ပြည်တွင်းပြည်ပ, ပရိသတ်တွေရဲ့ မွေးနေ့အကြို Surprise ကို ပျော်ရွှင်စွာ ကျေးဇူးတင်ခဲ့တဲ့ Bright

Posted on

ပရိသတ်တွေရဲ့ အချစ်တော်မင်းသားလေး Bright Vachirawit ကတော့ လာမယ့် ဒီဇင်ဘာလ (27) ရက်နေ့မှာ ၂၄ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီအတွက် ပြည်တွင်း၊ပြည်ပ ပရိသတ်များဟာ Bright ရဲ့ မွေးနေ့အတွက် အထူးပြင်ဆင်နေကြပြီး မွေးနေ့အကြိုအဖြစ် ထိုင်းပရိသတ်တွေက နိုင်ငံအနှံ့မှာ Surprise တိုက်နေခဲ့ပါတယ်။

ဒါကိုသိတဲ့ Bright ကတော့ ပြီးခဲ့တဲ့အင်တာဗျူးမှာ ပျော်ရွှင်စွာနဲ့ ကျေးဇူးတင်နေခဲ့ပါတော့တယ်။ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရတဲ့ Bright ဟာ ရင်ထဲကစကားလေးတွေကို အမှာပါးခဲ့ပါတော့တယ်။ “ကျွန်တော့်ရဲ့မွေးနေ့အတွက် ပရိသတ်တွေက အထူး project တွေကို လုပ်ပေးနေကြပါတယ်။ ကျွန်တော်လည်း အများကြီးတွေ့ခဲ့တယ်။

ဓာတ်ပုံ၊ ပန်းချီပြခန်းတွေ၊ ဆိုင်းဘုတ်တွေ၊ အမြန်ယာဉ်တွေပေါ်က ကျွန်တော့်ရဲ့ ပုံ‌တွေကို အနှံ့အပြားမှာ မြင်ရပါတယ်။ တကယ်ကို ချစ်‌ဖို့ကောင်းလွန်းလို့ ကျေးဇူးလည်းတင်ပါတယ်။ အခုလိုမျိုး မွေးနေ့အကြိုကတည်းက surprise လုပ်ပေးနေကြတဲ့ ချစ်ပရိသတ်ကြီးတွေကြောင့် ပျော်ရွှင်ရပါတယ်။ ကျွန်တော်ကတော့ ပရိသတ်တွေလုပ်ပေးတာတွေကို မြင်တာနဲ့ ဓာတ်ပုံရိုက်ယူးထားတော့တာပါပဲ။

ဒီလောက် ကြီးကြီးကျယ်ကျယ်လုပ်ပေးထားလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး။ ထိုင်းနိုင်ငံတွင်းကကော ပြည်ပက ပရိသတ်အားလုံးကကို လှိုက်လှဲစွာနဲ့ ကျေးဇူးတင်ပါတယ်” ဆိုပြီး အင်တာဗျူးကနေတဆင့် ‌အမှာပါးလိုက်ပါတယ်။ ဒါ့အပြင် လတ်တလော ကပ်ရောဂါအခြေအနေနဲ့ပတ်သက်ပြီး “အခုချိန်မှာ အစစအရာရာ ဂရုစိုက်နေရတဲ့အချိန်ဖြစ်တာကြောင့် ကျွန်တော်နဲ့ပရိသတ်တွေ ခွဲနေရသလိုမျိုး ဖြစ်နေပါလိမ့်မယ်။

ရောဂါကို ထိန်းချုပ်သွားနိုင်တဲ့နောက် ပရိသတ်အားလုံးနဲ့ တွေ့ဆုံနိုင်အောင် ကြိုးစားပါ့မယ်။ အခုချိန်မှာတော့ အားလုံးပဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ပေးကြပါ” ဆိုပြီး ပြောရင်း ပရိသတ်တွေရဲ့ ကျန်းမာရေးကိုပါ အလေးထားပြောကြားခဲ့ပါသေးတယ်။ Bright ကို ချစ်တယ်ဆိုရင် Bright ပြောတဲ့အတိုင်း ကျန်းမာရေးကို အထူးဂရုစိုက်ရပါမယ်နော်။ မကြာခင်လည်း မွေးနေ့ရောက်တော့မှာဖြစ်လို့ ဆုတောင်းစကားလေးတွေကို အခုကတည်းက စဉ်းစားထားကြပါဦး။

Source: ThaiToday
Photos: Trendsmap/AllArea
Translated by Ivy