Korean Celebrity

EXO အဖွဲ့ဝင် Ohsehun ရဲ့ မြှားပစ် skill တွေကို တဝကြီး ကြည့်ရှူရမဲ့ “Pirates-2” ရုပ်ရှင်ဇာတ်ကားကြီး

နာမည်ကြီးမင်းသား မင်းသမီးတွေပါတဲ့ “Pirates-2” ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင် ကျရောက်မဲ့ “နှစ်သစ်လမုန့်ပွဲတော်နေ့” ရောက်ရင် Korea မှာ ပြသတော့မှာပါ။ ကားမပြသခင် ဇာတ်ကားမိတ်ဆက်ပွဲကို လွန်ခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ထိုပွဲကို ဒါရိုက်တာနဲ့အတူ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ မင်းသားမင်းသမီးတွေတက်ရောက်ခဲ့ပြီး ဇာတ်ကားရိုက်ကူးတုန်းက အတွေ့အကြုံတွေ၊ ဇာတ်ကောင်မိတ်ဆက်တွေကို သိုက်သိုက်ဝန်းဝန်း ပြောဆိုခဲ့ကြပါတယ်။

ဒီကားမှာ ဝါရင့်မင်းသားမင်းသမီးများစွာအပြင် Idol-actor ဖြစ်သူ EXO အဖွဲ့ဝင် Sehun လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားမှာပါဝင်တဲ့ Sehun ရဲ့ ဇာတ်ရုပ်ကထူးခြားပြီး hidden character ဆိုလည်း မမှားပါဘူး။ ဓားတွေနဲ့ကြမ်းရမ်းနေကြတဲ့ ပင်လယ်ဓားပြတွေကြားထဲမှာ Sehun ဟာ လေးအတတ်ကို တဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ မြှားသမား “Han Goong” အဖြစ် သရုပ်ဆောင်ထားပါတယ်။

“Han Goong”ဟာ တနည်းအားဖြင့် ပင်လယ်ဓားပြလှေပိုင်ရှင် “Hae Rang” ရဲ့ ယုံကြည်အားကိုးရဆုံး လူယုံလည်း ဖြစ်ပါတယ်။ရတနာတွေရှာနေကြတဲ့ ပင်လယ်ဓားပြအဖွဲ့ကို “Han Goong” က ဦးဆောင်ကာကွယ် လိုက်ပါစောင့်ရှောက်မှာပါ။ ဒီဇာတ်ရုပ်အတွက် Sehun ဟာ မြှားပစ်၊ ဓားသိုင်း အကုန်လေ့ကျင့်ခဲ့ပြီး ကြိုးကြိုးစားစားသင်ယူထားတာမို့ expert အဆင့်ဖြစ်နေပြီလို့ ကြားသိရပါတယ်။

ဒါရိုက်တာ Kim Jung Hoon ဆို Sehun ကို ခုလို ချီးကျူးခဲ့ပါတယ်။ “Han Goong ကာရိုက်တာက အေးဆေးတည်ငြိမ်ပြီး Hae Rang ကို ကာကွယ်ဖို့ဆို ဘာမဆိုအကုန်လုပ်မဲ့သူပါ။ Sehun ကလည်း ဒီဇာတ်ရုပ်ကို သေချာအံ့ဝင်ခွင်ကျ ဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်”

Sehun လေးရဲ့ သရုပ်ဆောင် skill တွေက တဆင့်ထက် တဆင့်တက်လာပြီလို့ ဆိုရမှာပါနော် ပရိတ်သတ်ကြီးရေ။ ခု ထုတ်လွှင့်ပြသနေတဲ့ “Now we’re breaking up” drama ထဲမှာ sehun ဟာ သူဌေးသားအချေလေး အဖြစ်သရုပ်ဆောင်ထားပါတယ်။ ခုတခါ cool ဖြစ်တဲ့ ပင်လယ်ဓားပြဇာတ်ရုပ်ကို သရုပ်ဆောင်ထားပြန်ပါပြီ။ သရုပ်ဆောင်ဘက်မှာ အနုအကြမ်း အကုန်ရတဲ့ Sehun လေးအတွက် ပရိတ်သတ်တွေ ဂုဏ်ယူနေကြမယ်ထင်ပါတယ်။

Source: Allkpop
PhotoCredit: allkpop
Written :Violet

Recent Posts