာ စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့ပါတယ်။ ထိုစဉ်တုန်းက December မှာကျင်းပခဲ့တဲ့ Kim Hyun Joong ရဲ့ Christmas fan meeting ပွဲကို Heo Young-Saeng က တက်ရောက်ဖျော်ဖြေပေးခဲ့ပါတယ်။ ထိုအချိန်ထဲက Hyun Joong နဲ့ SS501 member တွေကို တွဲမမြင်ရတာ ခု ထိပါဘဲ။

ဒါပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက Hyung Joong က သူ့ကိုယ်ပိုင် YouTube Channel မှာ SS501 member special အပိုင်းဆိုပြီး Heo Young-Saeng နဲ့ တနေ့တာ Camping တူတူသွားခဲ့တဲ့ အကြောင်းလေးကို တင်ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ရှေးဟောင်းနှောင်းဖြစ်အကြောင်းတွေ ပြောခဲ့ကြပြီး တစ်ယောက်သီချင်း တစ်ယောက်အကြောင်းလည်း အပြန်အလှန်ဆွေးနွေးအားပေးခဲ့ပါတယ်။

ထို video ကိုကြည့်ရှုသူ ပရိတ်သတ်တွေအဖို့ ငယ်ဘဝကို ပြန်ရောက်သွားသလို ခံစားရမယ်ဆိုတာ သေချာပါတယ်။ ပြီးတော့ Hyun Joong က SS501 member တွေနဲ့ အတူတူ သီချင်းပြန်ဆိုချင်ကြောင်း ပြောထားပါသေးတယ်။ ဒါကြောင့် SS501 fan တွေ မျှော်နေတဲ့ သူတို့ရဲ့ Group comeback အမြန်ဆုံးဖြစ်လာနိုင်ချေရှိပါတယ်နော်…

Source: Allkpop
Photo Credit: Allkpop
Written: Violet