၂၀၂၁ ခုနှစ် MBC Drama Awards မှာ ထူးချွန်ဆု​တွေကို ထိုက်တန်စွာ ဆွတ်ခူးနိုင်ခဲ့တဲ့ မင်းသားမင်းသမီး၊ အနုပညာရှင်များ

Posted on

Munhwa Broadcasting Corporation (MBC) က ကြီးမှူးကျင်းပတဲ့ ၂၀၂၁ ခုနှစ်အတွက် MBC Drama Awards ကို ဒီဇင်ဘာလ ၃၀ ရက်​နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး Kim Sung Joo က host အဖြစ်​ ဆောင်ရွက်ခဲ့ပါတယ်။ ထိုဆု​ပေးပွဲကို ၂၀၂၁ ခုနှစ်အတွင်း MBC ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲ​တွေမှာ ပါဝင်ခဲ့တဲ့ မင်းသားမင်းသမီး သရုပ်​ဆောင်များစွာက တက်​ရောက်ခဲ့ကြပြီး Lachica အကအဖွဲ့ကလည်း ​အထူး​ပါဝင်ဖျော်​ဖြေတင်ဆက်ခဲ့ပါ​သေးတယ်။

MBC Drama Awards ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်​လေ့ရှိပြီး နှစ်တစ်နှစ်အတွင်း ထူးချွန်​ပြောင်​မြောက်တဲ့ လုပ်​ဆောင်ချက်​တွေကို ပြသနိုင်ခဲ့တဲ့ သရုပ်​​ဆောင်​တွေကို Best New Actor/Actress ဆု ၊ Best Supporting Actor/Actress ဆုတို့အပြင် Daesang ဆုကြီး​တွေကိုလည်း ဂုဏ်ပြုချီးမြှင့်​လေ့ရှိပါတယ်။ ယခုနှစ်အတွက် MBC Drama Awards မှာ ဆု​တွေကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့တဲ့ အနုပညာရှင်​တွေက​တော့ ​အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

(1) Best New Actor – Kang Hoon (The Red Sleeve)

(2) Best New Actress – Kim Ji Eun (The Veil)

(3) Best Supporting Actor – Kim Do Hyun (The Veil)

(4) Best Supporting Actress – Jang Hye Jin (The Red Sleeve)

(5) Best Writter – Jung Hye Ri (The Red Sleeve)

(6) Lifetime Achievement Award – Lee Deok Hwa (The Red Sleeve)

(7) Top Excellence Acting Award in Short Drama (Actor) – Jung Moon Sung (The Veil)

(8) Top Excellence Acting Award in Short Drama (Actress) – Kim Hwan Hee (Here’s My Plan)

(9) Top Excellent Acting Award in Miniseries

(Actor) – Lee Sang Yeob (On The Verge of Insanity)

(10) Top Excellent Acting Award in Miniseries

(Actress) – Jang Young Nam (The Veil)

(11) Best Couple Award – Lee Jun Ho & Lee Se Young (The Red Sleeve)

(12) Top Excellence Acting Award in Daily Drama (Actor) – Cha Seo Won (The Second Husband)

(13) Top Excellence Acting Award in Daily Drama (Actress) – Uhm Hyun Kyung (The Second Husband)

(14) Top Excellence Acting Award in Miniseries

(Actor) – Lee Jun Ho (The Red Sleeve)

(15) Top Excellence Acting Award in Miniseries

(Actress) – Lee Se Young (The Red Sleeve)

(16) Drama of the Year – “The Red Sleeve”

(17) The Grand Prize (Daesang) – Nam Goong Min (The Veil)

ယခုနှစ် ဆု​ပေးပွဲမှာ ဆု ၁၇ ဆု ချီးမြှင့်ခဲ့တဲ့ထဲကမှ “The Red Sleeve” ဇာတ်လမ်းတွဲက စုစု​ပေါင်း ဆု ၈ ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒုတိယ​​မြောက် ဆုအများဆုံး ရရှိတဲ့ ဇာတ်လမ်းတွဲက​တော့ “The Veil” ဖြစ်ပြီး ဆု ၅ ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

Source : MBC
Photo : mbcdrama_now (Instagram)
Written : ZL