Thai Celebrity

ထိပ်တန်းမင်းသား (၅) ဦး ယှဉ်ပြိုင်အနိုင်ယူသွားမယ့် ခေါင်းဆောင်မင်းသားဆုကြီး

၂၉ ကြိမ်မြောက် ‘Bangkok Critics Assembly’ ကတော့ ဆုစာရင်းဝင်လာခဲ့တဲ့ ထိပ်တန်းမင်းသား (၅) ဦးစာရင်းကို December 7 ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။ ၅ ဦးထဲမှာမှ တစ်ဦးတည်းသာ အနိုင်ယူဆွတ်ခူးနိုင်မယ့်ဆုဖြစ်လို့ ကိုယ်နှစ်သာရာမင်းသားတွေကို ဆုရရှိသွားနိုင်ဖို့ ဆုတောင်းနေပါတယ်။

God Jirayu
ပထမဆုံးဆုစာရင်းဝင် ခေါင်းဆောင်မင်းသားကတော့ God Jirayu ဖြစ်ပါတယ်။ “Nemesis” ဇာတ်ကားထဲက God ရဲ့ ပြောင်မြောက်တဲ့စွမ်းရည်ဟာ ‘အကောင်းဆုံးခေါင်းဆောင်မင်းသားဆု’ နဲ့ ထိုက်တန်တဲ့အတွက် စကာတင်ပါလာတာဖြစ်ပါတယ်။

Nadech Kugimiya
ထိပ်တန်းမင်းသား Nadech Kugimiya ကတော့ ခေါင်းဆောင်မင်းသားဆုကို နိုင်ငံတကာကျော်ကြားခဲ့တဲ့ “The Con-Heartist” ဇာတ်ကားနဲ့ စကာတင်ဝင်လာခဲ့ပါတယ်။ Nadech ရဲ့ သရုပ်ဆောင်အရည်အချင်းကတော့ အားလုံးအသိပါပဲနော်။

Ton Tonhon
ဆုစာရင်းဝင်ထဲမှာ ပါဝင်လာတဲ့မင်းသားငယ်လေး Ton Tonhon ကတော့ “Mother Gamer” ဆိုတဲ့ ရုပ်ရှင်နဲ့ နာမည်ကြီးလာသူပါ။ သူ့ရဲ့ အရည်အချင်းကြောင့် အကောင်းဆုံးခေါင်းဆောင်မင်းသားဆုကို အခြားသောထိပ်တန်းမင်းသားတွေနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Mario Maurer
ထိပ်တန်းမင်းသားဖြစ်သူ Mario Maurer ဒီနှစ်မှာလည်း စကာတင်စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ Mario က ခေါင်းဆောင်မင်းသားအဖြစ်ရိုက်ကူးခဲ့တဲ့ “Low Season” ကတော့ ပရိသတ်အားပေးမှုတွေ များစွာရရှိခဲ့ပါတယ်။

Weir Sukollawat
စကာတင်စာရင်းရဲ့ နောက်ဆုံးမင်းသားကတော့ Weir Sukollawat ပါပဲ။ “Love You Kohk-E-Kueng” ထဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးပြသခဲ့တဲ့ Weir ဟာ ဒီနှစ်မှာ ဆုရဦးမလားဆိုတာ ရင်ခုန်စရာပါပဲ။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy