Thai Celebrity

အချစ်ရေးကို ယတိပြတ်စွန့်ခွာလိုက်တဲ့ ထိပ်တန်းမင်းသမီး Bella Ranee ရဲ့ သဘောထား

၉ နှစ်နီးပါးတွဲခဲ့တဲ့ ထိပ်တန်း ထိုင်းအနုပညာရှင်စုံတွဲဖြစ်တဲ့ Weir နဲ့ Bella တို့ စုံတွဲဟာ ၂၀၂၁ နိုဝင်ဘာလမှာပဲ လမ်းခွဲပြတ်စဲကြောင်း သတင်းတွေထွက်ရှိခဲ့ပါတယ်။ ကာယကံရှင် ၂ ဦးရဲ့ တရားဝင်ပြောကြားချက်မျိုးမရှိတာကြောင့် သတင်းမှားဖြစ်ဖို့ မျှော်လင့်ခဲ့ကြပေမဲ့ Bella Ranee ဟာ ပြီးခဲ့တဲ့ အင်တာဗျူးမှာပဲ ပြီးဆုံးသွားခဲ့တဲ့အချစ်ရေးကို ပြောပြခဲ့ပါတယ်။

နိုဝင်ဘာ (၃၀) ရက်နေ့က Bella ဟာ ပွဲတက်ရောက်ခဲ့ပြီး ထိုပွဲကိုတော့ အဆုံးသတ်ခဲ့တဲ့အချစ်ရေးကို သေချာမေးဖို့အတွက် သတင်းထောက်တွေက စောင့်နေခဲ့ကြပါတယ်။ စိတ်သဘောထား၊ အထင်အမြင်ချင်း မတူတော့တာကြောင့် လမ်းခွဲခဲ့ပြီး မိတ်ဆွေလိုမျိုးပဲ ရှေ့ဆက်မယ့်အကြောင်းကိုလည်း ပြောခဲ့ပါတယ်။

သတင်းထောက်တွေ‌ရဲ့အမေးကို Bella ဖြေခဲ့တာတွေအား အကျဉ်းချုံ့ပြောရရင် “မင်းသား Weir နဲ့ ကျွန်မက ရှေ့လျှောက် အချင်းချင်းကူညီ‌စောင့်ရှောက်တဲ့ အစ်ကိုနဲ့ ညီမလိုမျိုး မိတ်ဆွေသူငယ်ချင်းကဲ့သို့ပဲ ဖြတ်သန်းသွားမှာပါ။ လမ်းခွဲခဲ့ရတာက လက်ထပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး အမြင်မတူလို့လည်း မဟုတ်ရပါဘူး။

ပြန်တွဲဖို့ရှိလားဆို‌တဲ့မေးခွန်းကတော့ အနာဂတ်အတွက်အကြောင်းအရာ‌တွေဖြစ်လို့ ကျွန်မ မဖြေဆိုနိုင်သေးပါဘူး။ ကျွန်မနဲ့ Weir ကတော့ အခုလို သာမန်မိတ်ဆွေလိုမျိုးအခြေအနေက ၂ ဦးစလုံးအတွက် အကောင်းဆုံးဖြစ်နေပါတယ်။ Weir နဲ့လည်း အရင်လိုမျိုး ပုံမှန်လိုပဲ စကားပြောဖြစ်ကြပါတယ်။

လမ်းခွဲရတာဟာ တတိယလူကြောင့် မဟုတ်ပါဘူး” ဆိုပြီး ဖြေရှင်းပြောကြားခဲ့ပါတယ်။ ဒီလောက်ဆိုရင် ၉ နှစ်ကြာစုံတွဲလေးရဲ့ လမ်းခွဲမှုဟာ သေချာသွားပါပြီ။ Bella ကိုယ်တိုင်ပြောခဲ့တဲ့အတိုင်း အနာဂတ်မှာ ပြန်တွဲ၊မတွဲကတော့ စောင့်ကြည့်ရဦးမယ်ထင်ပါတယ်။

လက်ထပ်ဖို့အထိ ရည်ရွယ်ထားပြီး ၂ ဖက်မိဘတွေအထိတောင် အသိပေးပြီးသားဖြစ်ပေမဲ့ ယခုလို စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုပြီး ရုတ်တရက်လမ်းခွဲလိုက်တာဟာ ပရိသတ်တွေတော့ တော်တော်အံ့ဩကုန်ရတဲ့အထိပါပဲ။

Source: Thaiupdate
Photos: Instagram
Translated by Ivy