Thai Celebrity

တစ်လတည်းနဲ့ ကမ္ဘာ့ပရိသတ်ကို အလွှမ်းမိုးနိုင်ဆုံး Top (10) စာရင်းဝင် BL မင်းသား (၁၀) ဦး

ထိုင်း BL မင်းသားတွေရဲ့ ကျော်ကြားအောင်မြင်မှုတွေ မြင့်တက်လာတာတနဲ့အမျှ ကမ္ဘာတဝှမ်း BL ပရိသတ်တွေ တနေ့တခြားတိုးလာခဲ့ပါတယ်။ ၂၀၂၁ နိုဝင်ဘာလအတွက် စစ်တမ်းကောက်ယူလိုက်ရာ အလွှမ်းမိုးနိုင်ဆုံး Top (10) စာရင်းဝင် Thai BL မင်းသားများ ပေါ်ထွက်လာခဲ့ပါတယ်။

(1) Mew Suppasit

သရုပ်ဆောင်ပိုင်းသာမက ဂီတနယ်ပယ်ထဲမှာလည်း Billboard အထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ Mew Suppasit ဟာ နိုဝင်ဘာလရဲ့ Top (1) အနုပညာရှင်ဖြစ်လို့နေပါတယ်။ ဇာတ်လမ်းသစ်ထွက်တာမျိုးမရှိသေးပေမဲ့ ပရိသတ်အများအပြားတိုးလာနေတာကတော့ Mew ရဲ့ အောင်မြင်မှုပါပဲ။

(2) Bright Vachirawit

အဆင့် (၂) နေရာမှာတော့ Bright Vachirawit က ရောက်ရှိနေပါတယ်။ နိုဝင်ဘာလထဲမှာ 2Gether the Movie ကို ရုံတင်ခဲ့တဲ့အပြင် “F4 Thailand: Boys Over Flowers” ကလည်း ထွက်လာဖို့ တာဆူနေပြီဖြစ်‌တ‌ာကြောင့် Bright ရဲ့ အားပေးသူတွေကတော့ ရင်ခုန်နေကြပါပြီ။

(3) Gulf Kanawut

Thai TV3 ကို ရောက်ရှိသွားတဲ့ BL မင်းသားချော Gulf Kanawut ကတော့ နိုဝင်ဘာလစာရင်းရဲ့ အဆင့် (၃) ပိုင်ရှင်ပါ။ Gulf ကလည်းပဲ ဝါရင့်စီနီယာမင်းသမီးကြီး Janie နဲ့အတူ “You Are My Makeup Artist” အချစ်ဇာတ်လမ်းကို တွဲဖက်ရိုက်ကူးထားတာကြောင့် ရင်ခုန်စွာနဲ့မျှော်နေကြတာလည်းဖြစ်ပါတယ်။

(4) Nanon Korapat

လတ်တလော ရေပန်းစားနေတဲ့ ငယ်ငယ်ချောချောမင်းသားလေး Nanon Korapat ကတော့ “Bad Buddy The Series” နဲ့ ပရိသတ်တွေကို ဆွဲဆောင်သိမ်းပိုက်နေပါတယ်။ အဆင့် (၄) နေရာမှာ ရပ်တည်နိုင်တဲ့အထိ နိုဝင်ဘာလတစ်လတည်းနဲ့ ကျော်ကြားမှုအရှိန်အဟုန်က မြန်ဆန်လှပါတယ်။

ကျန်ရှိနေတဲ့ Top (10) စာရင်းဝင် BL မင်းသားတွေကတော့…

(5) Win Metawin

(6) Krist Perawat

(7) Singto Prachaya

(8) Ohm Pawat

(9) Off Jumpol

(10) Tay Tawan တို့ပဲ ဖြစ်ကြပါတယ်။

BL ကားများစွာ ဖန်တီးရိုက်ကူးတဲ့ GMMTV ကလည်း လာမယ့် Project အသစ်တွေကို ချပြလိုက်တာဖြစ်လို့ ပရိသတ်လွှမ်းမိုးနိုင်စွမ်းက ပိုပြီးပြင်းထန်လာဦးမှာပါ။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy