Thai Celebrity

မြတ်နိုးရာ MewGulf အတွဲထံသို့ မြန်မာပရိသတ်တွေရဲ့ အထူးလက်ဆောင်များ ပေးပို့ခြင်း

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက Asia Cele Bar နဲ့ Asia News Bar Page တို့က​နေ ဦး​ဆောင်ပြီး ၂၀၂၁ ခုနှစ်အတွင်း မြန်မာပရိသတ်​တွေကြားမှာ လူကြိုက်အများဆုံး ထိုင်း BL စုံတွဲ​တွေကို မဲ​ပေး​ရွေးချယ်​​စေခဲ့ပါတယ်။ အဲ့ဒီ voting ကို စက်တင်ဘာလ ၁၆ ရက်​နေ့က​နေ စက်တင်ဘာလ ၃၀ ရက်​နေ့အထိ ပြုလုပ်ခဲ့ပြီး Mew-Gulf စုံတွဲက မဲ​ပေးမှုစုစု​ပေါင်းရဲ့ ၃၁ % (၂၁,၉၇၉ မဲ) ကို ရရှိကာ လူကြိုက်အများဆုံးစုံတွဲအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

အဲ့ဒီ voting မှာ အနိုင်ရရှိတဲ့ ထိုင်း BL စုံတွဲကို ပန်းစည်း (သို့) လက်​ဆောင်တစ်ခုခု ပို့​ပေးသွားမယ်လို့ ကတိ​ပေးထားတဲ့အတိုင်းပဲ ဒီဇင်ဘာလ ၄ ရက်​နေ့မှာ​တော့ Gulf Kanawut ကို snack ပန်းစည်း​လေးပို့​ပေးခဲ့ပါတယ်။ ဒီဇင်ဘာလ ၄ ရက်​နေ့ဟာ Gulf Kanawut ရဲ့ ​​မွေး​နေ့လည်းဖြစ်တာ​ကြောင့် ​အေဂျင်စီက ဒီ​နေ့တစ်ရက်သာ ပရိသတ်​တွေရဲ့ လက်​ဆောင်​တွေကို လက်ခံတာဖြစ်တဲ့အတွက် အခုမှ လက်​ဆောင်ကို ပို့​ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီ snack ပန်းစည်း​လေးကို “Day Dream – Fan Project Service” ရဲ့ အကူအညီကို ရယူပြီး Asia Cele Bar/Asia News Bar နဲ့ မြန်မာ Waanjais ​တွေက ပူး​ပေါင်းပြီး ​​​ပေးပို့ခဲ့တာပါ။ ဒီပန်းစည်းထဲမှာဆိုရင် သကြားလုံး၊ ​ချောကလက်၊ marshmellow၊ ​ရေညိှနဲ့ အခြား သ​ရေစာမုန့်​တွေအပြင် ​မွေး​နေ့ဆု​တောင်း post card ​လေးနဲ့ မြန်မာ Waanjai ညီမ​လေး Mew-Gulf fanart ပုံ​လေးလည်း ထည့်​ပေးခဲ့ပါတယ်။

ဒါ​ကြောင့် Gulf ​ရော မြန်မာ Waanjai ​တွေ​ရော ဒီလက်​ဆောင်​လေးကို ကြိုက်နှစ်သက်လိမ့်မယ်လို့ ​မျှော်လင့်မိပါတယ်။ Gulf နဲ့အတူ မဲ​​ပေးမှုမှာ အနိုင်ရရှိတဲ့ Mew Suppasit ကိုလည်း ​သူ့ရဲ့ အေဂျင်စီက လက်ခံတာနဲ့ တစ်ပြိုင်နက် ဒီလို snack ပန်းစည်း​လေးကို မြန်မာ Waanjai ​တွေနဲ့ ပူး​ပေါင်းပြီး ပို့​ပေးသွားဦးမှာဖြစ်ပါတယ်။

ဒီပ​ရောဂျက်အတွက် ပါဝင်ကူညီ​ပေးခဲ့ကြတဲ့ လူတစ်ဦးတစ်​​ယောက်ချင်းစီနဲ့ မဲ​​ပေးမှုမှာပါဝင်​ပေးခဲ့ကြတဲ့ Asia Cele Bar/Asia News Bar စာဖတ်ပရိသတ်ကြီးကို ​ကျေးဇူးအထူးတင်ရှိ​ကြောင်းလည်း ထပ်မံ​ပြောကြားလိုပါတယ်။

Post: Asia Cele Bar and News Bar Admin Team