Thai Celebrity

၈ နှစ်ကြာတွဲပြီးနောက် ပထမဆုံးမြင်ခွင့်ရခဲ့တဲ့ Mario နဲ့ Junji တို့ရဲ့ စုံတွဲဓာတ်ပုံလေး

ထိုင်းနာမည်ကြီးမင်းသား Mario နဲ့ မော်ဒယ်အဆိုတော်မလေး Junji Junjira တို့ဟာဆိုရင် တွဲလာကြတာ (၈) နှစ်ရှိပါပြီ။ ဒီကြားထဲမှာ တခါလေးမှတောင် စုံတွဲပုံတွေတင်တာမျိုး၊ ဓာတ်ပုံတွေထွက်လာတာမျိုး မရှိဖူးတဲ့အထိ အနေအထိုင် ပိရိတဲ့စုံတွဲပါပဲ။ (၈) နှစ်ကြာပြီးနောက်မှာပဲ ပထမဆုံးအနေနဲ့ အတွဲလိုက်ဓာတ်ပုံကို ပရိသတ်တို့က နေ့ထူးနေ့မြတ်မှာ မြင်ခွင့်ရခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က Mario ရဲ့ ၃၃ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ထူးထူးခြားခြားအဖြစ် ချစ်သူကောင်မလေးဖြစ်သူ Junji Junjira ဟာ Mario အတွက် မွေးနေ့ကိတ်ကို ယူ‌ဆောင်ကာ အတူတကွဖြတ်သန်းခဲ့ကြတဲ့အပြင် IG မှာပါ ၂ ယောက်သားပုံလေးကို တင်ပေးခဲ့ပါသေးတယ်။

တွဲနေစဉ် (၈) နှစ်တာ ကာလပတ်လုံး ပထမဆုံးတင်ခဲ့တဲ့ စုံတွဲပုံလေးကတော့ သေးသေးလေးဖြစ်ပေမဲ့ ပရိသတ်တွေက အူယားကာ သဘော‌တွေကျနေတော့တာပါပဲ။ မွေးနေ့ဆုတောင်းပေးကြတဲ့သူတွေကိုလည်း Mario က “ကျေးဇူးတင်ပါတယ်” ဆိုပြီး Reply တောင် ပြန်ခဲ့ပါသေးတယ်။

မကြာသေးခင်က အင်တာဗျူးမှာလည်း Mario ဟာ ကောင်မလေးဖြစ်သူ Junji Junjira အကြောင်းကို ပြောပြခဲ့ပြီး အချစ်ရေးကာ အဆင်ပြေချောမွေ့ကာ ပျော်ရွှင်နေရပေမဲ့ လောလောဆယ် မတွေ့ဖြစ်တာ ကြာနေပြီဖြစ်ကြောင်း ပြောပြသွားခဲ့ပါသေးတယ်။ သိုသိုသိပ်သိပ်နဲ့ (၈) နှစ်ကျော်ကြာတွဲနိုင်တဲ့ Mario တို့ အတွဲ့ကတော့ ပထမဆုံးစုံတွဲပုံလေးနဲ့ အမှတ်တရတွေ ဖန်တီးခဲ့ကြပါတော့တယ်။

Source: Thaidaily
Photos: Instagram
Translated by Ivy