Korean Celebrity

ဆုလက်ခံရယူရင်း YG ရဲ့ အချိုးမ​ပြေမှုတစ်ခုကို လူသိရှင်ကြား ဖော်ထုတ်ခဲ့တဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Dara

MBC Entertainment awards ပွဲကြီးဟာ 1990 ခုနှစ်ထဲက နှစ်စဉ်ကျင်းပနေတာဖြစ်ပါတယ်။ Korea နိုင်ငံရဲ့ အထင်ကရ Entertainment ဖြစ်တဲ့ MBC က ကြီးမှူးကျင်းပတာမို့ နှစ်ကုန်ဆုပေးပွဲတွေထဲက ခမ်းနားတဲ့ ပွဲတစ်ပွဲဆိုလည်းမမှားပါဘူး။ ဆုပေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ K-entertainment လောကရဲ့ အနုပညာရှင်တွေ၊ stars တွေကို သင့်တင့်လျောက်ပတ်စွာ ဆုပေးဖို့ပါ။

ဒီနှစ်ရဲ့ ဆုပေးပွဲကိုတော့ December 29 ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး နေရာကတော့ Seoul မှာရှိတဲ့ Sangam-dong ပါ။ ဒီနှစ်ဆုရသူတွေထဲမှာ 2NE1 အဖွဲ့ဝင်ဟောင်း Dara လည်း “Popular Award” ဆုရခဲ့ပါတယ်။ “King of Masked Singer’အစီအစဉ်နဲ့ ‘I Live Alone’ varity show အစီအစဉ်တွေမှာ ပါဝင်ရင်း ကြည့်ရှူသူတွေကြားရေပန်းစားလို့ ရခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ပွဲမှာ Dara ရဲ့ ဆုလက်ခံစကားဟာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ Dara က “ဒီနေ့ပွဲမှာ ကျွန်မဆုတစ်ခုခုရမယ်လို့ မတွေးဖူးဘူး။ ဒီတိုင်း ကျွန်မခုံမှာထိုင်ရင်း တချိန်လုံး လက်ခုပ်တွေဘဲ ထိုင်တီးရမယ်လို့ ထင်ထားတာ” “ကျွန်မ 2NE1 အဖွဲ့ဝင်ဖြစ်တုန်းက ဆုတွေအများကြီးယူဖူးပါတယ်။ ဒါပေမဲ့ ကျွန်မအတွက်ဆိုပြီး တခါမှမရဖူးဘူးး.. ခုတော့ မမျှော်လင့်ဘဲရလိုက်လို့.. ဘယ်ကနေ အစချီပြောရမှန်းမသိတော့ဘူး” လို့ စိတ်လှုပ်ရှားစွာပြောခဲ့ပါတယ်။

စိတ်လှုပ်ရှားလွန်းလို့ အသက်ခဏ ဝ..ဝ..ရှုရင်း ခုလိုဆက်ပြောခဲ့ပါတယ်။ “တနေ့က.. ကျွန်မအမေကမေးဖူးတယ်… ဆုတွေကိုအိမ်ရဲ့ဘယ်နားမှာ ထားထားသလဲပေါ့.. ဘာလို့ဆို တခုမှမရှိလို့လေ.. အမေက “သမီးဆုတွေအများကြီးရခဲ့တယ်လေ.. မဟုတ်ဘူးလား” လို့မေးတယ်”။ ဆက်လက်ပြီး Dara က သူ့အေဂျင်စီဟောင်း YG နဲ့ပက်သက်ပြီး “ခု.. တကယ်လို့ YG entertainment က staff တစ်ယောက်ယောက် ဒီအစီစဉ်ကို ကြည့်ရှုနေတယ်ဆိုရင် .. ကျွန်မကို ဆုတချို့ပြန်ပို့ပေးလိုက်ပါ” ဆိုပြီး ရီလျက်ပြောခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူမရဲ့ အေဂျင်စီအသစ်ကို ခုလို ကျေးဇူးတင်စကားဆိုရင်း မိန့်ခွန်းအဆုံးသတ်ခဲ့ပါတယ်။ “ABYSS COMPANY နဲ့ ကျွန်မလက်တွဲလုပ်ကိုင်နေတာ ဘယ်လောက်မှမကြာသေးပါဘူး။ ကျွန်မအတွက် အလုပ်ကြိုးကြိုးစးစားလုပ်ပေးခဲ့တဲ့ Company က သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကပြောချင်ပါတယ်”

ကဲ ပရိတ်သတ်ကြီးရေ.. အတိတ်မှာ အရမ်းအောင်မြင်ခဲ့သလောက် မမျှော်လင့်တဲ့ အခြေအနေကြောင့် Disband ခဲ့ရတဲ့ 2NE1 အဖွဲ့ဝင်ဟောင်းတွေကတော့ ခုချိန်မှာ တစ်ယောက်ပြီးတစ်ယောက် YG အပေါ် မကျေနပ်ချက်တွေ ဖွင့်ဟလာပါပြီနော်။

Source: SBS
photo credit: SBS
Written: Violet