မျက်နှာခွဲစိတ်ပြုပြင်ထားကြောင်း ရဲဝံ့စွာဝန်ခံထားတဲ့ ထိုင်းနာမည်ကြီးကြယ်ပွင့် (၈) ဦး

Posted on

နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အရင်ကထက်ပိုမိုလှပပြီး ကြည့်ကောင်းအောင် ခွဲစိတ်ပြင်ဆင်လို့ရနေပါပြီ။ ဖန်သားပြင်ထက်မှာအမြဲမြင်ရတဲ့ အနုပညာရှင်တချို့ကလည်း ခွဲစိတ်ပြုပြင်မှုတွေ လုပ်ထားလေ့ရှိပါတယ်။ မျက်နှာကို ပိုမိုကြည့်ကောင်းဖို့ခွဲစိတ်ခဲ့ဖူးတဲ့ ထိုင်းကြယ်ပွင့် (၈) ဦးကတော့ ရဲဝံ့စွာနဲ့ မီဒီယာတွေရှေ့မှာ ပြောခဲ့ဖူးပါတယ်။

(1) DJ Push
အရပ်ရှည်ရှည်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ မင်းသားချော DJ Push ကတော့ မျက်ရစ်ခွဲစိတ်မှုပြုလုပ်ထားသူပါ။ မျက်ရစ်နှစ်ထပ်ဖြစ်အောင် ပြုပြင်လိုက်တာကြောင့် ပိုမိုပြီးပြည့်စုံတဲ့ မျက်နှာကို P’Push ဟာ ပိုင်ဆိုင်ခဲ့ပါတယ်။

(2) Thassapak Hsu
ထိုင်း-တရုတ် မင်းသားချော Thassapak Hsu ကတော့ သူဟာ နှာတံမြင့်အောင် ခွဲစိတ်ထားတာဖြစ်ကြောင်း မီဒီယာတွေရှေ့မှောက်မှာ ဖွင့်ပြောဖူးသူပါ။ အောင်မြင်တဲ့ခွဲစိတ်မှုကြောင့်ပဲ Bie ဟာ ထင်ရှားလှပတဲ့ နှာတံမြင့်မြင့်နဲ့ ပိုပြီးကြည်‌့ကောင်းနေပါတော့တယ်။

(3) Taew Natapohn
ထိပ်တန်းမင်းသမီးချော Taew Natapohn ကတော့ ၂၀၁၉ တုန်းက ကိုရီးယားကနေပြန်လာပြီးနောက် နှုတ်ခမ်းလေးက ထူထူသိပ်သိပ်‌လေးဖြစ်လာ‌ကြောင်း ပရိသတ်တွေသတိထားမိခဲ့ကြပါတယ်။ Taew ကိုယ်တိုင်ကလည်း သူမရဲ့နဂိုနှုတ်ခမ်းဟာ ပါးနေတာကြောင့် မိတ်ကပ်လိမ်းဖို့အတွက် အဆင်မပြေကြောင်း၊ ဒီအတွက် Lip Filter ထိုးခဲ့တာ‌ဖြစ်ကြောင်း ဖွင့်ပြောကာ သူမရဲ့ တဆင့်တိုးအလှကို ချပြခဲ့ပါတယ်။

(4) Due Arisara
သရုပ်ဆောင်မင်းသမီး Due Arisara ကတော့ ဆာဂျရီပေါင်းများစွာ လုပ်ဖူးတာကြောင့် ဝေဖန်မှုတွေများစွာခံခဲ့ရပါတယ်။ မျက်နှာခွဲစိတ်ခြင်းက စပြီး အသားအရေပြုပြင်ခြင်း၊ fillers, botox များထိုးခြင်းနဲ့ မျက်နှာသေးသွယ်ကာ ထင်ရှားစေတဲ့ဆေးများ ထိုးသွင်းခြင်းတို့ကို လုပ်ဖူးကြောင်း Due က ဝန်ခံဖူးပါတယ်။ နဂိုလှပြီးသားလူက ပြုပြင်လိုက်တော့ ပိုပြီးတောင် လှနေပါတော့တယ်။

(5) Mike Angelo
အေးစက်တဲ့အသွင်အပြင်နဲ့ ဆွဲဆောင်မှုရှိတဲ့ Mike Angelo ကလည်းပဲ မျက်နှာခွဲစိတ်မှု ပြုလုပ်ဖူးပါတယ်။ နှာတံဖြောင့်ပြီး ထင်ရှားဖို့ ခွဲစိတ်ခဲ့ကြောင်း မီဒီယာတွေကနေတဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

(6) Janie Tienphosuwan
နာမည်ကြီးဝါရင့်မင်းသမီးကြီး Janie ကတော့ နှာရိုးနဲ့ မျက်ရစ်ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အနောက်တိုင်းဆန်ဆန်လှပပြီးမို့လို့ သူမရဲ့ခွဲစိတ်မှုဟာ Janie ကို ပိုပြီး ပြီးပြည့်စံတဲ့အလှအား ပိုင်ဆိုင်စေခဲ့ပါတယ်။

(7) Noey Chotika
ဗီလိန်ဇာတ်ရုပ်ဆိုပိုင်နိုင်တဲ့ မင်းသမီးချော Noey Chotika ဟာ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အလှ၊ ဖြူဖွေးချောမွတ်တဲ့ အသားအရေတို့ကြောင့် လှပသူလေးအဖြစ် အများက လက်ခံထားပါတယ်။ ဒါပေမဲ့ ဇာတ်ကားတခါရိုက်ကူးတိုင်း ပုံစံပြောင်းသွားကြောင်း လူပြောများလာတဲ့အခါ လိုချင်တဲ့အသွင်အပြင်ရတဲ့အထိ ခွဲစိတ်ပြုပြင်ခဲ့ကြောင်း Noey က ပွင့်လင်းစွာပဲ ဝန်ခံခဲ့ပါတယ်။

(8) Toey Pongsakorn
မင်းသားချော Toey Pongsakorn ကတော့ မျက်လုံးပိုကြီးပြီး လှပတဲ့အသွင်ရအောင် မျစ်ရစ်ခွဲစိတ်မှု လုပ်ခဲ့ပါတယ်။ နဂိုကတည်းက ခန့်ချောသူဖြစ်တာကြောင့် ပိုပြီးဆွဲဆောင်မှုရှိသွားတာကတော့ မျက်မြင်ပါပဲ။

Source: Thaidaily
Photos: Instagram
Translated by Ivy