2021 ကို ပြည်ပက အထူးဆုကြီးအားသိမ်းပိုက်ရင်း နှုတ်ဆက်ခဲ့ပြီး နှစ်သစ်ကိုကြိုဆိုလိုက်တဲ့ BTS

Posted on

၂၀၂၁ တစ်နှစ်တာအတွင်း BTS တဖွဲ့လုံး သိမ်းပိုက်ခဲ့တဲ့ဆုကြီးများဟာ မနည်းမနောပါပဲ။ ပြည်တွင်းပြည်ပ အောင်မြင်ကျော်ကြားတဲ့အလျောက် ထိပ်သီးဆုပေါင်းများစွာဟာ BTS အဖွဲ့အတွက် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ဒီဇင်ဘာလ (၃၀) ရက်နေ့မှာတော့ ဂီတနယ်ပယ်ရဲ့အကြီးဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံက ချီးမြှင့်ခဲ့တဲ့အထူးဆုကို ရရှိခဲ့ပါတယ်။

BTS ဟာ ဂျပန်နိုင်ငံရဲ့ ၆၃ ကြိမ်မြောက် Japan Record Awards ဆုအခမ်းအနားကနေ အထူးဆုကို လက်ခံရရှိခဲ့ပါတယ်။ December 30 ရက်နေ့မှာပဲ Japan Record Awards နှစ်စဉ်ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့ပါတယ်။ ဒီဆုအခမ်းအနားက Grammy Awards ပုံစံမျိုးဖြစ်ပြီး ဂီ‌တ‌လောကရဲ့ ဂုဏ်ရှိတဲ့မှတ်တမ်းတစ်ခုဖြစ်ပါတယ်။

Special International Music Award ဆုကိုတော့ လက်ခံရရှိခဲ့ကြတာဟာ BTS အဖွဲ့ဖြစ်ပြီး ၂၀၂၁ နဲ့ဆိုရင် ၂ နှစ်ဆက်တိုက်ရှိပြီဖြစ်ပါတယ်။ မနှစ်ကတော့ ပွဲကိုတက်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ အဖွဲ့ဝင်တွေအနေနဲ့ ကိုယ်တိုင် တက်ရောက်နိုင်ခြင်းမရှိတာကြောင့် ကြိုတင်ရိုက်ကူးထားတဲ့ ကျေးဇူးတင်ကြောင်းမိန့်ခွန်းဗီဒိယိုကို ပေးပို့ခဲ့ပါတယ်။

“ကျွန်တော်တို့ BTS အဖွဲ့အနေနဲ့ ဒီလိုတန်ဖိုးကြီးတဲ့ ဆုကို ဒီနှစ်မှာလည်း ထပ်မံရရှိခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ၂၀၂၁ မှာလည်း လူအများအပြားက ကျွန်တော်တို့ရဲ့သီချင်းတွေကို နားဆင်ပေးတဲ့အတွက် ဝမ်းမြောက်ကျေနပ်မိပါတယ်” လို့ ပြောကြားထားခဲ့ပါတယ်။

BTS အဖွဲ့အနေနဲ့ ပွဲအခမ်းအနားကို တက်ရောက်ဖျော်ဖြေခြင်းမရှိနိုင်ပေမဲ့လည်း “PERMISSION TO DANCE ON STAGE” online concert တုန်းက ဖျော်ဖြေခဲ့တဲ့ “Butter” သီချင်းကို အစားထိုးဖွင့်ပြခဲ့ပါတယ်။ ‌၂၀၂၁ နှစ်ကုန်မှာ အကြီးဆုံးဆုကြီးကို သိမ်း‌ပိုက်ပြီး ၂၀၂၂ ကို အောင်မြင်စွာ အဖွင့်လှခဲ့တဲ့ BTS အဖွဲ့အတွက် ဂုဏ်ပြုလိုက်ပါတယ်။

Source: Soompi
Photos: BigHit Music
Translated by NayChi